Lifestyle

ဝေဠုကျော်ဖောင်ဒေးရှင်း မှ သစ်အစား ဝါးအစားထိုး သင်တန်းများပေးနေ

Want create site? Find Free WordPress Themes and plugins.

ဝါးကို သစ်နေရာတွင် အစားထိုးရန် စီမံကိန်းအဖြစ် နေပြည်တော်၊ မန္တလေး၊ ပဲခူးတို့တွင် လုပ်ငန်းခွင်အတွင်း လက်တွေ့သင်ကြားမှုများပြုလုပ်နေပြီး သင်ကြားလိုပါက ဝေဠုကျော်ဖောင်ဒေးရှင်း မှတဆင့် ဆက်သွယ် သင်ကြားနိုင်တယ်လို့ ဝေဠုကျော်က ပြောပါတယ်။

“ဝါးကို သစ်အစားထိုး စီမံကိန်းအဖြစ် လုပ်နေပါတယ်။ အဲဒီအတွက် သင်တန်းတွေပေးနေပါပြီ။ နေပြည်တော်၊ မန္တလေး ပဲခူးတိုင်းမှာလည်း ရှိပါတယ်။ အဲဒီမှာ သင်တန်းလာတက်ချင်တယ်ဆိုရင် ဝေဠုကျော်ဖောင်ဒေးရှင်း မှာ ဆက်သွယ်လို့ ရပါတယ်။ လာစရိတ်၊ သွားစရိတ်ပဲကုန်ကျပါမယ်။

သင်တန်းစရိတ်မရှိပါဘူး။ စားစရိတ်မရှိပါဘူး။ ပြီးတော့တတ်နိုင်တဲ့ လုပ်အားခလေး ပြန်ပါသွားအောင်ပေးပါသေးတယ်” လို့ ဝေဠုကျော်က ပြောပါတယ်။

အဆိုပါ သင်တန်းကို စာတွေ့အနေနဲ့မဟုတ်ဘဲ လုပ်ငန်းခွင်တွင် လက်တွေ့အနေဖြင့် သင်ကြားပေးတဲ့အပြင် လုပ်အားခအနေနဲ့လည်း ပြန်လည်ပေးအပ်တယ်လို့ သိရပါတယ်။

ဒီ သင်တန်းလုပ်ရခြင်းအကြောင်းကို ဝေဠုကျော်က “ဝါးက ၃၊၄ နှစ် ကြာရင်ထုတ်လို့ရပြီ။ သစ်က ၁၄၊ ၁၅ နှစ်ကြာမှ လုပ်လို့ရပါတယ်။ ဝါးကို ဖြုတ်ကစပြီး ဆင်အထိကြိုက်ကြတယ်။ ဝါးကို နှစ် ၃၀ ကနေ နှစ် ၅၀ ထိကြာအောင် အသုံးပြုနိုင်ဖို့ နည်းပညာရပါပြီ။ အထပ်သားတွေလုပ်လို့ရနေပါပြီ။

ဝါးကို နှစ်ပေါင်း ၃၀ ခံအောင် ၅၀ ခံအောင် ဘယ်လိုဆေးစိမ်မယ်။ ဘယ်လိုပေါင်းမယ် ဆိုတာတွေကို သင်ပေးတာပါ။ နယ်တွေမှာ သစ်နေရာမှာ ဝါးကိုအသုံးပြုနိုင်အောင်လို့ပါ။ သုံးထပ်သားလို ငါးထပ်သားလိုလည်း လုပ်လို့ရပါတယ်” လို့ ပြောပါတယ်။

ယခုလက်ရှိတွင် ဝေဠုကျော်ကို ဝါးအသင်း ရဲ့ သံတမန်အဖြစ် ခန့်အပ်ထားပြီး ဝါးနဲ့ ပတ်သက်သော နည်းပညာများကိုလည်း ဝါးအသင်းက နိုင်ငံတကာမှ လေ့လာထားတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဝါးအသင်း မှ တာဝန်ယူကာ နိုင်ငံတကာမှ ဘတ်ဂျက်အကူအညီဖြင့် ဝါးအိမ်များဆောက်လုပ်ပြီး လှူဒါန်းမှုများလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading