Lifestyle

မုန့်လုပ်နည်းပါ လေ့လာလို့ရတဲ့ “BreadTalk” ပေါင်မုန့်ဆိုင်

Want create site? Find Free WordPress Themes and plugins.

အာရှရဲ့ နာမည်ကြီး မုန့်ဖုတ်လုပ်ငန်း တခုဖြစ်တဲ့ “BreadTalk” က  မြန်မာနိုင်ငံအတွက် ပထမဆုံး ဆိုင်ခွဲကို ရန်ကုန်မြို့ Junction City ရှော့ပင်းစင်တာ၊ ပထမအလွှာမှာ မတ်လ ၂၅ ရက်ကနေ စတင်ပြီး ဖွင့်လှစ်ရောင်းချသွားမယ်လို့ သိရပါတယ်။

စင်ကာပူနိုင်ငံမှာ ၂၀၀၀ ပြည့်နှစ်ကတည်းက စတင်ဖွင့်လှစ်ရောင်းချခဲ့တဲ့ BreadTalk ဟာ လတ်ဆတ်တဲ့ ပေါင်မုန့်၊ ကိတ်မုန့် အမျိုးအစားများစွာကို ရောင်းချနေတာဖြစ်ပြီး အလွန် လူကြိုက်များလှပါတယ်။

BreadTalk ဟာ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံနဲ့ အရှေ့အလယ်ပိုင်း ဒေသက နိုင်ငံတွေမှာ ဆိုင်ခွဲပေါင်း ၈၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံဟာ BreadTalk ဆိုင်ခွဲ ဖွင့်လှစ်တဲ့ နိုင်ငံတွေထဲမှာ ၁၇ နိုင်ငံမြောက် ဖြစ်တယ်လို့ သိရပါတယ်။

BreadTalk ဆိုင်ကို လာရောက် စားသုံးသူတွေအနေနဲ့ ပေါင်မုန့်၊ ကိတ်မုန့် အမျိုးအစားပေါင်း ၁၀၀ ကျော်ကို ရွေးချယ် စားသုံးနိုင်ပြီး ဈေးနှုန်းအနေနဲ့ ၈၀၀ ကျပ်မှ စတင်ကာ သင့်တင့်တဲ့နှုန်းထားတွေနဲ့ ရောင်းချပေးမယ်လို့ သိရပါတယ်။

ပေါင်မုန့်နဲ့ ကိတ်မုန့် အမျိုးအစားတွေထဲမှာ Earthquake (ချိစ် ပေါင်မုန့်လုံး)၊ အာရှစတိုင် ဖန်တီး ပြုလုပ်ထားတဲ့  Mala Chicken, Sweet Potato Volcano နဲ့ Bak Kwa Cheese အမည်ရှိတဲ့ မုန့်တွေ ပါဝင်မယ်လို့ သိရပါတယ်။  လူကြိုက်များတဲ့ Chicken Parmesan, Moshi Mushroom, Curry Naan စတဲ့ အစာသွပ် ပေါင်မုန့်တွေလည်း ရနိုင်ပါတယ်။

BreadTalk ရဲ့ ထူးခြားချက်ကတော့ ထုတ်ကုန် ပြုလုပ်ပုံအဆင့်ဆင့်ကို အစအဆုံး မည်သူမဆို ကြည့်ရှု လေ့လာနိုင်တဲ့ Open Kitchen မီးဖိုချောင် ပါဝင်မှာ ဖြစ်ပြီး စားသုံးသူတွေအနေနဲ့ လတ်ဆတ်တဲ့ ပေါင်မုန့်၊ ကိတ်မုန့်တွေကို ယုံကြည်စိတ်ချစွာ စားသုံးနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖွင့်မယ့် BreadTalk ဆိုင်ခွဲကို Shwe Taung Group ရဲ့ အဖွဲ့ဝင် Myanmar Bakery Co., Ltd., က တာဝန်ယူဖွင့်လှစ်တာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading