ရှားစောင်းလက်ပပ်က သင့်အသားအရေကို ပြစ်မျိုးမှည့်မထင် ဖြစ်အောင် သန့်ရှင်းဖြူဝင်းစေတဲ့ အကြောင်း ပြောပြပါ့မယ်။ ရှားစောင်းလက်ပပ်ဟာ အသားအရေ ခြောက်သွေ့မှုကို ကာကွယ်ပေးပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးတာ ကြောင့် အသားအရေ စိုပြည်စေပြီး အရေပြားတွန့်တာတွေ၊ အသက်အရွယ်ကြီးရင့်တဲ့ လက္ခဏာတွေ လျှော့ချပေးနိုင် ပါတယ်။ ရှားစောင်းလက်ပပ်ကို ရှေးနှစ်ပေါင်းများစွာ ကတည်းက နည်းအမျိုးမျိုးနဲ့ အသုံးပြုခဲ့တယ်။ အခုဖော်ပြမယ့် ရှားစောင်းလက်ပပ်ကို သုံးပြီး ဓာတုဗေဒ ဆေးဝါးမပါဘဲ သင့် အသားအရေ တောက်ပကြည့်လင်စေမယ့် နည်းလမ်း တချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်တိုင်စမ်းသပ်ကြစေလိုပါတယ်။
ရှားစောင်းလက်ပပ်နဲ့ သံပယိုသီး
နေလောင်လို့ ညိုမှောင်အမည်းစက်တွေ သင့် အရေပြားမှ ဖြစ်နေတယ် ဆိုပါစို့။ ရှားစောင်းလက်ပပ် အနည်းယူပြီး အစေးအရည် ညှစ်ယူပါ။ အဲဒီထဲကို သံပယိုသီး အရည် ညှစ်ထည့်ပါ။ အဲဒီနှစ်မျိုး ရောမွေထားတဲ့ အရည်ကို နေလောင် ထားတဲ့ အရေပြားပေါ်က အမည်းစက်စွဲရာတွေပေါ် လိမ်းပါ။ ၁၅ မိနစ်ခန့် ကြာတဲ့ အခါမှာ အဲဒီ သုတ်လိမ်းထားတာတွေကို ရေနွေးနဲ့ ဆေးကြောပါ။ သင် ချက်ချင်းတွေ့တွေ့ရမှာက ညိုမှောင်မှောင် အမည်းစက်တွေ လျော့ပါး ဖယ်ရှားပြီး ဖြစ်တဲ့ အပြင် သင့်ရဲ့ အရေပြားကို ဝင်းလက်တောက်ပစေတာပါပဲ။
ရှားစောင်းလက်ပပ်နဲ့ နှင်းဆီရေ
မျက်နှာမှာ တင်းတိပ်တွေ များလာတာ၊ နေလောင်ကွက်တွေ ပေါ်လာတာ၊ ပါးရေနားရေတွေ တွန့်လာတာဟာ အသက်အရွယ် ကြီးရင့်တဲ့ လက္ခဏာတွေပေါ့။ အဲဒီ လက္ခဏာတွေကို ဖယ်ရှားရှင်းလင်းဖို့ ရှားစောင်းလက်ပပ်နဲ့ နှင်းဆီရေ ရောမွှေထားတဲ့ အရည်က တာဝန်ယူပါလိမ့်မယ်။ ရှားစောင်းလက်ပပ် အရည် ရအောင်ခြစ်ယူပါ၊ အဲဒီထဲကို နှင်းဆီပွင့်ဖတ် တွေကို ဖိညှစ်ရာက ရလာတဲ့ နှင်းဆီပွင့်ဖတ်ရည် အနည်းငယ်ထည့်ပြီး ရောမွှေပါ။ သင့်မျက်နှာ သို့မဟုတ် သင့် အရေပြား ပေါ် လိမ်းကျံပါ။ ၁၅ မိနစ်ခန့် ကြာရင်တော့ ရေအေးနဲ့ ဆေးကြောပါ။ ဒီလို ပုံမှန် လုပ်ပေးမယ်ဆိုရင် ပါးရေနားရေ တွန့်တာ၊ တင်းတိပ်နဲ့ နေလောင်တာတွေ ရှင်းသွားမှာ ဖြစ်တယ်။
ရှားစောင်းလက်ပပ်နဲ့ ပျားရည်
တကယ်လို့ သင့်မှာ အဆီပြန်တဲ့ အသားအရေ ရှိတယ် ဆိုပါစို့၊ ဒါဆိုရင် သင်ဟာ ဝက်ခြံတွေ တင်းတိပ်တွေ မှည့်ခြောက်တွေ ထွက်လာဖို့ သေချာနေပါပြီ။ အဲဒါတွေ ရှင်းလင်းပျောက်ကင်းဖို့နဲ့ နူးညံ့ပျော့ပျောင်းတဲ့ အသားအရေ ဖြစ်စေဖို့ ရှားစောင်းလက်ပပ်နဲ့ ပျားရည်က ကူညီ ပေးနိုင်ပါတယ်။ ဆူးတောင်လေးတွေ ဖယ်ရှားထားတဲ့ ရှားစောင်းလက်ပပ် ကို ရေနွေးနဲ့ ပြုတ်ပါ။ ရှားစောင်းလက်ပပ် နူးအိလာပြီဆိုရင် အဲဒီထဲကို ပျားရည်ထည့်ပြီး ရောမွှေပါ။ အဲဒီနောက် အအအေးခံပြီး သင့်ရဲ့ မျက်နှာနဲ့ လည်ပင်းတွေကို လိမ်းပါ။ မိနစ် ၂၀ လောက် ကြာရင်တော့ ရေနဲ့ ဆေးကြော လိုက်ပါ။ ရှားစောင်းလက်ပပ်နဲ့ ပျားရည်ကို ပုံမှန် လိမ်းကျံပေးခြင်းအားဖြင့် အဆီပြန်တာ သက်သာပျောက်ကင်းစေမှာ သေချာပါတယ်။
ရှားစောင်းလက်ပပ်နဲ့ သခွားသီး
သင့်ရဲ့ အသားအရေကို ဖြူဖွေးလှပချင်တယ် ဆိုရင်တော့ ရှားစောင်းလက်ပပ်နဲ့ သခွားရည်ရောစပ်ပြီး လိမ်းကျံပေးပါ။ ခြောက်တဲ့ အထိ စောင့်ပါ။ ၁၅ မိနစ်လောက်နေရင် ရေအေးနဲ့ ဆေးကြောပါ။ တောက်ပပြီး လန်းဆန်းတဲ့ အသားအရေကို ရရှိစေပါလိမ့်မယ်။ သင့် အသားအရေအတွက် ရှားစောင်းလက်ပပ်ကို ပုံမှန် အသုံးပြုပါ။
ညွှန်း- www.onlymyhealth.com