ကျနော်တို့အတွက် အလုပ်တနေရာရရှိဖို့ အင်တာဗျူးဖြေဆိုရမှုဟာ ပညာသင်ချိန်ကာလ စာမေးပွဲ ဖြေဆိုရသလိုပါ ပဲ။ ဒါပေမယ့် ထူးခြားတာကတော့ အင်တာဗျူးအနေနဲ့ လူတွေ့စစ်ဆေးမှုဖြစ်လာသလို ပြန်လည်ဖြေဆိုဖို့အတွက် ရရှိချိန်ဟာ အလွန်တရာ တိုတောင်းတာကြောင့် မြန်မြန်နဲ့ မှန်မှန်ဖြေနိုင်မှသာ သင်ဖြေဆိုတဲ့ အင်တာဗျူး အောင်မြင်ဖို့ရာခိုင်နှုန်းများ မှာလည်း ဖြစ်ပါတယ်။
ဒီလို အင်တာဗျူးဖြေဆိုမှုတွေထဲက အလုပ်နဲ့မပတ်သတ်ဘဲ မေးမြန်းလာနိုင်တဲ့ မေးခွန်းတချို့လည်းရှိပါတယ်။ ဘယ်လိုမျိုး တွေပါလဲ။
(၁) သင့်ရဲ့ခွန်အားတွေကို အခုအလုပ်ဝင်မယ့် နေရာမှာ ဘယ်လို အသုံးချမလဲ
ရိုးရိုးလေးဖြစ်ပေမယ့် မေးခွန်းက နည်းနည်း လည်နေစေပါတယ်။ မန်နေဂျာ အလုပ်လာလျှောက်သူအတွက် အကောင်းဆုံး စီမံခန့်ခွဲမှု လုပ်ပါမယ်လို့ ဖြေကြမယ်လို့ ယူဆမိသလို စာရေးရာထူးအတွက် အလုပ်မပြီးမချင်း အိမ်မပြန်ဘဲ အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ပါမယ်လို့ ဖြေကြမှာလား။
တခါတလေမှာ မေးသူနဲ့ဖြေသူရဲ့အကြားမှာ မေးခွန်းကို နားလည်မှုလွဲခြင်းက အဖြေမှားတခု ထွက်လာစေနိုင်ပါတယ်။ သင်လျှောက်ထားတဲ့ အလုပ်အနေအထားအပေါ် မူတည်ပြီး အဖြေကို ပေးပါ။
ခွန်အားဆိုတဲ့စကားဟာ မန်နေဂျာရာထူး လျှောက်ထားသူအတွက် အတွေ့အကြုံလို့ ယူဆသင့်သလို စာရေးရာထူး လျှောက်ထားသူအတွက် ကြိုးစားမှုလို့ မြင်ပါ။ မေးသူရဲ့မေးခွန်းအတိုင်း ခွန်အားကို တွက်ပြီး အဖြေမပေးပါနဲ့။
(၂) လုပ်ငန်းခွင်ထဲမှာ ဘယ်လိုပြောဆိုချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်မှာလဲ
အခု မေးခွန်းမေးလာပြီဆိုရင်တော့ သင့်အနေနဲ့ အစုအဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်ရမယ့် တာဝန်မျိုးကို နေရာပေး တော့မှာပါ။ ဆုံးဖြတ်ချက်တခု ချဖို့အတွက် အားလုံးရဲ့ ဆန္ဒရယူချမှတ်ရမယ့် အလုပ်မျိုးဆိုတာ နားလည်ထားပါ။
ဒီမေးခွန်းအတွက် အဖြေက ပူးပေါင်းလုပ်ဆောင်မှုဆိုတာ အပြသဘောထက် အပြုသဘော အောင်မြင်မှုရအောင် အကောင်း ဆုံး လုပ်ဆောင်မှုပါ၊ ကျနော့်ရဲ့စုပေါင်းလုပ်ဆောင်နိုင်မှု စွမ်းဆောင်ရည်ဟာ အလုပ်နဲ့ သက်သေပြဖို့ အသင့်ပါပဲလို့ ဖြေဆိုတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
(၃) အလုပ်တာဝန်တွေထဲက ဦးစားပေးအလုပ်တွေကို ဘယ်လို ပြီးမြောက်အောင် လုပ်ဆောင်မလဲ၊ အာရုံစိုက်လုပ်မှာလား၊ အားထည့်လုပ်မှာလား
ဒီမေးခွန်က အလုပ်တာဝန်အပြိုင် နှစ်ခု၊ သုံးခု ပေးနိုင်မယ်ဆိုတဲ့ သဘောပါ။ ရွေးချယ်ခိုင်းခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အာ ရုံစိုက်မယ် ဒါမှမဟုတ် အားထည့်မယ်ဆိုတဲ့ မေးခွန်းတခုကို ရွေးချယ်လိုက်တာနဲ့ သင် မှားပါလိမ့်မယ်။
ရွေးချယ်မှုကို လုပ်ဆောင်ခြင်းက သင်ဟာ ကိုယ်ပိုင်စဉ်းစားမှု အားနည်းတယ် ဆိုတာကို ပြလိုက်သလိုဖြစ်စေပါတယ်။ ဘယ် အလုပ်က ပိုပြီး ဦးစားပေးသင့်တယ် ဆိုတာ စဉ်းစားဆုံးဖြတ်ပြီး အလုပ်စဉ်အတိုင်း အချိန်မီ ပြီးမြောက်အောင်လုပ်ဆောင် ပါမယ်လို့ ကိုယ်ပိုင်ဟန်နဲ့ ဖြေဆိုတာ အကောင်းဆုံးပါ။
(၄) သင်နဲ့ လက်ရှိဝန်ထမ်းတွေ အကြား ပူးပေါင်းလုပ်ဆောင်မှု အမြန်ဆုံး တိုးတက်ကောင်းမွန်အောင် ဘယ်လို ချိတ် ဆက် မယ် စဉ်းစားမိသလဲ
သေချာတာတခုက လက်ရှိ ဝန်ထမ်းတွေနဲ့ သင်နဲ့ ကြားမှာ စိမ်းနေမှာပါပဲ။ အမြန်ဆုံး အသားကျမှာ မဟုတ်ပေမယ့် အလုပ် ရှင်ကတော့ မြန်မြန်အသားကျပြီး ပူးပေါင်းလုပ်ဆောင်မှုကောင်းကို မြင်ချင်မှာပါ။
ဒီအတွက်ကတော့ အဖြေက သင့်ရဲ့ကိုယ်ပိုင်စကားလုံးတွေနဲ့ သင် ဘယ်လို ချိုသာပြောဆို ဆက်ဆံတယ်တယ်ဆိုတာနဲ့ ပူး ပေါင်းကြိုးစားလိုစိတ်ရှိလာအောင် ဘယ်လို လှုံ့ဆော်အားပေးနိုင်တယ်ဆိုတာ ပြောပြလိုက်တာ အကောင်းဆုံးပါ။
(၅) သင့်ဝန်ထမ်းအဖွဲ့ကို ဘယ်လို မြင်သလဲ၊ သူတို့ကို ဘယ်လို လက်တွဲခေါ်မလဲ
သင့်အတွက် အခြေအနေကောင်းနေပါပြီ၊ အလုပ်ရတော့မယ့် သဘောပါ။ ဒါပေမယ့် သင့်အတွက် ပူးပေါင်းလုပ်ဆောင်ရမယ့် အဖွဲ့ ရှိနေပါပြီ။
သင်တယောက်တည်း အောင်မြင်အောင် ကြိုးစားနေရုံနဲ့ မဖြစ်တော့ပါဘူး။ သင့်ရဲ့အဖွဲ့ကိုပါ တွဲခေါ်ရမယ့်သဘောပါ။
မေးခွန်း၄မှာ ဖြေဆိုပုံအတိုင်း ဘယ်လို ပူးပေါင်းဆောင်ရွက်မယ်၊ အစီအစဉ် ချမယ်၊ ရည်မှန်းချက်ထား အောင်မြင်အောင် လုပ်ဆောင်မယ်ဆိုတာကို အသေးစိပ် ချပြ၊ ဖြေကြားပါ။
ဒီမေးခွန်းဟာ သင့်အင်တာဗျူးအတွက် နောက်ဆုံးမေးခွန်းဖြစ်ဖို့များပြီး ဒီမေးခွန်းရဲ့အဖြေဟာ သင့်ကို ဝန်ထမ်းကတ်တခု ရစေနိုင်မှာပါ။