Lifestyle

အဆိုတော် AR-T ရဲ့ တတိယမြောက် တေးစီးရီ ထွက်မည်

အဆိုတော် AR-T ရဲ့ တတိယမြောက် တကိုယ်တော် တေးစီးရီးဖြစ်တဲ့ Fat House ကို မတ်လ ၂၆ ရက်နေ့တွင် စတင်ဖြန့်ချိတော့မယ်လို့ သိရပါတယ်။

“ကျနော်က ဝတုတ်ဖြစ်လို့ Fat House လို့ နာမည်ပေးဖြစ်တာပါ။ ဒီဇင်ဘာလကုန်လောက်ကစလုပ်ပြီး ၂ လခွဲ အချိန်ယူခဲ့ပါတယ်”လို့ AR-T က ပြောပါတယ်။

ဒီ တေးစီးရီးထဲမှာ အားလုံးပေါင်း သီချင်း ၇ ပုဒ်ပါဝင်ပြီး သီချင်းအမျိုးအစားတွေကတော့ Tropical House,Trap , Chill Trap,Future Bass စတာတွေ ပါဝင်ပြီး တေးရေးတွေကတော့ ကျားပေါက်၊AR-T၊ Youn Ni Ko ၊ Htet Aung ၊ Doxtors in Delay တို့ ပါဝင်ထားပါတယ်။

သီချင်းဖန်တီးမှုအပေါ် AR-T က “ ဒီ အခွေထဲက သီချင်းတွေက သင်္ကြန်သီချင်းလိုမျိုးတော့ အရမ်ကြွတက်ပြီး စပ်စလူးထကရလောက်တဲ့ထိ မဟုတ်ပေမယ့် ကျနော့် အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ကြိုက်တဲ့ ပုံစံလေးတွေ House music ပုံစံလေးပေါ့” လို့ ဆိုပါတယ်။

Fat House ကို မတ်လ ၂၆ ရက်နေ့တွင် Bo Bo Music Production မှ စတင်ဖြန့်ချိမှာ ဖြစ်ပြီး ပရိုမိုးရှင်းအနေနဲ့ ဧပြီ ၂ ရက်နေ့  လှည်းတန်းစင်တာတွင် အနုပညာရှင်များနဲ့အတူ လက်မှတ်ရေးထိုး ဖျော်ဖြေ ပေးသွားမယ် လို့လည်း သိရပါတယ်။

AR-T ရဲ ယခုထွက်ရှိမယ့် Fat House တေးစီးရီးဟာ တတိယမြောက် တကိုယ်တော်တေးစီးရီးဖြစ်ပြီး ချိုချဉ် နဲ့ လွင်ပြင် စတဲ့ တေးစီးရီးများ ထွက်ရှိထားပြီးဖြစ်ပါတယ်။

Loading