စာရေးသူ – ဦးအေးနိုင်(ဘီ-အေ)၊ အစိုးရ ဓမ္မာစရိယနှင့် စေတိယင်္ဂဏ
(ရွှေတံဆိပ်ရ-အဋ္ဌာကထာပြန်အကျော်) ဓမ္မာဒရိယ
စာအုပ်အမည် – ဆယ့်နှစ်ရာသီ မြန်မာ့ရိုးရာ ရာသီပွဲတော်များ
အမျိုးအစား – ယဉ်ကျေးမှု
မြင်ကွင်းစုံမဂ္ဂဇင်းမှာ ကဗျာဆရာဝင်းမောင်ရဲ့ကဗျာရှည်ပါပြီး နောက်တလမှာပဲ စာပေစိစစ်ရေးက ခေတ်ပေါ် (မော်ဒန်) ကဗျာဖော်ပြနေခြင်းနှင့်စပ်လျဉ်း၍ အကြောင်းကြားခြင်းဆိုတဲ့ အကြောင်းကြား စာကို ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာကဗျာတွေကိုဖော်ပြတဲ့နေရာမှာ နည်းစနစ်မှန်မှန်ဥပဒေသများနှင့် အညီ စပ်ဆိုသော ကဗျာများကိုသာ ဖော်ပြသင့်တယ်ဆိုတဲ့ စိစစ်ရေးတားမြစ်ချက်ကို ဒီစာအုပ်မှာ သမိုင်းမှတ်တမ်းတခုအနေနဲ့ ထည့်သွင်းပြသထားပါတယ်။
အခန်း ၁၃ ခန်းနဲ့ဖွဲ့စည်းထားတဲ့ဒီစာအုပ်မှာ ပွဲတော်တွေရဲ့အဓိပ္ပာယ်၊ ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်း၊ ပွဲတော်တွေ စ တင်ကျင်းပရာခေတ်ကာလ၊ ရှေးကပွဲတော်ကျင်းပပုံနဲ့ မျက်မှောက်ခေတ်ပွဲတော်ကျင်းပပုံတွေကို အသေးစိတ်တင်ပြထား ပါတယ်။
ဒီနောက် လအသီးသီးရဲ့ရာသီဥတုသဘာဝအခြေအနေ၊ ဗေဒင်ပညာအရသုံးစွဲတဲ့ ရာသီအမည်တွေ၊ စန်းယှဉ်နက္ခတ်တွေ၊ ရာသီရုပ်၊ ရာသီပန်း၊ ပွဲတော်တွေနဲ့ပတ်သက်တဲ့ ရာသီဘွဲ့၊ ကဗျာလင်္ကာတွေကိုလည်း သက်ဆိုင်ရာ ပါဠိ၊ အဋ္ဌာကထာ၊ ဋီ ကာ၊ ရာဇဝင်၊ မဟာဝင်၊ စွယ်စုံကျမ်း၊ စာနယ်ဇင်းစတဲ့ လောကီလောကုတ္ထရာ အထောက်အထားပေါင်းများစွာနဲ့ဖွင့်ဆိုပေး ထားပါတယ်။
စိတ်ကူးချိုချိုစာအုပ်တိုက်က တန်ဖိုး ၅၅၀၀ နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – ဒဂုန်တာရာ
စာအုပ်အမည် – ဖျက်ခနဲတွေ့ရသော ရုပ်ပုံလွှာများ (၄)
အမျိုးအစား – အတ္ထုပ္ပတ္တိ
စစ်ပြီးခေတ်မှာ ထွက်ပေါ်လာခဲ့တဲ့ ဆရာကြီးဒဂုန်တာရာရဲ့ ရုပ်ပုံလွှာအရေးအသားဟာ အတ္ထုပ္ပတ္တိစာပေမှာ ရေးရိုးစဉ် လာ မဟုတ်ဘဲ တမူထူးခြားဆန်းသစ်ခဲ့ပါတယ်။
ဒီစာအုပ်မှာလည်း ဆရာကြီးဟာ သူသိကျွမ်းကြုံတွေ့ခဲ့ရတဲ့ သခင်ကိုယ် တော်မှိုင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ကိုဗဟိန်း၊ ကိုလှ ရွှေ၊ ဦးကျော်ရင်၊ နဂါးနီဦးထွန်းအေး၊ ပါရဂူ ၊ စောင်းဦးဘသန်း၊ ဒေါက်တာ သန်းထွန်း၊ မြသန်းတင့်၊ လင်းယုန်မောင်မောင်၊ ခင်နှင်းယု၊ မြတ်လေး၊ စန္ဒရားချစ်ဆွေ အပါအဝင် နိုင်ငံရေး၊ စာပေ၊ ဂီတ၊ ရုပ်ရှင် လောကက ပုဂ္ဂိုလ်အယောက် ၂၀ ကျော် ရဲ့ ရုပ်ပုံလွှာကို ဖွဲ့နွဲ့ထားပါတယ်။
နေရီရီစာအုပ်တိုက်က ၂၅၀၀ ကျပ်နဲ့ဖြန့် ချိထားပါတယ်။
စာရေးသူ – မောင်မောင်စိုး
စာအုပ်အမည် – တိုင်းရင်းသားလက်နက်ကိုင်များအကြောင်း တစေ့တစောင်း
အမျိုးအစား – နိုင်ငံရေး
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးနည်းအရပြဿနာတွေ ဖြေရှင်းဖို့ ကြိုးစားတဲ့နေရာမှာ တစ်ယောက်အကြောင်းတစ်ယောက်သိဖို့ လိုပါတယ်။ ဒီစာအုပ်မှာ ကချင်တိုင်းရင်းသား လက်နက်ကိုင်စစ်သည်တွေရဲ့ ဘဝကောက်ကြောင်း၊ ၀ တိုင်းရင်းသားစစ်သည်တွေရဲ့ပုံရိပ်၊ အခါဒေသ ၈၁၅ စစ်ဒေသနဲ့မိုင်းလား၊ ကိုးကန့်ဒေသ ဖုန်ကြား စင်းနဲ့ MNDAA ၊ ရခိုင်ပြည်နယ်က လက်နက်ကိုင်တိုက်ပွဲတွေ၊ တအန်းပလောင်နဲ့ TNLA စတဲ့အကြောင်းအရာတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။
ဆရာမောင်မောင်စိုးကလည်း ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ကာလမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ် သက်ပြီး နားလည်ကောက်ချက်ချနိုင်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ရန်အောင်စာပေက တန်ဖိုး ၂၈၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူ – ဝင်းမောင်
စာအုပ်အမည် – ဘာမှမဟုတ်တဲ့ အတ္ထုပ္ပတ္တိ
အမျိုးအစား – ကဗျာရှည်
မြင်ကွင်းစုံမဂ္ဂဇင်းမှာ ကဗျာဆရာဝင်းမောင်ရဲ့ကဗျာရှည်ပါပြီး နောက်တလမှာပဲ စာပေစိစစ်ရေးက ခေတ်ပေါ်(မော်ဒန်) က ဗျာ ဖော်ပြနေခြင်းနှင့်စပ်လျဉ်း၍ အကြောင်းကြားခြင်း ဆိုတဲ့အကြောင်းကြားစာကိုလည်း သမိုင်းမှတ်တမ်းအဖြစ် ထည့် သွင်းထားပါတယ်။ မြန်မာကဗျာတွေကို ဖော်ပြတဲ့နေရာမှာ နည်းစနစ်မှန်မှန်ဥပဒေသများနှင့်အညီ စပ်ဆိုသော ကဗျာများ ကိုသာ ဖော်ပြသင့်တယ်ဆိုပြီး စိစစ်ရေးတားမြစ်ချက်တခုကို ယခုစာအုပ်မှာ ထည့်သွင်းထားပြသထားပါတယ်။
မြင်ကွင်းစုံမဂ္ဂဇင်းမှာ ရေးခဲ့တဲ့ ဟိုတုန်းကနဲ့ ဒီနေ့မနက်ဖြန်၊ ဘာမှမဟုတ်တဲ့အတ္ထုပ္ပတ္တိ (သို့မဟုတ်) ဘာမှမဟုတ်တဲ့ က ဗျာတစ်ပုဒ် စတဲ့ကဗျာရှည် ၂ ပုဒ်ကို ဒီစာအုပ်မှာ ဖတ်ရှုရမှာဖြစ်ပါတယ်။ ဟိုတုန်းကနဲ့ ဒီနေ့မနက်ဖြန်ကဗျာရှည်မှာ ဖွဲ့ဆို ခဲ့တဲ့ `နေခဲ့တာက လက်နက်အသစ်နဲ့ လူအဟောင်း `ဆိုတာလေးကတော့ ဒီကနေ့ခေတ်အထိပါ မှန်ကန်နေတာကို တွေ့ ရမှာ ဖြစ်ပါတယ်။
စိတ်ကူးချိုချိုစာအုပ်တိုက်က တန်ဖိုး ၁၅၀၀ ကျပ်နဲ့ဖြန့်ချိထား ပါတယ်။
စာရေးသူ – ကြည်ဇော်ထူး
စာအုပ်အမည် – စိတ်ကြိုက်တစ်ဆယ် မဂ္ဂဇင်းဝတ္ထုတိုစုစည်းမှု
အမျိုးအစား – မြန်မာဝတ္ထုတို
အင်းစိန်စနေစာပေဝိုင်းတော်သားတစ်ယောက်ဖြစ်တဲ့ ဆရာကြည်ဇော်ထူးဟာ နာမည်ကျော် ` စစ်အတွင်းလေကြောင်း ပ ညာသင်အတွေ့အကြုံများ` စာအုပ်ကိုရေးတဲ့ ဗိုလ်ဉာဏ်မောင်ရဲ့သားပါ။ ဖခင်ရဲ့စာပေ အမွေကိုဆက်ခံခဲ့ပြီး ၆၅ နှစ်ပြည့် မွေးနေ့ အကြိုအထိမ်းအမှတ်အနေနဲ့ ထုတ်ဝေလိုက်တဲ့ဒီစာအုပ်မှာ မိသားစုအရေး၊ ရပ်ရွာကိစ္စအရေး၊ အောက်ခြေလူတန်း စာတို့ရဲ့ ဘဝအကြောင်းကို သရော်ချက်ပါပါရေးသားထားတဲ့ ဝတ္ထုတို ၁၀ ပုဒ်ကို ဖတ်ရှုရမှာဖြစ်ပါတယ်။
နှမြောတတ်သူကြီး၊အရွယ်နှင့်အမြင်၊တိုက်ရိုက် အနီကတ်ထိတဲ့နေ့၊ အမေရိကန်စစ္စတမ်၊ ဝန်ဆောင်မှုအပြည့်နှင့် ရယ်ဒီမိတ် ခေတ်၊ ဘရိတ်ပေါက်နေသောအိုဟောင်းကြီးများ၊ ဒီဇင်ဘာစနေညထိရှခဲ့တဲ့ဝေဒနာ၊ နာကျင်အချိန်ပိုတွင်မှ နောက်ကျဂိုး သွင်းခဲ့လေသူ၊ ကလျာမိမိကဲ၊ သွေးဆောင်ဖြားယောင်း သိမ်းသွင်းလက်ထပ်ပေါင်းသင်းခြင်းခံရသူတစ်ယောက်အကြောင်း စတဲ့ ဝတ္ထုတိုများပဲဖြစ်ပါတယ်။
သူရိယအလင်းသစ်စာပေက တန်ဖိုး ၁၈၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။