Lifestyle

ဒီတပတ်ဖတ်စရာ

နော်ရထာနှင့် တို့ဘိုးဘွားများ စာအုပ်မျက်နှာဖုံး

စာရေးသူ –  မင်းယုဝေ

စာအုပ်အမည် –  အနော်ရထာနှင့် တို့ဘိုးဘွားများ

အမျိုးအစား –  အတ္ထုပ္ပတ္တိ

ပုဂံခေတ်၊တောင်ငူခေတ်၊ကုန်းဘောင်ခေတ်အဆက်ဆက်မှာပေါ်ထွန်းခဲ့တဲ့သမိုင်းဝင်ရဟန်းပုဂ္ဂိုလ်၊လူပုဂ္ဂိုလ်သူရဲကောင်းတွေအကြောင်းကိုဆရာကြီးမင်းယုဝေကပြုစုထားတာဖြစ်ပါတယ်။

ဒီစာအုပ်မှာ အနော်ရထာ၊ ကျန်စစ်သား၊ အလောင်းစည်သူ၊ ပံ့သကူမထေရ်၊ ရာဇသင်္ကြံန် သားအဖ၊ ရှင်ဒိသာပါမောက္ခ၊ မိ ဖုရားဖွားစော၊ မင်းထီး၊ မဟာပညာကျော်၊ မဂဒူး၊ ရာဇဓိရာဇ်၊ ရှင်ဘို့မယ်၊ ရှင်သိဒ္ဓတ်၊ ဥပါကောင်း၊ လဂွန်းအိမ်၊ သမိန်ဗရမ်း၊ အမတ်ဒိန်၊ ဘုရင်မကြီးရှင်စောပု၊ ဓမ္မစေတီ၊ မင်းကြီးရန်နောင်၊ သီလဝ၊ ဘယကာမဏီ၊ နန္ဒယော်ဓာ၊ ပေါလသိုင်းစား၊ဗညား ကျန်းတော၊ ဘုရင့်နောင်၊ စစ်ကိုင်းစည်သူကျော်ထင်၊ သတိုးမင်းစော၊ ဆူးတွင်းပစ်ဆရာတော်၊ အလောင်းဘုရား၊ နောင် တော်ကြီး၊ လှိုင်ထိပ်ခေါင်တင်၊ မဟာဗန္ဓုလ၊ မြိုတ်မြို့ဝန် ဦးမြတ်လေး၊ ပခန်းမင်းကြီးဦးရန်ဝေး၊ မက္ခရာမင်းသားကြီး၊ ယော မင်းကြီး ဦးဘိုးလှိုင်၊ ဖန်ချက်ဝန်ထောက်ဦးရွှေအိုး၊ ဘိုးဝဇီရ၊ သံချက်ဝန်ဦးမြူ စတဲ့ ပုဂ္ဂိုလ်ကျော် ၄၀ ပါဝင်ပါတယ်။

ရှေးခေတ်ဘိုးဘွားများရဲ့ လက်ရုံးရည်၊ နှလုံးရည်၊ စိတ်ဓာတ်၊ အားမာန်နဲ့ စေတနာတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။

စိတ်ကူးချိုချိုစာအုပ်တိုက်က တန်ဖိုး ၄၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

မြောက်ပိုင်းစစ်ပွဲနှင့် မြန်မာပြည်ငြိမ်းချမ်းရေး စာအုပ်မျက်နှာဖုံး

စာရေးသူ –              မောင်မောင်စိုး

စာအုပ်အမည် –  မြောက်ပိုင်းစစ်ပွဲနှင့် မြန်မာပြည်ငြိမ်းချမ်းရေး

အမျိုးအစား –  စစ်နှင့်ငြိမ်းချမ်းရေး

ဧရာဝတီအင်္ဂလိပ်ပိုင်း အယ်ဒီတာ ကိုကျော်စွာမိုးနဲ့ ငြိမ်းချမ်းရေးပြဿနာတွေကို ဆွေးနွေးရင်း ဆရာမောင်မောင်စိုးက ဒီ စာအုပ်ကို ပြုစုဖို့စေ့ဆော်မှုရခဲ့ပါတယ်။ ဒီစာအုပ်မှာ အခန်း ၁။ မည်သည့်အခြေခံမူများ ကို ဆုပ်ကိုင်မည်နည်း အခန်း ၂။ ပထမအကြိမ် (၂၁)ရာစု ပင်လုံညီလာခံအပြီး သေနတ်သံများ အခန်း ၃။ ၀ တပ်ဖွဲ့များပြောင်းရွှေ့နေရာချခြင်း အခန်း ၄။ မြောက်ပိုင်းစစ်ပွဲ ၅။ အခန်း ၅။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခန်း ၆။ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားအရေး၊ ငြိမ်း ချမ်းရေး အခန်း ၇။ အရှည်ကြာဆုံး မြန်မာပြည်ငြိမ်းချမ်း ရေး စတဲ့အခန်း ၇ ခန်းပါဝင်ပါတယ်။

ဆရာမောင်မောင်စိုးက `မတူညီမှုများကို အပြန်အလှန်ဆွေးနွေးငြင်းခုံကြသည့် ယဉ်ကျေးမှုတရပ်ထူထောင်ပြီး ကျော်လွှား ကြရန် လိုအပ်ပေလိမ့်မည်။ သို့မဟုတ်ပါက အမျိုးသားရင်ကြားစေ့ရေး ရည်မှန်းချက်ပေါက်မြောက် အောင်မြင်သော်လည်း နာလန်မထူသည့် နိုင်ငံအဖြစ်သို့ လျှောကျသည့် အန ္တရာယ်ကို ကျော်လွှားနိုင်ရန် ခက်ခဲ ပေလိမ့်မည်။`လို့ သုံးသပ်ထား ပါတယ်။

ရွှေနဒီစာပေမှ တန်ဖိုး ၂၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

ဂီတနှင့်ပန်းချီ စံကြည်ကြော့ သို့မဟုတ် ခင်ဝမ်း စာအုပ်မျက်နှာဖုံး

စာရေးသူ –  မောင်ဒီ

စာအုပ်အမည် –  ဂီတနှင့်ပန်းချီ စံကြည်ကြော့ သို့မဟုတ် ခင်ဝမ်း

အမျိုးအစား –   အနုပညာ

မော်ဒန်ပန်းချီဆရာကြီးမောင်ဒီက တေးရေးဆရာမြင့်မိုးအောင်ရဲ့တိုက်တွန်းချက်ကြောင့် `ဂီတနှင့်ပန်းချီ`ဆောင်းပါးတွေကို ရေးသားခဲ့ပါတယ်။ နောက် သူနဲ့အတူ နှစ်ပေါင်းများစွာ အနုပညာလမ်းပေါ်မှာ လျှောက်လှမ်းခဲ့တဲ့ မော်ဒန်ပန်းချီဆရာ၊ ဘာသာပြန် မော်ဒန်စာရေးဆရာ၊ တေးရေး၊ အဆိုတော် ခင်ဝမ်းကို သတိရလွမ်းဆွတ်လို့ ` စံကြည်ကြော့ သို့မဟုတ် ခင် ဝမ်း`ဆောင်းပါးတွေကိုလည်း ရေးသားခဲ့ပါတယ်။

ဒီစာအုပ်ကတော့ အဲဒီဆောင်းပါးတွေကို စုပေါင်းထုတ်ဝေလိုက်တာပါ။ ဆရာမောင်ဒီက `တစ်ခါတလေ လသာတဲ့ည တွေမှာ လမ်းဘေးတွင် မတ်တပ်ရပ်လျက် သေးပန်းကြရင်း မော်ဒန်ပန်းချီအကြောင်းများကို မမောနိုင်မပန်းနိုင်ပြောဆို ဆွေးနွေးခဲ့ရာမှ ခွဲခွာသွားသည့် သူငယ်ချင်း ခင်ဝမ်းကို သတိရလွမ်းဆွတ်ခဲ့သည်များကို မှတ်တမ်းအဖြစ် ရေးသည် ` လို့ ဆိုပါတယ်။

အက္ခရာစာပေက တန်ဖိုး ၂၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

ကုန်းဘောင်ခေတ် မြန်မာ-ပြင်သစ်ဆက်ဆံရေး စာအုပ်မျက်နှာဖုံး

စာရေးသူ –  ဒေါက်တာခင်မြဇင် (ပါရီ)

စာအုပ်အမည် –  ကုန်းဘောင်ခေတ် မြန်မာ-ပြင်သစ်ဆက်ဆံရေး

အမျိုးအစား –  ဘာသာပြန်

ပြင်သစ်နိုင်ငံ ဆိုဘွန်းတက္ကသိုလ်က ပါရဂူဘွဲ့ရရှိခဲ့တဲ့ ဆရာမဒေါက်တာခင်မြကြူကို ဆရာမကြီးဒဂုန်ခင်ခင်လေးက ပြင် သစ်-မြန်မာဆက်ဆံရေးဆိုင်ရာများကို ဘာသာပြန်ဆိုဖို့ တိုက်တွန်းခဲ့ပါတယ်။ ပြင်သစ်ဘာသာကနေ မြန်မာဘာသာကို တိုက်ရိုက်ပြန်ဆိုထားတဲ့ ဒီစာအုပ်မှာ ဗြိတိသျှသမိုင်းဆရာတွေမဖော်ထုတ်ခဲ့တဲ့ ကုန်းဘောင်ခေတ်မတိုင်မီ မြန်မာ-ပြင်သစ် ဆက်ဆံရေးကစလို့ အလောင်းဘုရားလက်ထက် မြန်မာနိုင်ငံမှာ အင်္ဂလိပ်-ပြင်သစ်သြဇာလုမှုတွေ၊ ကုန်းဘောင်ခေတ် မြန် မာခေါင်းဆောင်တွေရဲ့ လွတ်လပ်ရေးမဆုံးပါးဖို့ ကြိုးစားမှုတွေ၊  ရတနာပုံခေတ်မြန်မာ-ပြင်သစ်ဆက်ဆံရေးနဲ့ နန်းတွင်း အ ရေးတော်ပုံတွေ၊ ပြင်ပပယောဂတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။

ရှားပါးအထောက်အထားဓာတ်ပုံ၊ ပန်းချီကားများနဲ့အတူ ဒဂုန်ခင်ခင်လေး၊ တိုက်စိုး၊ ပန်းချီလှတင်ထွန်းတို့ရဲ့အမှာစာတွေ ကိုလည်း ဖတ်ရှုရမှာပါ။

ယဉ်မျိုး စာအုပ်တိုက်က တန်ဖိုး ၃၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

ရာဇပလ္လင်ထက်မှာ ငါးနှစ်တာ စာအုပ်မျက်နှာဖုံး

စာရေးသူ –               သန်းဌေး

စာအုပ်အမည် –  ရာဇပလ္လင်ထက်မှာ ငါးနှစ်တာ

အမျိုးအစား –  နိုင်ငံရေး

သမ္မတဟောင်းဦးသိန်းစိန်ရဲ့ သမ္မတသက်တမ်းငါးနှစ်အတွင်း အဖြစ်အပျက်တွေကို ဆရာသန်းဌေးက သုံးသပ်ချက်တွေနဲ့ အတူရေးသားထားတာပါ။ ဒီစာအုပ်မှာ အခန်း ၁။ နိဒါန်း အခန်း ၂။ ခင်္သြေ့ လည်ပြန် အခန်း ၃။ နွေဦးလား၊ လေရူးသုန် သုန်လား အခန်း ၄။ နိုင်ငံရေးကဏ္ဍမှာ ဘာတွေ စွမ်းဆောင်ခဲ့လဲ အခန်း ၅။ စီးပွားရေး ကဏ္ဍမှာ ဘာတွေစွမ်းဆောင်ခဲ့လဲ အခန်း ၆။ သမ္မဦးသိန်းစိန် မိန့်ခွန်းတချို့နှင့်ဆောင်ရွက်ချက်များကို လေ့လာခြင်း အခန်း ၇။ သာသနာရေးဝန်ကြီးဦးဆန်း ဆင့် ထောင်ချခံရခြင်း အခန်း ၈။ ဘူဒိုဇာတစ်ခေတ် ဆန်းသစ်စေ သူ အခန်း ၉။ သမ္မတဦးသိန်းစိန် ခရီးအသွားဆုံးနှစ် အခန်း ၁၀။ ဒီချုပ်အမတ်လောင်း ဓားခုတ်ခံရ အခန်း ၁၁။ ရွေးကောက်ပွဲရွှေ့မယ်၊ မရွှေ့ဘူး အခန်း ၁၂။ ၂၀၁၅ ရွေး ကောက်ပွဲ နောက်ဆက်တွဲ ကြိုတင်မဲ ပြဿနာ အခန်း ၁၃။ ကျောင်းသားတွေအတွက် ထောင်တံခါးပွင့်လေပြီ အခန်း ၁၄။ ရွေးကောက်ပွဲကာလ ထူးခြားဖြစ်စဉ်များ အခန်း ၁၅။ ရွေးကောက်ပွဲမတိုင်ခင် ဘယ်သူတွေဘယ်လိုပြောခဲ့ကြလဲ  အခန်း ၁၆။ ဖိုးလပြည့်ရဲ့သမိုင်းတွင် မယ့်တစ်ညနဲ့ဇာတ်လမ်းတွဲ အခန်း ၁၇။ လစ်ပတန်တီး တစ်ခွက်ရဲ့ ဂယက်အနက် အခန်း ၁၈။ မြေစာပုံအောက် ရောက်ခဲ့သော မြေဇာပင် အခန်း ၁၉။ Global Witness အထုပ်ဖြည်တဲ့ ဖားကန့်ဇာတ်ရှုပ်  အခန်း ၂၀။ ပနားမား အစီရင်ခံစာ အခန်း ၂၁။ မြန်မာပြည် ဘာတွေ ဆက်ဖြစ်ဦးမှာလဲ အခန်း ၂၂။ ကာလာစုံဖဲကြိုးလှုပ်ရှား မှုမှ သည်အခန်း ၂၃။ နိဂုံး စတဲ့ အခန်း ၂၃ ခန်းပါဝင်ပါတယ်။

ကောင်းစုသာစာပေက တန်ဖိုး ၃၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

Loading