စာရေးသူ – ထက်မြက်
စာအုပ်အမည် – အမှောင်ထုကို ဖြတ်သန်းခြင်း
အမျိုးအစား – နိုင်ငံရေး
၁၉၅၈ ခုနှစ်နဲ့ ၁၉၆၉ ခုနှစ်အစိုးရဟာ စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာအများစုပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသား တွေကို ဘင်္ဂလားပင်လယ်အော်မှာရှိတဲ့ ကိုကိုးကျွန်းကို ပို့ခဲ့ပါတယ်။ ဆရာထက်မြက်ပါဝင်ခဲ့တဲ့ ၁၉၆၉ ခုနှစ်၊ နိုင်ငံရေး အကျဉ်းသမားတွေဟာ ကျွန်းပို့အကျဉ်းထောင်စနစ်ဖျက်သိမ်းရေး၊ ကိုယ်ထူကိုယ်ထစနစ် ဖျက်သိမ်းပေးရေးအတွက် အစာငတ်ခံဆန္ဒပြရင်း ၈ ဦးအထိ သေဆုံးခဲ့ကြရပါတယ်။
ဒီစာအုပ်မှာ အခန်း ၁။ အင်းစိန်တိုက် အခန်း ၂။ ကိုကိုးကျွန်းသို့ အခန်း ၃။ ကိုကိုးကျွန်း အခန်း ၄။ မုန်တိုင်းများကို အန် တုခြင်း အခန်း ၅။ ကိုကိုးကျွန်းအကျဉ်းထောင်မှ ကိုယ်ထူကိုထဖျက်သိမ်းရေးနှင့် ကျွန်းပို့အကျဉ်းထောင်စနစ် ဖျက်သိမ်း ရေး ၅၃ ရက် အစာငတ်ခံတိုက်ပွဲ အခန်း ၆။ အသေခံသူရဲကောင်းများ အခန်း ၇။ ကိုကိုးကျွန်းအကျဉ်းထောင် ဖျက်သိမ်း ခြင်းနဲ့ နောက်ဆက်တွဲတွေကို ဖတ်ရှုရမှာပါ။ ဆရာထက်မြက်၊ ဆရာနီဟိန်း၊ ဆရာTPT၊ ဆရာငြိမ်းေ၀ (ကဗျာအိုး ဝေ) တို့ရဲ့အမှာစာတွေကိုလည်းဖတ်ရှုရမှာပါ။ စိတ်ကူးချိုချိုစာပေက တန်ဖိုး ၄၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူ – ဗိုလ်ကလေးတင့်အောင်
စာအုပ်အမည် – ပန်းဝင်္ကပါ
အမျိုးအစား – အနုပညာ
င်္ကပါလမ်းက ရုပ်ရှင်၊ ဂီတအနုပညာရှင်တွေကို ပြည်သူချစ်တဲ့ပန်းလေးတွေလို့ ခံစားမိတဲ့စိတ်၊ ဆရာငွေဥဒေါင်းရဲ့ စာဝင်္က ပါနာမည်ကို နှစ်သက်တဲ့စိတ်အရင်းခံရာက ပန်းဝင်္ကပါဆိုတဲ့ စာအုပ်နာမည်လေးဖြစ်လာပါတယ်။
အမျိုးသား စာပေဆုလည်းရရှိခဲ့တဲ့ ဒီပန်းဝင်္ကပါစာအုပ်မှာ ၁၉၄၉ ခုနှစ်ကနေ ၁၉၅၅ ခုနှစ်အထိ ထင်ရှားအောင်မြင်ခဲ့တဲ့ ဝင်းဝင်းပြဇာတ် ခေတ်ကို အခြေခံပြီး ဗိုလ်ကလေးတင့်အောင်နဲ့ အခြားအနုပညာသည်တွေ ရုန်းကန်ခဲ့ရတဲ့ အနုပညာ ဝင်္ကပါဘဝတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ ဘဘဗိုလ်ကလေးတင့်အောင်ရဲ့အမှာစာ၊ ဆရာကြီးမြသန်းတင့်ရဲ့အမှာ စာတွေကိုလည်း ဖတ်ရှု ရမှာပါ။
လင်းလွန်ခင်စာပေက တန်ဖိုး ၃၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူ – ခင်သန္တာ
စာအုပ်အမည် – ငြိလက်စကြိုးနှင့် အခြားဝတ္ထုတိုများ
အမျိုးအစား – ဝတ္ထုတို
ဆရာမခင်သန ္တာရဲ့ဝတ္ထုတိုတွေကို စုစည်းထားတာဖြစ်ပါတယ်။ အမှာစာရေးပေးထားတဲ့ ဆရာမစမ်းစမ်းနွဲ့ (သာယာဝတီ) ကတော့ ဝတ္ထုတပုဒ်ချင်းစီက ရင်ကိုထိမှန်အောင် ပစ်ခွင်းတဲ့ မြစ်တစ်စင်းလို့ ဆိုပါတယ်။
ဒီစာအုပ်မှာ ကံကောင်းတယ်လို့ ဆိုကြလား၊ အမှီ၊ မယားစံ ဘယ်လိုရွေးရပါ့၊ ပျော့သောနှှီးဖြင့် ခိုင်အောင်ချည်၊ သမီး တ ယောက်ရဲ့ ဒိုင်ယာရီ၊ ကျောက်ကောင်းကလေးများ ရာဇဝင်၊ ပေါင်းစည်းလာသော အမြုတေများ၊ မတွန်းကန်နိုင်သော အမျိုးတူများ၊ နှောင်တွယ်ရစ်ငင် ချစ်ချင်သော်လည်း၊ ထွက်ပေါက်၊ ကြွေတစ်လှည့်၊ ရိုးမြေကျ၊ အပ်နှစ်စင်း၏ ဒဏ္ဍာရီ၊ အမျှင်တို့၏ခေါ်ရာ၊ ပြည့်စုံခြင်း ပန်းချီကားအတွက် ဆေးရောင်မဲ့ စုတ်ချက်၊ ခါတော်ရောက်ချိန် နီးလို့လာပြီ၊ ငြိလက်စ ကြိုး စတဲ့ ဝတ္ထုတို ၁၇ ပုဒ်ပါတယ်။
အလင်းအိမ်မီဒီယာဂရု(ဖ)က တန်ဖိုး ၃၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – တက္ကသိုလ် ခင်မောင်ဇော်
စာအုပ်အမည် – မြို့တော်တစ်ခွင် အတိတ်ဖြစ်စဉ်
အမျိုးအစား – သမိုင်း
တချိန်က ရန်ကုန်ဟာ အရှေ့တောင်အာရှမှာ အလှဆုံး၊ အသန့်ရှင်းဆုံး၊ စည်းကမ်းအသေဝပ်ဆုံးဖြစ်ခဲ့ပြီး စင်္ကာပူနိုင်ငံက တောင် အားကျခဲ့တယ်လို့ ဒီစာအုပ်မှာ ဆိုပါတယ်။ ဒီစာအုပ်မှာ မြန်မာ့လွတ်လပ်ရေး မော်ကွန်းကျောက်တိုင်ကြီး၏ အတိတ်ဖြစ်စဉ် သမိုင်း၊ မြန်မာ့ကျက်သရေဆောင်မြို့တော်ခန်းမ၊ မြို့တော်ရန်ကုန်၏အဝိုင်းကြီးများ၊ ဟိုတခေတ်က ကျူး ကျော် ကွက်သစ်များနှင့် လမ်းဘေးကျူးကျော်ဆိုင်များ၊ အနှစ်သုံးဆယ်ကျော်က ပို့ဆောင်ရေးယာဉ်များ၊ စစ်ကြိုခေတ် နှောင်း မြို့လယ်မြို့ပတ် ရုပ်ရှင်ရုံများ၊ ပန်းခြံနှင့်အငြိမ့်၊ မြို့တော်၏အထင်ကရ အဆောက်အအုံများ (စစ်ကြိုခေတ်)၊ မြို့တော်၏ အ ထင်ကရ အဆောက်အအုံများ (စစ်ပြီးခေတ်)၊ နယ်ချဲ့ကိုလိုနီခေတ်ဦးက ရန်ကုန်စာတိုက်ကြီး၊ သမိုင်း လမ်း ကြောင်းပေါ် ပြောင်းလဲသွားသော မြေကွက်များ စတဲ့ ရန်ကုန်မြို့ရဲ့အတိတ်သမိုင်းတွေကို ရှားပါးဓာတ်ပုံတွေနဲ့အတူ ဖတ် ရှုရမှာ ဖြစ်ပါတယ်။
ဆရာဒေါက်တာမောင်မောင်ညို၊ ဆရာတက္ကသိုလ်ခင်မောင်ဇော်တို့ရဲ့အမှာစာတွေကိုလည်း ဖတ်ရှုရမှာပါ။
သူရိယစာပေက တန်ဖိုး ၂၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။