၁။ အဆိုတော် နီနီခင်ဇော်၏ REDvolution Show တကိုယ်တော် ဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ပြည်သူ့ဥယျဉ်တွင် ၁.၄.၂၀၁၇ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များမှာ ၇ ထောင်ကျပ်မှ ၁ သိန်းကျပ် အထိ အစားစား သတ်မှတ်ထားပြီး မန်းသီရိတေးသံသွင်း၊ Mmtix Tickets Hot Line နှင့် City Mart များတွင် ဝယ်ယူနိုင် ကြောင်းသိရသည်။
၂။ BBC Symphony Orchestra ဂီတဖျော်ဖြေပွဲကို ကမ်းနားလမ်းရှိ Strand Hotel တွင် ၃.၄.၂၀၁၇ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါဖျော်ဖြေပွဲကို ၂ နာရီကြာ ဖျော်ဖြေသွားမည် ဖြစ်ပြီး အခမဲ့နားဆင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
၃။ နိုင်ငံကျော်အဆိုတော်များစွာ ပါဝင်သည့် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများ အသင်း ၁၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ခေတ်ပေါ်ဂန္ထဝင်ရန်ပုံငွေ တေးဂီတ ဖျော်ဖြေပွဲကို မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံတွင် ၁.၄.၂၀၁၇ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကို ၁ သောင်းကျပ်မှ ၃ သောင်းအထိ သတ်မှတ်ထားပြီး မန်းသီရိတေးသံသွင်း၊ ဖုန်းနံပါတ် ၀၉-၇၉၃၉၂၆၈၁၂ ၊ ၀၉-၇၉၀၅၃၈၀၆၄ တို့တွင် ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။
၄။ စာရေးဆရာ၊ သတင်းစာဆရာမကြီး ဂျာနယ်ကျော်မမလေး နှစ် ၁၀၀ ပြည့်ပွဲတော်ကို ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဘုန်းကြီးလမ်းထောင့်ရှိ သူနာပြုတက္ကသိုလ်တွင် ၁.၄.၂၀၁၇ ရက်နေ့မှ ၃.၄.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပွဲတော်တွင် ခေတ်အဆက်ဆက် မြန်မာစာရေးဆရာ၊ ဆရာမများ၏ ပုံတူပန်းချီ၊ ဓာတ်ပုံ ၃၀၀ ကျော် ပြသခြင်း၊ စာပေ၊ ဂီတ၊ ရုပ်ရှင်နယ်ပယ်တို့မှ ပညာရှင်များ ဟောပြောဆွေးနွေးခြင်းနှင့် ဆရာမကြီး၏ ဝတ္ထုရုပ်ရှင်မှတ်တမ်းများကို ပြသခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
၅။ မြန်မာနိုင်ငံ ပန်းဝါသနာရှင်များ အသင်းမှ ဦးဆောင်သော သစ်ခွနှင့် ဘွန်ဇိုင်းပြပွဲကို ကန်တော်ကြီးရှိ မြေပဒေသာ ဥယျဉ်တွင် ၃၁.၃.၂၀၁၇ ရက်နေ့မှ ၂.၄.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပြပွဲတွင် အပင်များနှင့် ပတ်သက်၍ သရုပ်ပြရှင်းလင်းပွဲများ၊ ဟောပြောပွဲများလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
၆။ နိုင်ငံကျော်ကာတွန်းဆရာ ၄၀ ပါဝင်သည့် သယံဇာတနှင့် သဟဇာတ ကာတွန်းပြပွဲကို ကျောက်တံတားမြို့နယ်၊ ၃၅ လမ်းရှိ River Ayeyarwaddy ပန်းချီပြခန်းတွင် ၃၁.၃.၂၀၁၇ မှ ၂.၄.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ကာတွန်းလက်ရာ ၄၀ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၇။ ၂၀၁၇ ခုနှစ် နွေဦးပွဲတော် (Spring Festival 2017)ကို သုဝဏ္ဏ အားကစားရုံတွင် ၁.၄.၂၀၁၇ မှ ၂.၄.၂၀၁၇ ရက်နေ့ အထိ ညနေ ၃ နာရီတွင် စတင်ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်းကြေးအခမဲ့ ဖြစ်ပြီး နာမည်ကျော် အဆိုတော်များ၏ သီဆိုဖျော်ဖြေမှု၊ ပျော်ရွှင်ဖွယ် ဂိမ်းအစီအစဉ်များနှင့်နွေဦး fashion ပွဲများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
၈။ ရွှေဒေါင်းဆပ် ကပ်ဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်တွင် ၁၄.၂.၂၀၁၇ ရက်နေ့မှ ၃၀.၃.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ လက်မှတ်ဈေးနှုန်းမှာ ၅ ထောင်ကျပ် သတ်မှတ်ထားပြီး City Mart Branch များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
၉။ နာမည်ကျော် ပန်းချီဆရာများပါဝင်မည့် Art Exhibit & Charity ပန်းချီပြပွဲကို ကျိုက်ဝိုင်းဘုရားလမ်းရှိ Wyne Hotel တွင် ၁.၄.၂၀၁၇ မှ ၉.၄.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပန်းချီပြပွဲတွင် ပန်းချီကား ရောင်းရငွေ၏ ၃၅ ရာခိုင်နှုန်းကို ဘိုးဘွားရိပ်သာများသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
၁၀။ မြူးကြွသော ဂီတသံစဉ်များနှင့် ရေကစားအပန်းဖြေလိုသူများ အတွက် The Thingyan Boat Party (Round 2) ခရီးစဉ်ကို ၁.၄.၂၀၁၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် ဗိုလ်တထောင်ဆိပ်ကမ်းမှ စတင်မည် ဖြစ်ကြောင်း သိရသည်။ ပျော်ရွှင်စွာ ရေကစားအပန်းဖြေလျက် ည ၈ နာရီ ၁၅ မိနစ်အချိန်တွင် ဗိုလ်တထောင်ဆိပ်ကမ်းသို့ ပြန်လည် ဆိုက်ရောက်မည်ဖြစ်သည်။ ယင်းခရီးစဉ်အတွက် တစ်ဦးလျှင် ၁ သောင်းခွဲ ၊ ၂ သောင်းကျပ် သတ်မှတ် ထားပြီး ၀၉၄၂၀၁၈၀၂၁၄ သို့ ဆက်သွယ်မှာယူ နိုင်မည် ဖြစ်သည်။