ကျနော်တို့ လူသားတွေ အတွက် ဘာသာစကား သင်ကြားတတ်မြောက်မှု အပိုင်းမှာ အရေးကြီးတဲ့ကျွမ်းကျင် ပိုင်နိုင်ရမှု လေးခုရှိတယ်ဆိုတာ အားလုံးအသိပါပဲ။ အရေး၊ အဖတ်၊ အပြောနဲ့ နားထောင်ခြင်းစွမ်းရည်တွေပါ။
ဒီအချက်တွေထဲက တခုခု အားနည်းနေသေးရင်၊ လိုအပ်နေသေးရင် သင့်အနေနဲ့ အဆိုပါဘာသာစကားကို ကောင်းစွာ ကျွမ်း ကျင်ပိုင်နိုင်မှု ရှိဦးမှာမဟုတ်ပါဘူး။ ဒီထဲကမှ အရေးနဲ့ အဖတ်ဟာ အချိန်ယူပြီး လုပ်ဆောင်နိုင်တဲ့ အရာတွေပါ။
သင့်ရဲ့မိခင်ဘာသာစကားမဟုတ်တဲ့ ဘာသာရပ်တခုခုကို ဖြေဆိုရတယ်ဆိုရင်တောင် အနည်းဆုံးအချိန်တခု သတ်မှတ်ပြီး စာမေးပွဲစစ်ပါလိမ့်မယ်။
ဒီအတွက် ဖတ်ဖို့၊ ရေးဖို့ စဉ်းစားချိန် ရပါတယ်။ အပြောမှာ Broken လို့ ဆိုတဲ့ နားလည်သဘောပေါက်ရုံ အဆင်ပြေသလို ပြောဆိုဆက်ဆံပါက တဖက်ကျွမ်းကျင်သူက သင့်ကို နားလည်မှု အနည်းနဲ့အများတော့ ပေးပါလိမ့်မယ်။ ဒါဆိုရင် ကျွမ်း ကျင်မှု ၄ ခုထဲမှာ အခက်ခဲဆုံးနဲ့ အချိန်တိုအတွင်း စဉ်းစားသိနားလည်ရမှုကတော့ နားထောင်နိုင်မှု စွမ်းရည်ပါပဲ။
တဖက်လူက ပြောသမျှကို သင် ချက်ချင်းနားလည်ဖို့ လိုအပ်ပါတယ်။ ဒီအတွက် သင့်ရဲ့ဒုတိယဘာသာစကားလေ့လာမှုမှာ နားထောင်မှု စွမ်းရည်တိုးတက်အောင် ဘယ်လိုလေ့ကျင့်ရမလဲဆိုတာ နည်းနည်းလောက် ပြောချင်ပါတယ်။
နိုင်ငံတကာသုံး အင်္ဂလိပ်စကားနားထောင်မှု စွမ်းရည် တိုးတက်စေမယ့် နည်းလမ်းကို ပြောပါရစေ။
၁- အသံထွက် အင်္ဂလိပ်စကားပြောခွေများ နားထောင်ပါ
ဒီအချက်က အင်္ဂလိပ်အသံထွက်ကို မိမိနားမှာ အလွယ်တကူ စွဲစေနိုင်တဲ့အချက်ဖြစ်ပြီး ဖြစ်နိုင်မယ်ဆိုရင် မိမိက နားကြပ်နဲ့ ဖြစ်စေ စပီကာကနေလာတဲ့ အသံကို နားထောင်နေချိန်မှာ ဖြစ်စေ အခွေက ထွက်လာတဲ့ စကားပြောကို ရိုက်နှိပ်ထားတဲ့ စာအုပ်ကိုပါ မိမိက လိုက်ဖတ်နေမယ်ဆိုရင် ပိုမို မြန်ဆန်စွာ တတ်မြောက်နားထောင်နိုင်လာမှာလည်း ဖြစ်ပါတယ်။
တကယ်လို့ စာအုပ်အခက်အခဲကြောင့် နားထောင်ရင်း လိုက်ဖတ်ဖို့ ခက်ခဲတယ် ဆိုရင်တော့ စကားပြောအသံဖိုင်ကို သီချင်း နားထောင်သလိုပဲအချိန်ရတိုင်း အခေါက်ခေါက် အခါခါ နားထောင်မယ်ဆိုရင် ပိုပြီးနားထောင်နိုင်စွမ်း တိုးတက်လာပါ လိမ့်မယ်။
ဒီနေရာမှာ အသံဖိုင် ရွေးချယ်နားထောင်မှု အပိုင်းမှာတော့ ရှေ့ပိုင်းမှာ စာစု၊ စကားစု၊ အပြောအဆိုအတိုလေးတွေပါတဲ့ အ သံဖိုင်မျိုးကို စတင် နားထောင်သင့်ပြီးတော့ အားလပ်ချိန်မှာ မိမိကိုယ်ကို ပြန်လည် ပြောဆိုကြည့်တာမျိုး ဖြစ်စေ၊ အသံဖိုင် အတိုင်း လိုက်ပြောကြည့်တာမျိုးတွေ လုပ်ဆောင်ဖို့ သင့်တာလည်း ဖြစ်ပါတယ်။
အသံဖိုင်နားထောင်ခြင်းကြောင့် မသိစိတ်ကနေ အလိုအလျောက် သင်ယူလေ့လာမှုကို လုပ်ဆောင်နေတတ်တာကိုလည်း မှတ်ဉာဏ်ပိုင်းဆိုင်ရာ လေ့လာချက်တွေ အရသိထားရပါတယ်။ ဆိုလိုရင်းကတော့ အခြားဘာသာစကားပြောဆိုသူ ပတ် ဝန်းကျင်တခုမှာ အနေကြာလာတာနဲ့ အမျှ အဆိုပါဘာသာစကားကို အနည်းငယ်ကနေစပြီး တတ်မြောက်လာတတ်တာမျိုး ဖြစ်ပါတယ်။
ကလေးငယ်တွေရဲ့ ဘာသာစကားတတ်မြောက်မှုဟာလည်း အထက်က အသံဖိုင် နားထောင်ခြင်းနဲ့ ဆင်တူတဲ့ ပတ်ဝန်း ကျင်က ပြောစကားတွေကို နားထောင်ရင်းကနေ တတ်မြောက်တာမျိုး ဖြစ်လို့ အသက်အရွယ်ကြီးလာတာနဲ့အမျှ အလို အလျောက် သင်ယူတတ်မြောက်နိုင်မှု အနည်းငယ် အားနည်းလာတတ်ပေမယ့် နားထောင်မှု များလာခဲ့ရင်တော့ တတ် မြောက်မှု တိုးတက်နှုန်းကို မြန်ဆန်စေမှာ ဖြစ်လို့ အင်္ဂလိပ်ဘာသာစကားပြောဆိုနေတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်သည် ဖြစ် စေ၊ အသံဖိုင် နားထောင်ခြင်း ဖြစ်စေ ပြုလုပ်သင့်ပါတယ်။
၂- အင်္ဂလိပ်သာသာစကားကို မိခင်ဘာသာစကားအဖြစ် အသုံးပြုသူများနဲ့ ပြောဆိုဆက်ဆံပါ
ဘာသာစကားတခုကို မိခင် ဘာသာစကားအဖြစ် အသုံးပြုသူတွေလောက် အကောင်းဆုံးနားလည် တတ်ကျွမ်းသူမရှိ နိုင်ပါဘူး။ အနည်းဆုံး သူတို့ဟာ အပြောနဲ့ နားထောင်ခြင်းအပိုင်းကိုတော့ အကောင်းဆုံး ကျွမ်းကျင်ထားကြပါတယ်။
ဒီအတွက် သူတိုနဲ့ ပြောဆိုဆက်ဆံလေ့ကျင့်ခြင်းဟာ အပြောစွမ်းရည်ကိုပါ တပါတည်း တိုးတက် ကောင်းမွန်လာစေနိုင်ပါ တယ်။ သူတို့ဟာ မိမိရဲ့အပြောစွမ်းရည်ကို အမှားထောက်ပြပြီး ပြင်ဆင်ပေးနိုင်စွမ်းရှိပါတယ်။
အသံထွက် မှန်ကန်အောင် ထွက်ပြပြီးနားထောင်မှုကိုလည်း တိုးတက်လာစေပါလိမ့်မယ်။ တကယ်လို့ မိမိပတ်ဝန်းကျင်မှာ အင်္ဂလိပ်စကားပြောဆိုသုံးစွဲသူ အဆင်မပြေရင် အပန်းဖြေပန်းခြံ၊ လည်ပတ်သွားလာနေတဲ့ ဘုရားလိုနေရာတွေက အင်္ဂလိပ် တွေကို မိမိ ပတ်ဝန်းကျင်အကြောင်း မိတ်ဖွဲ့ပြောဆို လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။
၃- အင်္ဂလိပ် ဘာသာစကားပြောရုပ်ရှင်များ ကြည့်ရှုပါ
ဒီအပိုင်းမှာတော့ ရုပ်ရှင်ကြည့်ခြင်းမှာ ၂ပိုင်း ခွဲပြောရပါလိမ့်မယ်။ ပထမတပိုင်းကတော့ အစပိုင်းမှာ အင်္ဂလိပ်စကားပြော၊ အင်္ဂလိပ်စာတန်းထိုးဇာတ်လမ်းတွေကို ကြည့်ဖို့ ဖြစ်ပါတယ်။
ဇာတ်ကောင်တွေရဲ့ စကားပြောကို နားထောင်ရင်း စာတန်းကို လိုက်ဖတ်ရမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဒုတိယအ ချက်အနေနဲ့ စာတန်းထိုးကို ဖြုတ်ပြီး အလွတ်ကြည့်ဖို့ ဖြစ်ပါတယ်။
ဒီနေရာမှာ ရုပ်ရှင်ကြည့်ခြင်းကို လေ့ကျင့်ခြင်းအနေနဲ့ သဘောထားကြည့်ရတာ ဖြစ်လို့ ရုပ်ရှင်အတွင်းမှာ စိတ်ရောက်မ သွားစေဘဲ ဘာသာစကားပြောဆိုမှုကိုသာ အလေးထား နားထောင်နေဖို့ အရေးကြီးပါတယ်။
အခုအချက်နဲ့ ပတ်သက်ပြီး သတိပြုစရာအချက်ကတော့ စိတ်မရှည်လို့ မိမိနားလည်မယ့် ဘာသာစကားကို ပြောင်းလဲ ကြည့်တာမျိုး မလုပ်မိဖို့ လိုအပ်ပါတယ်။
၄- အင်္ဂလိပ်စာအကြောင်း တွေးပါ
အကြောင်းအရာတခုကို လိုချင်၊ ရချင်ပြီဆိုရင် အဆိုပါ အကြောင်းအရာကိုပဲ ခေါင်းထဲထားပြီး အချိန်ရသမျှ တွေးနေ၊ စဉ်း စားကြံစည်နေခြင်းဟာ အောင်မြင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်သလိုပဲ အခုလည်း အင်္ဂလိပ်စာလေ့လာသင်ကြားမှု အပိုင်း မှာလည်း အဆိုပါ အကြောင်းအရာကိုပဲ အချိန်ရှိတိုင်း တွေးနေ၊ စဉ်းစားနေဖို့ လိုအပ်ပါတယ်။
မိမိအနေနဲ့ ဒုတိယဘာသာစကားအဖြစ် သင်ကြားခြင်းဖြစ်လို့ တတ်မြောက်မှု မရှိသေးခင်အချိန်မှာ အင်္ဂလိပ်စကားကို ပြော ဖို့၊ နားထောင်ဖို့ အဆင်မပြေအခက်အခဲရှိနိုင်ပါတယ်။
ဒီအတွက် မိမိ ကြားသမျှကို ဖြည်းဖြည်းနဲ့မှန်မှန် နားထောင်ပါ၊ စိတ်ထဲရောက်လာတဲ့ စကားကို ဘာသာပြန်ပြီး နားလည် အောင် တွေးယူပါ၊ ပြန်ပြောဖို့ အားထည့်ချိန်မှာ မိမိပြောချင်တဲ့ စကားလုံးကို မပြောခင် ဆီလျော်အောင် ဘာသာပြန်ပါ။
စကားစုတခုလုံးစာတွေးပြီး၊ မှတ်သားပြီးမှ ပြန်လည် ပြောဆိုပါ။ ဒီအချက်ဟာ ESLလို့ ခေါ်တဲ့ နိုင်ငံတကာ အင်္ဂလိပ်စာ လေ့ လာသင်ယူမှု ကျောင်းသားတိုင်းအတွက် အရေးအကြီးဆုံးအချက် ဖြစ်ပါတယ်။
၅- ဗန်းစကားတွေကို သီးသန့်လေ့လာပါ
ဗန်းစကားတွေဆိုတာ မိခင် ဘာသာစကားအဖြစ် သုံးနှုန်းနေသူတွေက ထွင်ပြီးပြောတဲ့ စကားတွေပါ။ ကျနော်တို့မြန်မာ တွေအနေနဲ့လည်း ဗန်းစကားတွေ ထွင်ပြီး ပြောဆိုသုံးနှုန်းနေတာတွေ ဒီနေ့ခေတ်မှာ အများအပြားတွေ့နိုင်ပါတယ်။
တချို့သော ဗန်းစကားတွေဟာ စကားလုံးတလုံးတည်း ဖြစ်ပြီး တချို့က စကားစုတွေ ဖြစ်ပါတယ်။ ဒီအတွက် အဆိုပါဗန်း စကားတွေကို ပုံမှန် စကားလုံးအဓိပ္ပာယ်တွေ အနေနဲ့ သိထားတာမျိုးမဟုတ်ဘဲ သီးခြားသိထားအောင် လေ့လာထားဖို့ လို အပ်ပါတယ်။
ဗန်းစကား အပြောအဆိုအသုံးအနှုန်းတွေဟာ လေ့လာမှုဆိုင်ရာ စာအုပ်ထွက်ရှိသေးမှု နည်းပါးတာကြောင့် အချက် ၃ အ ဖြစ် ပြောခဲ့တဲ့ အင်္ဂလိပ်ဘာသာစကားပြောဇာတ်ကားတွေ ကြည့်ရှုခြင်းက ပိုမိုလွယ်ကူ အဆင်ပြေပါလိမ့်မယ်။
Ref: www.spokenenglishpractice.com