၁။ သားစိုးနှင့် ဝေယံမင်းသူတို့ ဖျော်ဖြေမည့် French (Love) Friday အထူးသင်္ကြန်ပါတီကို ပြည်လမ်းရှိ ပြင်သစ် ယဉ်ကျေးမှု စင်တာတွင် ၇.၄.၂၀၁၇ ရက်နေ့ည ၈ နာရီ်မှ ၁၂ နာရီအထိ ပြု လုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပါတီပွဲတွင် မြန်မာ့ရိုးရာ တေးသီချင်းများ၊ ခေတ်ပြိုင် အီလက်ထရိုဂီတများနှင့် ရောသမမွှေထားသည့် ဂီတသံစဉ်များကို ဖျော်ဖြေ သွားမည် ဖြစ်ပြီး ဝင်းကြေး ၈၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
၂။ J-Meနှင့် Ya Tha တို့၏ YOUK SHI – Made in Myanmar ဂီတဖျော်ဖြေပွဲကို မြရိပ်ညို ဟိုတယ်တွင် ၁၂.၄.၂၀၁၇ ရက်နေ့ ညနေ ၄ နာရီတွင် စတင်မည် ဖြစ်သည်။ ကြိုတင်လက်မှတ်များကို ၁ သောင်းသတ်မှတ်ထားပြီး ပွဲအတွင်း ဝယ်ယူလျှင် ၁ သောင်း ၂ ထောင်ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
၃။ Myanmar International Lighting Festival 2017 ပွဲတော်ကို ပြည်သူ့ဥယျာဉ်တွင် သင်္ကြန်ပွဲတော်ရက်များမှ အပ ၃၀.၄.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်ကြေး ၃၀၀၀ ကျပ် သတ်မှတ်ထားပြီး ရှုမငြီးစဖွယ် မြန်မာမှု ပုံစံ မီးရောင်စုံ အလှအပများကို ချစ်ခင်သူများနှင့် အတူ ပျော်ရွှင်စွာ ဖြတ်သန်းခံစားနိုင်မည် ဖြစ်သည်။
၄။ ရွှေဒေါင်း ဆပ်ကပ်ဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်တွင် အပတ်စဉ် ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေ နေ့များတွင် ပြုလုပ်သွားမည် ဖြစ်သည်။ လက်မှတ်ဈေးနှုန်းမှာ ၅ ထောင်ကျပ် သတ်မှတ်ထားပြီး City Mart Branch များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
၅။ အပတ်စဉ် အင်္ဂါနေ့တိုင်း ပြုလုပ်နေကျဖြစ်သည့် `TUESDAY SNIPPETS’ စကားဝိုင်းကို ပန်းဆိုးတန်း အနုပညာ ပြခန်းတွင် ၁၁.၄.၂၀၁၇ ရက်နေ့ည ၇ နာရီတွင် စတင်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
၆။ မြူးကြွသည့်ဒီဂျေတေးသံများနှင့် Lust Night သင်္ကြန်အကြိုပွဲတော်ကို အလုံလမ်း၊ Yangon International Hotel Compound ရှိ Muse Bar တွင် ၇.၄.၂၀၁၇ ရက်နေ့ည ၁၀ နာရီမှ ၈.၄.၂၀၁၇ ရက်နေနေ့လည် ၂ နာရီအထိ ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်ကြေး ၆၀၀၀ ကျပ်သတ်မှတ်ထားပြီး ဖုန်းနံပါတ် ၀၉-၇၃၀၉၀၆၈၀၊ ၀၉-၃၀၀၀၉၅၀၄ သို့ ဆက်သွယ် ဝယ်ယူနိုင်ကြောင်းသိရသည်။
၇။ အသက် ၁၀ နှစ် အရွယ် ပန်းချီဆရာလေး အောင်နေမျိုးခန့် (ခ) မောင်ဖိုးသား၏ MPT ပန်းချီပြပွဲကို ယုဇနဥယျဉ် မြို့တော်ရှိ Eternal Art Gallery တွင် ၁.၄.၂၀၁၇ မှ ၂၈.၄.၂၀၁၇ ရက်နေ့အထိ ပြုလုပ် သွားမည် ဖြစ်သည်။ ပြပွဲတွင် အခရိုင်းလစ်ပန်းချီကား ၄၁ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၈။ ပန်းချီဆရာ ၆ ဦးပါဝင်မည့် Authentic Art ပန်းချီပြပွဲကို ယောမင်းကြီးလမ်းရှိ Gallery 65 တွင် ၇.၄.၂၀၁၇ မှ ၁၀.၄.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ရေဆေးပန်းချီကား ၆၀ ခန့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၉။ ပန်းချီဆရာ ၂၀ ကျော် ပါဝင်သည့် ရှင်သန်ခြင်း (၄) ပန်းချီပြပွဲကို နှင်းဆီကုန်း ဘိုးဘွားရိပ်သာရှိ နှင်းဆီမြိုင် ပန်းချီ ပြခန်းတွင် ၄.၄.၂၀၁၇ မှ ၇.၄.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွာမည် ဖြစ်သည်။ ပြပွဲတွင် လက်ရာစုံ ၆၀ ကျော် ပြသသွားမည် ဖြစ်ပြီး ရောင်းရငွေ၏ ၃၀ ရာခိုင်နှုန်းကို သင်္ကန်းကျွန်းမြို့နယ်ရှိ သာသနဂုဏ်ရည် သီလရှင်စာသင်ကျောင်း သို့ လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။
၁၀။ ပန်းချီဆရာ ၁၂ ဦးပါဝင်သော HUE ပန်းချီပြပွဲကို ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ မြန်မာနိုင်ငံ ပန်းချီပန်းပုကောင်စီ (ဗဟို) ပန်းချီပြခန်းတွင် ၅.၄.၂၀၁၇ ရက်မှ ၉.၄.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် လက်ရာစုံ ပန်းချီ ကားပေါင်း ၄၀ ကျော်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ ။