Lifestyle

ဒီတပတ်ဖတ်စရာ

Want create site? Find Free WordPress Themes and plugins.

စာရေးသူ – ဟံသာဝတီဦးဝင်းတင်
စာအုပ်အမည် – အဝေးရောက်ပေးစာများ
အမျိုးအစား – ပေးစာ

သားနဲ့သမီးထံ ကမ္ဘာကျော်ပေးစာတွေကို မြန်မာဘာသာပြန်ဆိုခဲ့ပြီးပါပြီ။ ဒီစာအုပ်ကတော့ နိုင်ငံရေးသမား၊ သ တင်းစာဆရာ၊ စာရေးဆရာ ဟံသာဝတီဦးဝင်းတင်ရဲ့ထောင်ကျနေစဉ် ရေးခဲ့တဲ့ပေးစာတွေကို မိသားစုခွင့်ပြုချက်နဲ့ စုစည်း ပုံနှိပ်လိုက်တာ ဖြစ်ပါတယ်။

ဆရာကြီး ဦးဝင်းတင် ၁၉၅၇ ခုနှစ်၊ စာပေဗိမာန်အစီအစဉ်နဲ့ ဟော်လန်နိုင်ငံမှာ အလုပ်လုပ်နေချိန်၊ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်အနေနဲ့ မန္တလေးမှာ ရှိနေချိန်၊ စစ်အစိုးရလက်ထက် နှစ်ပေါင်း၂၀ အကျဉ်းကျနေချိန်တွေမှာ သမီးများထံပို့ ပေးဖြစ်ခဲ့တဲ့စာတွေပါ။ သ မီးများကို ဘဝနေနည်းတွေလမ်းညွန်ပေးထားတာအပြင်၊ ဆရာကြီးရဲ့ဟော်လန်မြေက နှလုံး သားရေးရာ အတွေ့အကြုံ၊ ဆွစ်ဇာလန်မှာ ရက်လွန်လို့အဖမ်းခံရတာတွေ၊ အီတလီမှာ ဟိုတယ်မတည်းနိုင်လို့ ဘူတာမှာ အိပ်ခဲ့ရတဲ့ အတွေ့အကြုံတွေကိုလည်း ဖတ်ရှုရမှာပါ။

ဆရာကြီးမင်းသုဝဏ်က ဟံသာဝတီဦးဝင်းတင်ထံ ပေးပို့ခဲ့တဲ့ မွေးနေ့အမှတ်တရလက်ဆောင်စာ၊ မိသားစုဓာတ်ပုံများ၊ အ ကျဉ်းထောင်ထဲမှာ ရေးခဲ့တဲ့မူရင်းစာများနဲ့ ဟံသာဝတီဦးဝင်းတင်ရဲ့ထောင်ထွက်လက်မှတ်ကိုလည်း ထည့်သွင်းပေးထား ပါတယ်။
စိတ်ကူးချိုချိုစာပေက တန်ဖိုး ၁၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

စာရေးသူ – လူထုဒေါ်အမာ
စာအုပ်အမည် – ရွှေမန်းတင်မောင်
အမျိုးအစား – အတ္ထုပ္ပတ္တိ

၁၉၇၀ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ရွှေမန်းတင်မောင်စာအုပ်ကို ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေလိုက်တာဖြစ်ပါ တယ်။ လူထုဒေါ်အမာရဲ့ရွှေမန်းတင်မောင်ကို ဖတ်ကြည့်လိုက်ရင်တော့ ဇာတ်သဘင်အစစ်ဆိုတာ ဘာလဲဆိုတာ သိကြ ရမှာပါ။ ရွှေမန်းတင်မောင်ကို သိမီလိုက်တဲ့ လူများအဖို့ ခုခေတ်ဇာတ်သဘင်တွေကို ကြည့်ပြီး နှာခေါင်းရှုံ့ကြမှာပါ။

ရွှေမန်းတင်မောင်ရဲ့ထိလှတဲ့အပြော၊ အသည်းငြိစေမယ့်အဆို၊ ဇာတ်စာရေးများရဲ့မှတ်သားလောက်တဲ့စာသားတွေ မရှိသ လောက်ရှားသွားပါပြီ။ ဒါကြောင့် ယနေ့ခေတ် ဇာတ်သဘင်အစစ်ကို ငတ်မွတ်နေသူတွေအတွက် ဇာတ်သဘင်ဆိုတာ ဒါပဲ လို့ သမားစဉ်ကို ချပြလိုက်တဲ့အနေနဲ့ ပြန်လည်ထုတ်ဝေလိုက်တာလို့ ထုတ်ဝေသူက ဆိုပါတယ်။ မြန်မာ့ဇာတ်သဘင် အ ဆင့်အတန်းမြင့်မားရေးကိုလည်း မျှော်မှန်းတယ်လို့လည်း ဆိုပါတယ်။

လူထုစာအုပ်တိုက်က တန်ဖိုး ၈၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။

စာရေးသူ – မသီတာ (စမ်းချောင်း)
စာအုပ်အမည် – ရောင်စဉ်များရဲ့ အဇ္ဈတ္တ
အမျိုးအစား – စာပေ

လေးနက် ကလောင်အမည်နဲ့လုပ်ခဲ့တဲ့ အင်တာဗျူးများကို ပြန်လည်ထုတ်ဝေလိုက်တာဖြစ်ပါတယ်။ မြန်မာဝတ္ထု တိုဆရာတွေ့ရဲ့ဝတ္ထုတိုဆိုင်ရာ အတွေးအမြင်တွေနဲ့ အတွေ့အကြုံတွေကို မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။

ဒီစာအုပ်မှာ မောင်ဝဏ္ဏ၊ မြနှောင်းညို၊ မင်းလူ၊ ပြေ (ဆေး-၂)၊ နုနုရည် (အင်းဝ)၊ ဂျိုဇော်၊ နေဝင်းမြင့်၊ ခက်မာ၊ စိုးမင်းဦး၊ မေ ငြိမ်း၊ ဖေမြင့်၊ ကျော်ရင်မြင့်၊ ရဲဘုန်းခေါင်၊ ခင်မောင်တိုး (မိုးမိတ်)၊ မခင်လေး (ရန်ကုန်တက္ကသိုလ်)၊ ကြည်ဇော်ဝင်း၊ ပိုင်စိုး ဝေ၊ စိန်ဥမယ်၊ ရဲသျှမ်း၊ မောင်တင်ဆင့်၊ မဝင့် (မြစ်ငယ်)၊ မိုးချိုသင်း၊ သိုက်ထွန်းသက်၊ သင်းမြစန္ဒီ၊ စုထား၊ ဝင်းဝင်းမြင့် (နန်း တော်ရှေ့)၊ ဆူးငှက်၊ ပိုင်ကျွမ်း၊ ကိုခေး၊ ဝင်းစည်သူ၊ မင်းသစ် စတဲ့ မဂ္ဂဇင်းဝတ္ထုတိုဆရာ၊ ဆရာမ ၃၁ ဦးတို့ရဲ့ စာရေးသူနဲ့ အကြောင်းအရာ၊ စာရေးသူနဲ့ပုံသဏ္ဌာန် စာရေးသူနဲ့ဇာတ်ကောင်၊ စာရေးသူနဲ့ခေါင်းစဉ်၊ စာရေးသူနဲ့ နိဂုံး၊ စာရေးသူနဲ့ကာ လယန္တရားစတဲ့ ခေါင်းစဉ်မေးခွန်းတွေအတွက် ဖြေကြားထားတဲ့ အဖြေတွေ၊ စာတမ်းအရေးကောင်းတဲ့ ဆရာကြည်နိုင်၊ ဆရာသီဟတို့ရဲ့ရသစာတမ်းဆိုင်ရာ ဖြေဆိုထားမှုတွေကို ဖတ်ရှုရမှာပါ။

ငါတို့စာပေက တန်ဖိုး ၃၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

စာရေးသူ – ဂျာနယ်ကျော်တင့်ဆွေ
စာအုပ်အမည် – ကမ္ဘာဖြူ
အမျိုးအစား – ဝတ္ထု
၁၉၅၀ ခုနှစ်မှာ ထွက်ပေါ်ခဲ့တဲ့ ကမ္ဘာဖြူဝတ္ထုဟာ မြန်မာစာပေသမိုင်းမှာ ပထမဆုံးပင်ကိုယ်ရေး မြန်မာ-သိပ္ပံ လုံး ချင်းဝတ္ထုလို့ လေ့လာသူတွေက ဆိုကြပါတယ်။ ကမ္ဘာပေါ်မှာ တတိယကမ္ဘာစစ်ဖြစ်မှာကို ကြောက်လန့်ကြလို့ အင်္ဂါဂြိုလ်ပေါ် သွားခဲ့ကြတဲ့ ဥရောပက အင်္ဂလိပ်သားအဖနှစ်ယောက်နဲ့ မြန်မာနိုင်ငံက သတင်းထောက်တင့်ဆွေတို့ရဲ့ အင်္ဂါဂြိုလ်ပေါ်မှာ ကြုံတွေ့ခဲ့ကြရတာကို ဖတ်ရှုရမှာပါ။

သိပ္ပံပညာရပ်ဆိုင်ရာတွေကိုသာ တင်ပြထားတာမဟုတ်ဘဲ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့အယူအဆ၊ လူမှုအဖွဲ့အစည်းတွေ ပုံ သဏ္ဌာန်ကိုလည်း အကျယ်တဝင့်တင်ပြထားပါတယ်။ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာထင်အောင်ရဲ့အမှာစာမှာ အသုံးဝင်အဖိုးထိုက်တန်လှပေသည်လို့ ဆိုထားပါတယ်။

အရှေ့အနောက်စာပေက တန်ဖိုး ၂၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading