လျှပ်စစ်နှင့် နည်းပညာ ပစ္စည်းများ ဖြန့်ဖြူးနေတဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ OPPO မှ နောက်ဆုံးပေါ် စမတ်ဖုန်းသစ် Selfie ဘုရင်မျိုးဆက် “OPPO F3 Plus စမတ်ဖုန်း” ကို မတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ Novotel Yangon Max ဟိုတယ်မှာ မိတ်ဆက်ခဲ့ပါတယ်။
OPPO F3 Plus မှာ “Selfie ဘုရင်” ဆိုတဲ့အတိုင်း Selfie ပုံ အရည်အသွေး ကောင်းမွန်အောင် အရှေ့ဘက် Dual Selfie ကင်မရာ 16 နဲ့ 8 Megapixel ကင်မရာ ၂ လုံး ပါဝင်ပြီး F3 Plus ရဲ့ ထူးခြားချက်ကတော့ Group Selfie ရိုက်ကူးမှုများအတွက် အရင်ဖုန်းတွေမှာ မပါဝင်ဖူးတဲ့ ၁၂၀ ဒီဂရီ Wide-angle ကင်မရာ ပါဝင်လာခြင်း ဖြစ်ပါတယ်။
အရှေ့ဘက် Selfie ကင်မရာ 8 Megapixel ရဲ့ Wide-angle လုပ်ဆောင်ချက်ဟာ သာမန် ၈၀ ဒီဂရီ ကင်မရာတွေထက် မြင်ကွင်းကို ၁၀၅ ရာခိုင်နှုန်းအထိ ပိုမို ကျယ်ကျယ် ရိုက်ကူးနိုင်တာ တွေ့ရပါတယ်။

ဒါ့အပြင် F3 Plus အနောက်ဘက် ကင်မရာမှာလည်း Sony နဲ့ အတူ ပူးပေါင်း ထုတ်လုပ်ထားတဲ့ IMX398 Sensor တပ်ဆင်ထားတာကြောင့် ပရော်ဖက်ရှင်နယ် ကင်မရာတွေလိုမျိုး အရည်အသွေး ကောင်းမွန်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ကူးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
“OPPO စမတ်ဖုန်းဟာ Selfie ဖုန်း ဈေးကွက်တွေထဲမှာ မကြာသေးခင်က ထွက်ရှိထားတဲ့ ‘Selfie ဘုရင်’ လို့ သတ်မှတ်ကြတဲ့ F-Series နဲ့ ဦးဆောင်နေပါတယ်။ ဒါ့အပြင် ကျနော်တို့ အမှတ်တံဆိပ်ဟာ အရှေ့တောင်အာရှနဲ့ ကမ္ဘာ့နေရာ အနှံ့အပြားမှာ အလျှင်အမြန် နာမည်ရလာခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ အိန္ဒိယနိုင်ငံမှာရှိတဲ့ စမတ်ဖုန်း အမှတ်တံဆိပ်တွေထဲမှာ နံပါတ် ၂ နေရာ ရောက်လာပါတယ်” လို့ OPPO International Mobile စီးပွားရေးလုပ်ငန်းစုရဲ့ မန်နေဂျင်းဒါရိုက်တာနှင့် ဒုဥက္ကဋ္ဌ Mr.Sky Li က ပြောပါတယ်။
OPPO F3 Plus စမတ်ဖုန်းမှာ 4GB RAM၊ 64GB ROM ပါဝင်ပြီး Octa-core Processor နဲ့ ဖန်တီး ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ Nano ဆင်းမ်ကတ် ၂ ခု (သို့မဟုတ်) Nano ဆင်းမ်ကတ် ၁ ခုနဲ့ Micro SD card ၁ ခု အတွက် Double-slot card tray ပါဝင်ပြီး Storage အနေနဲ့ 256GB အထိ ထည့်သွင်း အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

ဘက်ထရီအား ပမာဏ 4000mAh ဘက်ထရီ ပါဝင်ပြီး F3 Plus ကို ၂၈၄ နာရီကျော်ကြာ Standby ထားရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် OPPO ရဲ့ ကိုယ်ပိုင်နည်းပညာ VOOC Charging Solution ကြောင့် အားသွင်းတဲ့အခါ သာမန် ဘက်ထရီများထက် ၄ ဆ ပိုမို မြန်ဆန်ပြီး ၅ မိနစ်ခန့် အားသွင်းရုံနဲ့ ၂ နာရီကြာ ဖုန်းပြောနိုင်မှာ ဖြစ်ပါတယ်။
Finger print လုပ်ဆောင်ချက် ပါဝင်ပြီး လက်ဗွေအသုံးပြုကာ ဖုန်းခေါ်ဆိုခြင်း၊ Application Launch Funtion များ ပါဝင်ခြင်းတို့ကြောင့် Finger print reader ကို အသုံးပြုရတာ ပိုမို လွယ်ကူစေမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ကို ၆ လက်မ အရွယ်အစားရှိတဲ့ 2.5D Corning Gorilla Glass 5 မျက်နှာပြင် အသုံးပြုထားတာ တွေ့ရပါတယ်။
OPPO F3 Plus ကို အရောင်အားဖြင့် ရွှေရောင်နဲ့ ရရှိနိုင်မှာ ဖြစ်ပြီး ဗီယက်နမ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံတို့မှာ တပြိုင်တည်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနဲ့ သြစတြေးလျနိုင်ငံများမှာတော့ မကြာမီ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
ဈေးနှုန်းအားဖြင့် OPPO F3 Plus စမတ်ဖုန်း ကို မြန်မာငွေ ကျပ် ၅၉၉၀၀၀ ဖြင့် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ မြန်မာတနိုင်ငံလုံး ရောင်းချပေးသွားမှာ ဖြစ်ပြီး ယခုလအတွင်း Pre-Order များ စတင် လက်ခံနေပြီလို့ သိရပါတယ်။