
စာရေးသူ – သုမောင်
စာအုပ်အမည် – ဟိုတစ်စသည်တစ်စ မောင်ဗလ
အမျိုးအစား – ကိုယ်တွေ့မှတ်တမ်း
ခလုတ်တိုက်မိရင် ဒဏ်ရာအနာတရဖြစ်တတ်လို့ လူအများစုက ခလုတ်တိုက်တာကို အကောင်းမမြင်ကြပါဘူး။ ဆရာသုမောင်ကတော့ ရတနာအိုးတွေကို သူခလုတ်တိုက်မိတယ်လို့ဆိုပါတယ်။
ဒီစာအုပ်မှာ ဆရာသုမောင်က သူကြုံတွေ့ခဲ့ရတဲ့ ဆရာဇော်ဂျီ၊ ဗဂျီအောင်စိုး၊ စန္ဒားချစ်ဆွေ၊ သော်တာဆွေ၊ မောင်ထင်၊ ငွေ ဥဒေါင်း၊ သာဓု၊ ကိုမင်းနောင်၊ လူထုဒေါ်အမာ၊ လင်းယုန်မောင်မောင်၊ ဦးလေးမြိုင်၊ ဒဂုန်တာရာ၊ မြတ်လေး၊ အောင်လင်း၊ ကိုတင်လှိုင်၊ ကောလိပ်ဂျင်နေဝင်း၊ မင်းသုဝဏ်၊ ထီလာစစ်သူ၊ ဦးသုခ၊ ဆင်ဖြူကျွန်းအောင်သိန်း၊ ဝင်းဦး၊ ဒေါ်ခင်မျိုးချစ်၊ ဂီ တလုလင်မောင်ကိုကို၊ ဗန်းမော်တင်အောင်၊ ဆရာကြီးရန်အောင်၊ မောင်ဝဏ္ဏစတဲ့ စာပေ၊ဂီတ၊ရုပ်ရှင်၊ ပန်းချီအနုပညာ နယ် ပယ်က အထင်ကရလူကြီးသူမတွေရဲ့အကြောင်းကို တင်ပြထားပါတယ်။
ရယ်စရာအဖြစ်အပျက်တွေကို တင်ပြတဲ့နေရာမှာ ဆရာကြီးများကို သရော်လှောင်ပြောင်လိုစိတ်လုံးဝမရှိကြောင်းလည်း ဆရာသုမောင်က ဆိုပါတယ်။
စိတ်ကူးချိုချိုစာပေက တန်ဖိုး ၁၆၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

စာရေးသူ – ဦးတင်ဦး (ကျူရှင်)
စာအုပ်အမည် – မြန်မာ့တပ်မတော်ကို လေ့လာခြင်း
အမျိုးအစား – ဘာသာပြန်
အမေရိကန်နိုင်ငံ ဝါရှင်တန်တက္ကသိုလ် ဂျက်ဆင်နိုင်ငံတကာလေ့လာရေးကောလိပ်ကျောင်းက လက်ထောက်ပါ မောက္ခ မေရီပီးကာလာဟန်ရဲ့စာအုပ်ကို ဘာသာပြန်ထားတာဖြစ်ပါတယ်။
မြန်မာ့တပ်မတော် ဖြစ်ပေါ်လာပုံ၊ အဆင့်ဆင့်တိုးတက်ပြောင်းလဲလာပုံ၊ တပ်မတော်တွင်း တပ်မတော်ပ အရပ်ဘက် စစ် ဘက်ဆက်ဆံရေးအခြေအနေတွေကို အသေးစိတ်သုတေသနလုပ်ပြီး စေ့စေ့စပ်စပ်ရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်။ အ ခန်း ၇ ခန်းပါဝင်တဲ့ဒီစာအုပ်မှာ အခန်း ၁။ ခြိမ်းခြောက်အကျပ်ကိုင်ခြင်းနှင့် ကိုလိုနီအစိုးရ (၁၈၂၆-၁၉၄၁) အခန်း ၂။ ဂျပန် ခေတ် ( ၁၉၄၁-၁၉၄၃) အခန်း ၃။ တော်လှန်ရေးနှင့်ညီညွတ်ရေးတပ်ဦး (၁၉၄၃-၁၉၄၅) အခန်း ၄။ ငြိမ်းချမ်းအောင် လုပ် ခြင်းနှင့် ရန်သူများဖြစ်သွားစေခြင်း (၁၉၄၅-၁၉၄၈) အခန်း ၅။ ဆူပူသောင်းကျန်းမှုနှင့် နိုင်ငံတော်အစည်းပြေသွားခြင်း အ ခန်း ၆။ စစ်ပွဲနှင့်တပ်မတော်တည်ဆောက်ခြင်း (၁၉၅၀-၁၉၅၃) အခန်း ၇။ စစ်သားများက နိုင်ငံတော်တည်ဆောက်သူများ ဖြစ်လာခြင်း (၁၉၅၃-၁၉၆၂ ) စတာတွေကို ဖတ်ရှုရမှာပါ။
ဆရာဦးတင်ဦး (ကျူရှင်)က မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူတိုင်းဖတ်သင့်တဲ့ စာအုပ်လို့ဆိုထားပါတယ်။
လောကသစ်စာပေက တန်ဖိုး ၅၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

စာရေးသူ – သခင်ဘဟိန်း
စာအုပ်အမည် – ကျောင်းသားများအရေးတော်ပုံ
အမျိုးအစား – နိုင်ငံရေး
သခင်ဘဟိန်း နှစ်တရာပြည့်အထိမ်းအမှတ်အနေနဲ့ထုတ်ဝေလိုက်တဲ့စာအုပ်ဖြစ်ပါတယ်။ ဒီကျောင်းသား အရေး တော်ပုံစာအုပ်ကို ရေးတဲ့အချိန်မှာ သခင်ဘဟိန်းဟာ ၂၂ ပဲရှိပါသေးတယ်။
ကျောင်းသားများရာဇဝင်ကိုကြည့်လျှင် ပထမတွင် နယ်ချဲ့သမားများသည် ကျောင်းသားများကိုနာလန်မထူနိုင်အောင်၊ ခေါင်းမထောင်နိုင်အောင် နင်းပြားအခြေတွင် ထား၏။ ဒုတိယကျောင်းသားများ ဆူပူနိုးကြားလာသော အခါ ကျောင်းသား များ ဆူချင်ဆူတော့၊ သို့ရာတွင် ပညာရေးကိစ္စတွင်သာဆောင်ရွက်ရမည်၊ နိုင်ငံရေးမလုပ်ရ ဟု ပြောလာကြ၏။ ဤကား နယ်ချဲ့သမားတို့ နောက်သို့တလှမ်းဆုတ်ခြင်းဖြစ်၍ ကျောင်းသားများရှေ့သို့ တလှမ်းတိုးလာကြခြင်းဖြစ်၏။ နောင်တွင် ကျောင်းသားများနိုင်ငံရေးကိုလုပ်ချင်လုပ်တော့၊ သို့သော် နယ်ချဲ့စနစ်သုတ်သင်ရေးတွင် မပါရဟု ပြောပေလိမ့်မည်။ သို့ သော် စင်စစ်အားဖြင့် ဤသို့ပြောနိုင်ရန် မရှိတော့။ အကြောင်းသော်ကား ထိုအချိန်တွင် သူတို့လူ့ပြည်မှာရှိကြတော့မည် မဟုတ်ပေ`လို့ သခင်ဘဟိန်းက အစိုးရကို ကြိမ်းဝါးထားပါတယ်။
မြနန္ဒာစာပေက တန်ဖိုး ၁၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

စာရေးသူ – ပန်းချီလှထွဏ်းအောင်
စာအုပ်အမည် – ရန်ကုန်မြို့ပတ်ဘူတာများနှင့်ဆင်ခြေဖုံးဘူတာများ
အမျိုးအစား – ပန်းချီ
မီးရထားချောင်ရင် တရားမှတ်လို့တောင်ရပြီး ရထားကြပ်ရင်တော့ လိုင်းကားထက်တောင်ဆိုးတယ်လို့ အဆိုရှိ ပါတယ်။ ဒီစာအုပ်မှာ ရန်ကုန်မြို့ပတ်ရထားကို တစ်ခါမှမစီးဘူးခဲ့တဲ့ ပန်းချီလှထွဏ်းအောင်က ဘူတာရုံ ၅၅ ရုံကို အောက် ဒိုးထွက်ပြီး ပန်းချီရေးဆွဲခဲ့ပါတယ်။
ဘုရားလမ်းဘူတာ၊ လမ်းမတော်ဘူတာ၊ ပြည်လမ်းဘူတာ၊ ရှမ်းလမ်းဘူတာ၊ အလုံလမ်းဘူတာ၊ ပန်းလှိုင်ဘူတာ၊ ကြည့် မမြင်တိုင်ဘူတာ၊ ဟံသာဝတီဘူတာ၊ လှည်းတန်းဘူတာ၊ ကမာရွတ်ဘူတာ၊ သီရိမြိုင်ဘူတာ၊ အုတ်ကျင်းဘူတာ၊ သမိုင်း ဘူတာ၊ သမိုင်းမြို့သစ်ဘူတာ၊ ကြိုကုန်းဘူတာ၊ အင်းစိန်ဘူတာ၊ ရွာမဘူတာ၊ ဖော့ကန်ဘူတာ၊ လှော်ကားဘူတာ၊ သာဓု ကန်ဘူတာ၊ ရွှေပြည်သာဘူတာ၊ စက်မှု (၂) ဘူတာ၊ အောင်ဆန်းမြို့ဘူတာ၊ တညင်းကုန်းဘူတာ၊ ဂေါက်ကွင်းဘူတာ၊ ကျိုက်ကလဲ့ဘူတာ၊ မေတ္တာညွန့်ဘူတာ၊ တာမွေဘူတာ၊ ဘောက်ထော်ဘူတာ၊ ကံဘဲ့ဘူတာ၊ ပါရမီဘူတာ၊ ရေကူးဘူတာ၊ တံတားကလေးဘူတာ၊ ကျောက်ရေတွင်းဘူတာ၊ ပုရွတ်ဆိတ်ကုန်းဘူတာ၊ ဥက္ကလာပဘူတာ၊ ဝေဘာဂီဘူတာ၊ မင်္ဂလာဒုံဘူ တာ၊ ကွန်ပျူတာတက္ကသိုလ်ဘူတာ၊ မင်္ဂလာဒုံဈေးဘူတာ၊ ကွေ့မဘူတာ၊ စက်မှုဇုန် (၁) ဘူတာ၊ တိုးကြောင်ကလေး ဘူတာ၊ ဒဂုံတက္ကသိုလ်ဘူတာ၊ ရွာသာကြီးဘူတာ၊ ငမိုးရိပ်ဘူတာ၊ သင်္ဃန်းကျွန်းဘူတာ၊ နှင်းဆီကုန်းဘူတာ၊ အရှေ့ပိုင်း တက္ကသိုလ် ဘူတာ၊ အောင်သုခဘူတာ၊ အုတ်ဖိုစုဘူတာ၊ သီလဝါဘူတာ၊ အလွှကုန်းဘူတာ၊ ပုဇွန် တောင်ဘူတာ၊ ရန်ကုန်ဘူတာကြီး စ တဲ့ ဘူတာပေါင်း ၅၅ ဘူတာကို ရေးဆွဲထားတဲ့ ပန်းချီလက်ရာတွေကို ကြည်ရှုခံစားရမှာပါ။
ဆရာလှထွဏ်းအောင်က သူ့ရဲ့ ပန်းချီကားတွေဟာ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး၊ မြန်မာ့မီးရထားဌာနရဲ့သမိုင်းတခုကို ပြောပြနေလိမ့်မယ်လို့ ဆိုပါတယ်။
လင်းလွန်းခင်စာပေတိုက်က တန်ဖိုး ၄၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

စာရေးသူ – ရန်လိုကျွဲ
စာအုပ်အမည် – ရေငတ်တုန်း ရေတွင်းထဲကျတဲ့ မြန်မာပြည်နှင့်သရော်စာများ
အမျိုးအစား – သရော်စာ
လစဉ်ထုတ်မော်ကွန်း မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ဆရာရန်လိုကျွဲရဲ့ သရော်စာတွေကို စုစည်းထားတာဖြစ်ပါတယ်။ တယ်လီဖုန်းအတွင်းသို့ ကျွဲတစ်ကောင်ဝင်သွားခြင်း၊ ရေငတ်တုန်း ရေးတွင်းထဲကျတဲ့ မြန်မာပြည်၊ ဂလိုဘယ်လ် ဘဘ၊ သင် တန်းဆရာ ဘဘ၊ ဆွေ့ဆွေ့ခုန်နေသော ဝါရင့်ချိုကုပ်ဒူးကြီး၊ ကျွန်တော်အတိုင်ပင်ခံ၊ ကျွန်တော်အတိုင်ပင်ခံ ၂၊ ပြည် သူ့ပါတီ၊ သတင်းထောက်တောခိုခြင်း၊ အငြင်းပွားဖွယ်စီမံကိန်းအတွက် ဆင်ခြေဆင်လက်၊ ဒုက္ခသီရိ၏ ကြမ္မာဆိုး၊ ဒုက္ခသီရိ၏ ကြမ္မာ ဆိုး (ဒုတိယပိုင်း)၊ ရန်ကုန်မြို့မှ စီးပွားရေးအတိုင်ပင်ခံ၊ ရန်ကုန်မြို့မှ စီးပွားရေးအတိုင်ပင်ခံ (အပိုင်း ၂)၊ ဒုက္ခသီရိကို အနိုင် ကျင့်ခြင်း၊ ဒုက္ခသီရိချမ်းသာကြွယ်ဝလာခြင်း၊ ရန်ကုန်မြို့မှ စီးပွားရေးအတိုင်ပင်ခံ ၃ ၊ 7PAY သတင်းစာ အမှုဖွင့်ခံရ ခြင်း ၏ကောင်းကျိုးများ၊ တယ်လီဖုန်းကုမ္ပဏီတို့ကြောင့် ပြာသိုကြည်တင် စိတ်ရောဂါရသွားခြင်း အစရှိတဲ့ သရော်စာပေါင်း ၁၈ ပုဒ်ကို ဖတ်ရှုရမှာဖြစ် ပါတယ်။
ဆရာမင်းဒင်နဲ့ဗြိတိသျှကိုကိုမောင်တို့ကလည်း အမှာစာရေးထားပါတယ်။
ရိုးလှသန္တာစာပေက တန်ဖိုး ၂၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။