EDM ဂီတ အမျိုးအစားတွေပါဝင်တဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းရဲ့ April fool Mini Alblum က မတ်လ ၂၅ ရက်နေ့မှာ ထွက်ရှိတော့မယ်လို့ ရန်ကုန်မြို့ Orchid Hotel မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှ သိရပါတယ်။
“သီချင်း ၄ ပုဒ်လုံးကို ဖိလစ်ပိုင်ဒါရိုက်တာက ရိုက်ပေးထားတာပါ။ အမှတ်တရတွေကတော့ အများကြီးပဲ။ ဒါက ဖြူဖြူရဲ့ ပထမဆုံး မီနီအယ်ဘမ်လည်း ဖြစ်တယ်။ ဂီတအမျိုးအစားဆိုရင်လည်း မလုပ်ဖူးတဲ့ EDM music လေးနဲ့ လုပ်ထားတာဖြစ်တယ်။ နောက်ပြီးတော့ တခွေလုံးကို နိုင်ငံခြား ဒါရိုက်တာနဲ့ ပထမဆုံး ရိုက်တာဖြစ်တယ်” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။
ဒီအခွေကို FG Entertainment နဲ့ပူးပေါင်း၍ MRTV-4 အပါအဝင် ဆက်စပ်ရုပ်သံလိုင်းများက ဧပြီ ၁ ရက်နေ့က စပြီး သီချင်းတွေကို ပြသပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
EDM Music ဆိုတာကတော့ Electronic dance music ကို အတိုကောက် ခေါ်ဆိုကြတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ၂၀၁၅ နှစ်ဦးပိုင်းလောက်ကစပြီး လူငယ်များအကြား စတင်ခေတ်စားနေတာ ဖြစ်ပါတယ်။ ယခုနှစ်အတောအတွင်းမှာ EDM ပွဲတွေကိုလည်း ရန်ကုန်မြို့မှာ မကြာခဏ ကျင်းပခဲ့ပါတယ်။