Lifestyle

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

Want create site? Find Free WordPress Themes and plugins.

ဂစ်တာပညာရှင်များစွာ ပါဝင်မည့် ဒုတိယအကြိမ်မြောက် Myanmar Guitar Festival 2017 ပွဲကို ကန်တော်ကြီး၊ မျှော်စင်ကျွန်းတွင် ၁၀.၅.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ အခမဲ့ဖျော်ဖြေပွဲဖြစ်ပြီး MRTV-4 မှလည်း တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်ကြောင်းသိရသည်။

ကမ္ဘာကျော် အနုပညာရှင်များဖြစ်သည့် CL(2NE1)၊ Nelly၊ SouljaBoy & Many More တို့ ပါဝင်ဖျော်ဖြေမည့် UnDerDawg Festival ပွဲကို သင်္ဃကျွန်းမြို့နယ်ရှိ၊ ThuwannaBhumi Event Park တွင် ၁၃.၅.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီ ၃၀ တွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များမှာ ၂၅ ဒေါ်လာမှာ ဒေါ်လာ ၂၄၀ အထိသတ်မှတ်ထားပြီး ဖုန်းနံပါတ် ၀၉၂၆၀၇၀၂၇၀၀၊ ၀၉၂၆၀၇၀၂၈၀၀ ၊ ၀၉၄၅၄၅၄၅၄၆၁၊ ၀၉၄၅၄၅၄၅၄၆၂ သို့ ဆက်သွယ်ဝယ်ယူ နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ် ကျင်းပမည့် မျက်မြင်ပုံရိပ်ယောင် (VR) ရုပ်ရှင်ပွဲတော် (Virtual Reality Art Festival Yangon 2017) ကို ပြည်လမ်းရှိ၊ ပြင်သစ်ယဉ်ကျေးမှုဌာနတွင် ၁၂.၅.၂၀၁၇ မှ ၁၄.၅.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ရုပ်ရှင်ပွဲတော်တွင် VR ရုပ်ရှင်များ | ၄၈ နာရီကြာ HACKATHON | နိုင်ငံတကာမှ ဧည့်သည်များ၏ အလုပ်ရုံဆွေးနွေးပွဲ| ကလေးများနေ့ | VR အတွေ့အကြုံ  တင်ဆက်ပြသမှုများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

Third Generation Hip Hop အဆိုရှင်များစွာ ပါဝင်မည့် ကာရန်ဂိုဒေါင် တေးဂီတဖျော်ဖြေပွဲကို Myanmar Plaza အနီးရှိ Fusan Basketball Court တွင် ၁၄.၅.၂၀၁၇ ရက်နေ့ ညနေ ၃ နာရီမှ စတင်ပြုလုပ် သွားမည် ဖြစ်သည်။ ပွဲလက်မှတ် ၁ စောင်ကို ၇ ထောင်ကျပ် သတ်မှတ်ထားပြီး The Corner Bar (Sanchaung)၊ Dream Clothing (Junction Square)၊ Dream Clothing (Hledan Centre)၊ RUNYGN Clothing (Aung San Stadium)၊  RUNYGN Clothing (Yuzana Plaza) တို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

ပြင်သစ်ယဉ်ကျေးမှုဌာနနှင့် မင်္ဂလာရုပ်ရှင်လုပ်ငန်းတို့၏ စီစဉ်မှုဖြင့် ပြသသော THE INTOUCHABLES ပြင်သစ် ရုပ်ရှင်ဇာတ်ကားကို  ရန်ကုန်မြို့၊ စံရိပ်ငြိမ်ဂမုန်းပွင့် ကုန်တိုက်ရှိ မင်္ဂလာရုပ်ရှင်ရုံတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီ ၃၀ တွင် ပြသသွားမည် ဖြစ်သည်။ ဇာတ်လမ်းမှာ အောက်ပိုင်းသေ ဝေဒနာရှင် (François Cluzet)နှင့် ပြုစုသူ (Omar Sy) တို့အကြား ဆန်းကြယ်သည့် သံယောဇဉ်အကြောင်း ရိုက်ကူးထားခြင်း ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများမှာ ၂၀၀၀ ကျပ်၊ ၃၅၀၀ ကျပ် သတ်မှတ် ထားကြောင်းသိရသည်။

 

 

 

မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်း ၂၀၁၇ ပြပွဲကို ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ၁၁.၅.၂၀၁၇ မှ ၁၄.၅.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပြပွဲတွင် မြန်မာ့သစ်လုပ်ငန်းပြခန်း၊ ကြိမ် လုပ်ငန်းရှင်များ ပြခန်း၊ ဝါးလုပ်ငန်းရှင်များ ပြခန်း၊ မြန်မာ့လက်မှုအနုပညာ ပြခန်း၊ သစ်လုပ်ငန်း အခြေခံ ပရိဘောဂ လုပ်ငန်းရှင်များ ပြခန်း အပါအဝင် ပြခန်းပေါင်းများစွာ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ယနေ့ခေတ်မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများကို ခံစားရေးဆွဲထားသည့် ပန်းချီကိုရဲ၏ INFECTED POISON ပန်းချီပြပွဲကို အလံပြဘုရားလမ်းရှိ၊ New Zero Art Space‎ တွင် ၁၂.၅.၂၀၁၇ မှ ၂၆.၅.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် အခရိုင်းလစ်ပန်းချီကား ၂၁ ကားပြသသွားမည် ဖြစ်ကြောင်း သိရသည်။

 

ယနေ့ခေတ်မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများကို ခံစားရေးဆွဲထားသည့် ပန်းချီကိုရဲ၏ INFECTED POISON ပန်းချီပြပွဲကို အလံပြဘုရားလမ်းရှိ၊ New Zero Art Space‎ တွင် ၁၂.၅.၂၀၁၇ မှ ၂၆.၅.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် အခရိုင်းလစ်ပန်းချီကား ၂၁ ကားပြသသွားမည် ဖြစ်ကြောင်း သိရသည်။

 

Did you find apk for android? You can find new Free Android Games and apps.
Loading