Lifestyle

ထူးခြားတဲ့ စတူဒီယို ဖန်တီးချက်များနဲ့ Huawei P10, P10 Plus

Want create site? Find Free WordPress Themes and plugins.

Huawei စမတ်ဖုန်းကုမ္ပဏီမှ ကမ္ဘာကျော် ကင်မရာ အမှတ်တံဆိပ် Leica နဲ့ ပူးပေါင်းပြီး ဖန်တီး ထုတ်လုပ်လိုက်တဲ့ နောက်ဆုံးပေါ် Huawei P10 နဲ့ P10 Plus စမတ်ဖုန်းတို့ကို မေလ ၅ ရက်နေ့က ရန်ကုန်မြို့ Novotel Max ဟိုတယ်မှာ မိတ်ဆက်ခဲ့ပါတယ်။

ထူးခြားချက်အနေနဲ့ အသစ်ထုတ်လုပ်တဲ့ P10, P10 Plus စမတ်ဖုန်းတွေက အလှဓာတ်ပုံ ရိုက်ကူးမှုတွေမှာ ပရော်ဖက်ရှင်နယ် စတူဒီယိုပုံစံ ဖန်တီးပြုလုပ်ချက်များ ပါဝင်လာပြီး ကင်မရာပိုင်းမှာလည်း အရှေ့ဘက် ကင်မရာရော အနောက်ဘက် ကင်မရာမှာပါ Leica Dual ကင်မရာများ အသုံးပြုထားတာ တွေ့ရပါတယ်။

ကင်မရာအရည်အသွေးအနေနဲ့ Rear Camera ကို 20 Megapixel နဲ့ 12 Megapixel ကင်မရာများနဲ့ ၂ ဆအထိ ချဲ့ထွင် ရိုက်ကူးနိုင်တဲ့ Hybrid Zoom စတဲ့ လုပ်ဆောင်ချက်များနဲ့ စတူဒီယို ပုံထွက်အတိုင်း အလင်းအမှောင် ချိန်ပေးနိုင်မှု၊ 3D မျက်နှာပြင်ရှာဖွေခြင်း နည်းပညာများ အပါအဝင် အခြားအဆင့်မြင့် ဖန်တီးချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

Leica Dual-Camera 2.0 Pro Edition ပါဝင်တဲ့ P 10 Plus စမတ်ဖုန်း ကင်မရာမှာ F/1.8 aperture ပါရှိတဲ့ Leica SUMMILUX-H မှန်ဘီလူးအသစ် ပါဝင်ပြီး မြင်ကွင်းကို ပိုမိုကျယ်ပြန့်စေကာ အလင်း အားနည်းတဲ့ အခြေအနေ များမှာလည်း အလင်းတိုး ထည့်ပေးတဲ့ လုပ်ဆောင်ချက်များ ပါဝင်ပါတယ်။

မျက်နှာပြင် အရွယ်အစား ၅.၁ လက်မ Full HD Screen ရှိတဲ့ P10 နဲ့ မျက်နှာပြင် အရွယ်အစား ၅.၅ လက်မ 2K Resolution အရည်အသွေးရှိတဲ့ P10 Plus တို့ကို 2.5D glass, Corning Gorilla Glass 5 တို့ အသုံးပြုထားတာ တွေ့ရပါတယ်။ CPU အနေနဲ့ အရည်အသွေး မြင့်မားတဲ့ 960 multi-core CPU Processor အသုံးပြုထားပါတယ်။

Memory အနေနဲ့ 64GB Storage နဲ့ 4GB RAM တို့ ပါဝင်ပြီး ဘက်ထရီအား ပမာဏအနေနဲ့ P10 မှာ 3200 mAh နဲ့ P10 Plus မှာ 3750 mAh အားပမာဏတို့ ပါဝင်ပြီး Supercharge နည်းပညာကြောင့် အားပြန်သွင်းရန် အလွန်လျင်မြန်တဲ့ စွမ်းဆောင်ရည်လည်း ပါဝင်တယ်လို့ သိရပါတယ်။

P10 ဖုန်းကို ဈေးနှုန်း ၇၉၉၀၀၀ ကျပ်၊ အရောင်အနေနဲ့ Prestige Gold, Graphite Black နဲ့ Dazzling Blue စတဲ့အရောင် ၃ မျိုးနဲ့ P10 Plus ဖုန်းကို ဈေးနှုန်း ၉၉၉၀၀၀ ကျပ်၊ အရောင်အနေနဲ့ Dazzling Blue, Graphite Black နဲ့ Dazzling Gold အရောင် ၃ မျိုးရရှိနိုင်မှာဖြစ်ပြီး စတင်ရောင်းချတဲ့နေ့မှာ Dazzling Gold အရောင် တမျိုးသာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

P10 နဲ့ P10 Plus စမတ်ဖုန်းများကို မေလ ၁၀ ရက်နေ့မှာ ရန်ကုန်မြို့ မြန်မာပလာဇာနဲ့ မန္တလေးမြို့ Skywalk Shopping Mall တို့မှာ တပြိုင်နက် စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading