သတင်းနဲ့နည်းပညာခေတ်မှာ Digital နည်းပညာရပ်ဟာ သင့်မျက်လုံးနဲ့ လိုက်ကြည့်ရင်တောင် မမီနိုင် လောက်အောင် အလျင်အမြန် တိုးတက်နေပါတယ်။ ဒီနေ့ခေတ် Press Media လို့ခေါ်တဲ့ ပုံနှိပ်လုပ်ငန်းတွေဟာ ဇာတ် သိမ်းခန်းကို ရောက်လာပါတယ်။
စမတ်ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ တက်ဘလက်တွေရဲ့အစားထိုး ဝင်ရောက်လာမှု၊ အသုံးပြုရလွယ်ကူခြင်းတွေနဲ့အတူ သ တင်းမီဒီယာလောကကိုပါ သိမ်းပိုက်နိုင်သွားခဲ့ပါပြီ။ ဒါပေမယ့် သတင်းဖော်ပြချက်အပိုင်းမှာတော့ Digital နည်းပညာက လွှမ်းမိုးနိုင်မှု မရှိသေးပါဘူး။
လာမယ့်နှစ် အနည်းငယ်အတွင်းမှာ သတင်းကလွဲရင် ကျန်တဲ့ကြော်ငြာနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေဟာ ဇာတ်သိမ်းခန်း ကို ရောက်ရှိလာပါလိမ့်မယ်။
ဒါတောင်မှ သတင်းဆိုတဲ့ အပိုင်းမှာကိုပဲ ရုပ်သံသတင်းတွေကိုသာ တီဗီတွေမှာ ကြည့်ရှုလာဖို့ ရှိနေပြီးစာနဲ့ ရေးသား ထားတဲ့ သတင်းတွေကတော့ Digital နည်းပညာနဲ့ ဖန်တီးထားတဲ့ Smart ပစ္စည်းတွေကနေပဲ ကြည့်ရှုလာကြဖို့ ရှိနေ ပါတယ်။
အလွယ်ဆုံးအနေနဲ့ဆိုရင်ပဲ Business Insider လိုSite တခုမှာ သတင်းနဲ့ အခြားဆောင်းပါးဖတ်ရှုနှုန်းတင် တလမှာ သန်း ၈၀လောက်ထိအောင် ကမ္ဘာနဲ့အဝှမ်း ရှိနေပေမယ့် ကုန်ကျစရိတ်နဲ့ အရင်းအနှီးများပြားတဲ့ တီဗီတင်ဆက်မှု အစီအစဉ် တွေဟာ ကမ္ဘာ့နဲ့အဝှမ်း ပျံ့နှံ့ရောက်ရှိဖို့ ခက်ခဲချင်သလို အချို့ဆိုရင် နိုင်ငံတွင်းမှာပဲ သီးသန့် ဖမ်းယူကြည့်ရှုနိုင်တာကြောင့် ကြည့်ရှုသူအားနည်းလာသလို ကြည့်ရှုနှုန်း နည်းလာခြင်းကြောင့် ကြော်ငြာထည့်သွင်းမှုလို ဝင်ငွေရမှုအပိုင်းလည်း အား နည်းသွားတာတွေ့နိုင်ပါတယ်။
တကယ်လို့ အခုလို နာမည်ကျော်သတင်း Site တခုမှာသာ ကြော်ငြာတခု ထည့်သွင်းလိုက်မယ်ဆိုရင်တော့ ကမ္ဘာရဲ့မည် သည့်နေရာကနေ ဝင်ရောက် ဖတ်ရှုသည်ပဲ ဖြစ်စေ အဆိုပါကြော်ငြာကို မြင်နိုင်၊ တွေ့နိုင်စေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ် နည်းပညာပိုင်းအတွက် လက်ရှိ ကြိုတင်ခန့်မှန်းချက် ၅ခု ထွက်ပေါ်လာတာလည်း တွေ့ရပါတယ်။
(၁) Digital နည်းပညာသုံးပစ္စည်းတွေကနေ သတင်းနဲ့ ဖျော်ဖြေရေး၊ ကြော်ငြာကဏ္ဍတွေ အဆမတန် တိုးတက်များပြား လာဖို့ ရှိနေပြီး ကျန်တဲ့ လုပ်ငန်းတွေကတော့ နစ်မြှုပ်ပျောက်ကွယ်သွားပါလိမ့်မယ်။ ဒီနေရာမှာ Digital နည်းပညာ သုံး ပစ္စည်းတွေဆိုတာ စမတ်ဖုန်း၊ ကွန်ပျူတာ၊ တက်ဘလက်၊ စမတ်တီဗီပုံစံကနေ အင်တာနက်နဲ့ ချိတ်ဆက် အသုံးပြုမှု အပိုင်းတွေကို ဆိုလိုရင်း ဖြစ်ပါတယ်။
(၂) Digital နည်းပညာသုံးပစ္စည်းတွေထံကို တိုက်ရိုက် ကြော်ငြာမှု အများအပြားတိုးတက်လာပါလိမ့်မယ်။ အခြားသော ပုံနှိပ်လုပ်ငန်း၊ ဘေလ်ဘုတ်၊ လက်ကမ်းစာစောင်စတဲ့ ကြော်ငြာမှုပုံစံတွေဟာ ပျောက်ကွယ်သွားဖို့ မရှိပေမယ့် အသုံးပြု ကြော်ငြာနှုန်းအထူးနည်းပါးသွားဖို့ ရှိပါတယ်။
(၃) Google နဲ့ Facebook ဟာ အနာဂတ်မှာ အအောင်မြင်ဆုံးအင်တာနက် ချိတ်ဆက်အသုံးပြုစနစ်တွေ ဖြစ်လာနိုင်ပြီး အခြားနာမည်ကျော် YouTube နဲ့ အခြားအသုံးပြုနည်းများပျောက်ကွယ်သွားဖို့ ရှိနေပါတယ်။
(၄) ပုံမှန် ထုတ်လွှင့်နေကျ TVအစီအစဉ်တွေ ကြည့်နှုန်းသိသိသာသာ နည်းပါးသွားပါလိမ့်မယ်၊ ထုတ်လွှင့်လာမှု အစီအ စဉ်တွေ အစား DVD နဲ့ အခြား ဖျော်ဖြေရေးစနစ်တွေနဲ့ ချိတ်ဆက် အသုံးပြုဖို့လောက်သာTVတွေကို သုံးစွဲလာကြပါလိမ့် မယ်။
(၅) နောက်ထပ် ရုပ်ပြစနစ်သစ်တခု အောင်မြင်လူကြိုက်များလာဖို့ ရှိနေပါတယ်။ လက်ရှိမှာတော့ စမတ်ဖုန်းတွေကို လူ သုံးများနေတာပါ။ ဒါပေမယ့် အနာဂတ်မှာ အသုံးများလာနိုင်မယ့် ရုပ်ပြစနစ်ဟာ စမတ်ဖုန်းလည်း မဖြစ်နိုင်သလို လက်ရှိ ခေတ်စားလာနေတဲ့ စမတ်နာရီတွေ၊ 3D မျက်မှန်လို အရာတွေ မဟုတ်ပါဘူး။
မျက်နှာပြင်စနစ် ပိုမို ကြီးမားတဲ့ ရုပ်ပြစနစ်တခု ဖြစ်မယ်လို့ ယူဆမိပါတယ်။