အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးမယ့် “လမ်းကြောင်း” ဆိုတဲ့ ဇာတ်ကားတွင် Myanmar Idol Season 2 ရဲ့ First Runner Up ဆုရှင် ဘီလီလမင်းအေး ကို တောင်ကြီးသူ ဇာတ်ရုပ်တွင်သရုပ်ဆောင်ရန် ရွေးချယ်ထားတယ်လို့ ဒါရိုက်တာစတီးလ် က ဧရာဝတီကိုပြောပါတယ်။
“တောင်ကြီးသူစစ်စစ်နဲ့ ရိုက်ချင်တယ်ဆိုပြီးတော့ ပြောဖူးတာရှိတယ်။ ပရိုဂျူဆာနဲ့ ဘီလီလမင်းအေးက မိတ်ဆွေတွေလို့ပြောတယ်။ ရိုက်ချင်တယ်လို့ပြောတယ်။ ကျနော်ကလည်း အဆင်ပြေတယ်လို့ ပြောလို့ ရိုက်ဖြစ်တာပါ” လို့ ဒါရိုက်တာ စတီးလ်က ပြောပါတယ်။
ဒီဇာတ်ကားကိုတော့ မေလ ၁၅ ရက်နေ့တွင် စတင်ရိုက်ကူးမည်ဖြစ်ပြီး ဇာတ်ကားတခုလုံးကို တောင်ကြီးတွင်သာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။
နောက်ထပ် ဇာတ်ကားများကိုတော့ ပရိုဂျူဆာက သဘောကျပါက ဘီလီလမင်းအေးနဲ့ ဆက်လက်ရိုက်သွားဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။
ဒါရိုက်တာ စတီးလ် ရိုက်ကူးမယ့် “လမ်းကြောင်း” ဇာတ်ကားတွင် ဇင်ဝိုင်း၊ ထွန်းထွန်း၊မ င်းမော်ကွန်း၊ နေမျိုးအောင်၊ ရွှေသမီး၊ဘီလီလမင်းအေး နဲ့ တခြားသရုပ်ဆောင်တွေပါဝင်မှာ ဖြစ်ပြီး အက်ရှင် ဇာတ်လမ်းပုံစံလည်း ဖြစ်တယ်လို့ သိရပါတယ်။