သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ အသစ်ထွက်ရှိလာမယ့် Sai cosmetix ကို မိတ်ဆက်ရန်အတွက် ရန်ကုန်က ပရိသတ်များ နဲ့အတူ ဧပြီ ၂ ရက်နေ့တွင် တွေ့ဆုံမယ်လို့ သိရပါတယ်။
“ရန်ကုန်က ပရိသတ်တွေအတွက်လည်း မွေးနေ့ပွဲလည်း မလုပ်ဖြစ်ဘူး။ ဆိုတော့ ဧပြီလ ၂ ရက်နေ့မှာထွက်မယ့် Sai Sai cosmetix ရဲ့ ပစ္စည်းအသစ်ထွက်မယ့်နေ့မှာ တွေ့ဆုံဖို့ လုပ်ထားပါတယ်။ ပစ္စည်းအသစ် ထွက်လို့တော့ မဟုတ်ပါဘူး။ ဝယ်ဝယ်မဝယ်ဝယ်ပါ ဒီအတိုင်း ကုန်ပစ္စည်းထွက်မယ့်အစား ပရိသတ်တွေနဲ့တွေ့ဆုံဖို့လုပ်တာပါ။ Junction Square မှာလုပ်မှာပါ” လို့ စိုင်းစိုင်းခမ်းလှိုင်ကပြောပါတယ်။
ဧပြီ ၂ ရက်နေ့တွင် စတင်ထွက်ရှိမယ့် Eyeshadow နဲ့ Eyeliner ကို ရန်ကုန်မြို့ Junction Square မှာ နေ့ခင်း ၁ နာရီမှ စတင်ကာ မိတ်ဆက်ပေးမှာဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်ကလည်း ပရိသတ်များနဲ့တွေ့ဆုံကာ ဖျော်ဖြေပေးသွား မယ်လို့ သိရပါတယ်။
အသစ်ထွက်ရှိမယ့် Eyeshadow မှာ ၂ မျိုး ပါဝင်မှာဖြစ်ပြီး Gold Dust လို့ အမည်ပေးထားတဲ့ Palette နဲ့ Starry Eyes တို့ဖြစ်ပါတယ်။
Gold Dust လို့ အမည်ပေးထားတဲ့ Palette မှာ ရွှေရောင်ကို အခြေခံထားပြီး တည်ငြိမ်လှပတဲ့ အရောင်အများစု ပါဝင်တဲ့ Shadow ၆ ခုနဲ့ ပန်းရောင် Blusher ပါဝင်မှာဖြစ်ပါတယ်။ Starry Eyes လို့ အမည်ပေးထားတဲ့ Palette မှာ အားပြင်းပြီး ဆန်းသစ်တဲ့ အရောင်တွေပါဝင်တဲ့ Shadow ၆ ခု နဲ့ Contour ချဖို့ Bronzer တို့ ပါဝင်မှာဖြစ်ပါတယ်။
Sai cosmetix တွေကိုတော့ ကိုရီးယားနိုင်ငံက တင်သွင်းပြီး မြန်မာနိုင်ငံက FDA အသိအမှတ်ပြု လက်မှတ်ရရှိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
Sai cosmetix ရဲ့ Eyeshadow Palette ကြော်ငြာကိုတော့ တက္ကသိုလ်မှ ကျောင်းသူ အလှပဂေးများနဲ့ ရိုက်မယ်လို့လည်း သိရပါတယ်။
“ကျနော်တို့ Eyeshadow Palette အတွက် ကြော်ငြာရိုက်ဖို့ စဉ်းစားကြတဲ့အခါ ဒီတခေါက်တော့ ကျောင်းသူလေး တွေနဲ့ ရိုက်မယ်လို့ စဉ်းစားဖြစ်ခဲ့ကြပါတယ်။ အဲဒီလိုနဲ့ပဲ တက္ကသိုလ်တွေက Queen အလှဘုရင်မလေးတွေကို ဓာတ်ပုံရိုက်ဖို့ ကမ်းလှမ်းတဲ့အခါ သူတို့ကလည်း ကျနော်တို့ရဲ့ SAI Cosmetix ကို ချစ်ခြင်းအားဖြင့် ကူညီ ရိုက်ကူးပေးခဲ့ကြပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ဆိုပါတယ်။
Sai cosmetix မှ Sexy And Intelligent အမည်ရှိ နှုတ်ခမ်းနီများနှင့် Make up Foundation လိမ်းရာတွင် အသုံးပြုတဲ့ Make up Sponge တို့ ထွက်ရှိထားပြီးဖြစ်ပါတယ်။