ဒုတိယ ဘာသာစကားဆိုတာ သင် လက်ရှိ နေ့စဉ်အသုံးပြုနေတဲ့ မိခင်ဘာသာ မဟုတ်တဲ့ နောက်ထပ် ဘာသာ ရပ်တခုပါ။ ကျနော်တို့ မြန်မာလူမျိုးတွေအတွက် လက်ရှိ ပြောဆို ဆက်ဆံနေတဲ့ မြန်မာစကားမဟုတ်တဲ့ အင်္ဂလိပ်၊ တရုတ်၊ ဂျပန်၊ ကိုရီးယား စသဖြင့် ဘာသာရပ်တခုပါ။
ဒီခေတ်ထဲမှာ မြန်မာစာတခုတည်း တတ်မြောက်ကျွမ်းကျင်ရုံနဲ့ သိပ်မပြီး အဆင်မပြေချင်ပါဘူး၊ နိုင်ငံတကာနဲ့ ဆက်ဆံနေ ရသူတွေ တာဝန်ကြီး ထမ်းဆောင်နေရသူတွေ အတွက်ဆိုရင် ပိုပြီး အရေးကြီးပါတယ်။
အနည်းဆုံး နိုင်ငံတကာသုံး အင်္ဂလိပ်စကားတော့ ကောင်းစွာတတ်မြောက်နေဖို့ လိုအပ်မှာပါ။ ဟုတ်ပါပြီ၊ ဒီတော့ သင် ဆက်ဆံလုပ်ကိုင်ရမယ့် နိုင်ငံသား၊ ဝါသနာပါရာ ဘာသာစကားအလိုက် ဒုတိယဘာသာစကားတခု သင်ယူတော့မယ် ဆိုရင် အမြန်ဆုံး တတ်မြောက်စေနိုင်မယ့် အထောက်အကူပြု နည်းလမ်းလေးတွေ ပြောပြချင်ပါတယ်။
(၁) ဘာကြောင့် အဆိုပါ ဒုတိယဘာသာစကားကို တတ်မြောက်ချင်တာလဲ ဆိုတာ အရင်ဆုံး ကိုယ်တိုင် နားလည်သဘော ပေါက်ပါစေ
ဆိုလိုရင်းကတော့ လုပ်ငန်းခွင်မှာ အသုံးပြုဖို့ တတ်မြောက်ချင်တာလား၊ အဆိုပါ နိုင်ငံကို သွားရောက် လည်ပတ်ဖို့အတွက် လား၊ အဆိုပါ ဘာသာစကားပြောသူ တဦးတယောက်နဲ့ ပတ်သက် ပြောဆိုဖို့လား စသဖြင့် ကိုယ်အသုံးပြုမယ့်ခေါင်းစဉ်ကို ကိုယ်တိုင်နားလည် သဘောပေါက်ဖို့ လိုအပ်ပါတယ်။
ဒီလို နားလည်မှု ရှိနေစေခြင်းက ဘာသာစကား သင်ယူမှုမှာ ပိုမိုကောင်းမွန်တဲ့ အလွယ်နည်းလမ်းကို ရရှိလာစေပါတယ်။ ဆိုလိုတာက လုပ်ငန်းခွင်မှာ အသုံးပြုဖို့အတွက် လေ့လာသူဟာ လုပ်ငန်းသုံးစကားလုံးတွေကို ဦးစားပေးသင်ယူဖြစ်လာ နိုင်ပြီး တဖြည်းဖြည်း အသားကျသွားပြီး အားလုံးကို တတ်မြောက်လာစေနိုင်တာ ဖြစ်လို့ပါ။
ဒုတိယဘာသာစကားသင်ယူမှုမှာ အခြေခံဗျည်း၊ သရ တလုံးချင်းစီ သင်ယူတာထက် စကားစု တခုခုကို လေ့ကျင့်သင်ယူ တာ ပိုမို မြန်ဆန် တတ်မြောက်စေနိုင်တာလည်း ဖြစ်ပါတယ်။
(၂) လေ့ကျင့်ဖတ်ရှုပါ
ဒီတချက်ကတော့ ဘာသာစကား သင်ကြားမှုမှာ ဖြစ်စေ၊ အားကစား လေ့ကျင့်မှုမှာ ဖြစ်စေ၊ ကျောင်းပညာလေ့လာမှုမှာ ဖြစ်စေ လေ့ကျင့်ဖက်၊ ပြိုင်ဖက် ရှိနေမှ ထိုသူနဲ့ ပူူးပေါင်းပြီး လေ့ကျင့်မှု၊ ပြိုင်ဆိုင်၊ ကြိုးစားအားထုတ်မှုတွေ ရှိလာ၊ တိုး တက်မှု မြန်ဆန်စေတာကြောင့် ကိုယ်နဲ့ အစမ်းပြောဖို့၊ လေ့ကျင့်ဖို့ အကူညီရယူဖို့အတွက် လေ့ကျင့်ဖက်တဦးကိုလည်း ရှာဖွေ လေ့ကျင့်တာက အမြန်ဆုံး တတ်မြောက်လာစေနိုင်မယ့်အချက် ဖြစ်ပါတယ်။
(၃) ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပြောဆိုပါ
ကိုယ်တိုင် တဦးတယောက်တည်း ရှိနေချိန်တွေမှာ မှားသည် ဖြစ်စေ၊ မှန်သည် ဖြစ်စေ၊ ကိုယ်ကျက်မှတ် လေ့လာထားတဲ့ ဘာသာစကားလုံးတွေကို ပြန်လည် ပြောဆိုပါ။ ကျနော်တို့ ရေချိုးခန်းထဲမှာ သီချင်းဆိုသလို ကိုယ်တယောက်တည်း ရှိနေ ချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ပြောဆို လေ့ကျင့်ပါ။
စိတ်တိုင်းမကျရင်၊ မမှန်ကန်ဘူးလို့ ထင်ရင် ပြန်လည်စစ်ဆေး လေ့လာ မှတ်သားပါ၊ ဒီအချက်ကလည်း ဒုတိယဘာသာ စကားတတ်မြောက်မှုအတွက် မြန်ဆန်စေတဲ့ အချက်တချက် ဖြစ် လာပါတယ်။
(၄) ပတ်ဝန်းကျင်ကောင်းရှိပါစေ
ဆိုလိုတာကတော့ သန့်ရှင်းသော၊ တိတ်ဆိတ်သော ဆိုတာထက် ကိုယ်လေ့ကျင်နေတဲ့ ဘာသာစကား၊ ဥပမာ တရုတ် စကားလေ့ကျင့်နေသူ တယောက်အတွက် အဆိုပါဘာသာစကားကို မိခင်စကားအနေနဲ့ ပြောဆို အသုံးပြုနေတဲ့ မိသားစု၊ ပတ်ဝန်းကျင်နဲ့ နီးစပ်မယ်ဆိုရင် ပိုကောင်းမှာဖြစ်ပါတယ်။
ကိုယ်အားလပ်တဲ့ အချိန်မှာ တတ်သလောက်၊ သိသလောက်ကိုသူတို့နဲ့ ပြောဆို ဆက်ဆံပါ၊ အမှားတွေကို ထောက်ပြပြ ဆင်ပေးပါလိမ့်မယ်။ နောက်ပြီး စကားပြောနေကျ ဖြစ်လာတာကြောင့် တကယ်တမ်းလက်တွေ့ တခြားသူတွေနဲ့ ပြောဆို ဆက်ဆံရချိန်မှာလည်း မိမိကိုယ်ကို ယုံကြည်မှု ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။
(၅) သင်ကြားမှုအပိုင်းမှာ ပျော်မွေ့ပါစေ
ဒီတချက်ကတော့ သင့်ရဲ့စိတ်နေစိတ်ထားကို မဖြစ်ဖြစ်အောင် ထားရှိရမယ့် အချက်ပါ၊ လေ့လာမှု ပုံစံ မဟုတ်ပဲ သင့် အနေ နဲ့ အဆိုပါ ဒုတိယ ဘာသာစကားလေ့လာမှု အပိုင်းမှာ စိတ်ပါဝင်စားပါစေ၊နောက်ပြီး အမှန်တကယ် လိုချင်မှု ရှိပါစေ၊ မ တတ်သာလို့ သင်ကြားရတယ် ဆိုတဲ့ စိတ်မျိုး၊ ပုံစံမျိုးနဲ့ဆိုရင် တတ်မြောက်မှုအတွက် အခက်အခဲ ဖြစ်လာစေသလို အချိန် လည်းပိုပြီး ပေးရနိုင်ပါတယ်။
(၆) ကလေးတယောက်လို နေထိုင်၊ သင်ကြားပါ
ဒီအပိုင်းမှာ ပြောချင်တာကတော့ ကလေး တယောက်လို အမှန်တကယ် နေထိုင်ပါ၊ ပိုပြီး တိတိကျကျ ပြောရမယ် ဆိုရင် ဒုတိယ ဘာသာစကားကို လေ့လာသင်ကြားနေချိန်မှာ အချိန် တနာရီပေးထားသည့် တိုင်အောင် အဆိုပါ အချိန်မှာ ဘာ သာစကားလေ့လာမှု တခုတည်းကိုပဲ လုပ်ဆောင်ပါ၊
သင်ဆရာကနေ သင်ကြားနေချိန်မှာမသိတာ၊နားမလည်တာတွေကို ရှက်စိတ်မရှိပဲ မေးမြန်းပါ၊ ဘေးပတ်ဝန်းကျင်ကို အ လေးပေးမှု လျှော့ချပြီး ကိုယ်ရဲ့လေ့လာမှုကိုပါ တိုးတက်အောင် အကောင်းဆုံး နေထိုင်ပါ။ အဓိက အနေနဲ့တော့ ရှက် စိတ်ကို ဖယ်ထားပြီး လေ့လာသင်ယူပါ။
(၇) မသိနားမလည်သူတွေအနီးမှာ လေ့ကျင့်မှု မပြုပါနဲ့
ဆိုလိုရင်းကတော့ ကိုယ်တိုင် လက်ရှိ လေ့လာနေတဲ့ ဘာသာစကားကို နားလည်တတ်မြောက်သူတွေ အနားမှာအသံ ထွက်ပြီး ဖြစ်စေ၊ မြင်သာလောက်အောင်ဖြစ်စေ လေ့ကျင့်ပါ။
အစပိုင်းမှာ တတ်သိသူတွေက သင့်ကို အမှားပြင်ပေးပါလိမ့်မယ်၊ ရယ်ချင်လည်း ရယ်ပါလိမ့်မယ်၊ ဒါပေမယ့် သူတို့ရဲ့ ထောက်ပြမှုကို သေချာစွာ မှတ်သားပါ၊ ကဲ့ရဲ့ခံရမှုကို မှတ်သားပြီး မခံချင်စိတ်နဲ့ ပိုမို တိုးတက်အောင် လုပ်ဆောင်ပါ။ ဒီနေ့ ခေတ် လူငယ်တချို့မှာ ဘာသာစကားလေ့လာမှု အတွက် သူတို့ရဲ့လေ့လာမှုကို နားမလည်သူတွေ အနီးမှာပဲ လေ့လာမှု များပါတယ်။
ဒါက ကဲ့ရဲ့ခံရမှာစိုးတဲ့ အတွက်ပါ၊ ကိုယ်တိုင်မတတ်မြောက်သေးတဲ့အတွက် အမှားပါသွားရင် ကဲ့ရဲ့ရင်လည်း ကဲ့ရဲ့ပါစေ၊ နောက်ထပ် မမှားအောင်ဘဲ ပြင်ဆင်နေလိုက်ပါ။
(၈) နားထောင်ပါ
ဒီတစ်ချက်ကတော့ ကိုယ်တိုင် အသံထွက်၊ ရေးမှတ်လေ့လာမှု မဟုတ်ဘဲ ရေဒီယိုဇာတ်လမ်းပါ အသံတွေကိုနားထောင် မှတ်သားတာမျိုး ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ရုပ်သံဇာတ်လမ်းတွေမှာ စာတန်းထိုး ဇာတ်လမ်းမျိုးကို ကြည့်ရှုပါ။ အသံနဲ့အတူ စာတန်းကိုပါ ဖတ်ရှုလေ့လာပါ။
ဒီနေရာမှာ ဇာတ်လမ်းကြည့်နေချိန်အနေနဲ့ ဇာတ်လမ်းအတွင်း အာရုံခံစားမှုထက် ဘာသာစကားလေ့လာမှုကို အာရုံစိုက် လုပ်ဆောင်ပါ။
(၉) အချင်းချင်းပြောဆိုနေမှုကို စောင့်ကြည့်ပါ
ဒီတချက်က အထက်မှာ ပြောခဲ့တဲ့တချက်နဲ့ ဆင်ပါတယ်၊ လက်တွေ့ဘ၀ မျက်စိရှေ့မှာ ပြောဆို နေမှုကိုလည်း စောင့် ကြည့်လေ့လာပါ၊ ရုပ်သံ၊ သတင်း၊ ဇာတ်လမ်းတွေထဲက အပြောအဆိုတွေကိုလည်း လေ့လာသင်ယူနိုင်ပါတယ်။
(၁၀) လက်တွေ့ ပြောဆိုဆက်ဆံပါ
ဒီတချက်ကတော့ သင်ယူမှုရဲ့နောက်ဆုံး အဆင့်ပါ။ သင့်အနေနဲ့ အင်္ဂလိပ်စကားလေ့လာနေတာဆိုရင် ကြုံဆုံနဲ့ အင်္ဂလိပ် စကားပြောသူတိုင်းနဲ့ စကား အနည်းနဲ့ အများပြောဆိုပါ။
သင့်ရဲ့စကားပြော အားနည်းမှု၊ လိုအပ်ချက်ကြောင့် ဘယ်သူကမှ သင့်ကို လှောင်ရယ်မှာ မဟုတ်ပါဘူး။ လိုအပ်ရင် သူတို့ က ပြင်ဆင်ပေးပါလိမ့်မယ်။
ပညာရပ်တိုင်းမှာ အမှားကနေ သင်ခန်းစာယူ တတ်မြောက်မြဲဖြစ်လို့ အခု နောက်ဆုံးအဆင့်ကိုတော့ ဒုတိယဘာသာ စ ကားလေ့လာမှု သက်တမ်း အချိန်ကာလ တခုဖြတ်ကျော်ပြီးလာရင် ကြုံတိုင်း ပြောဆိုဆက်ဆံကြည့်တာ အကောင်းဆုံး ဖြစ်မှာပါ။
Ref: www.babbel.com