Microsoft ကနေ အသစ် ထုတ်လုပ် ဖန်တီးလာတဲ့ Surface အမည်ရှိ Laptop ကတော့ Hardware ပိုင်း ဦးစားပေး ဖန်တီးထားတဲ့ သဘောပါ။ ဒါပေမယ့် သူတို့ ဘာလို့ အခုလို Laptop တခုကို ဖန်တီးလာပါလဲ။
Microsoft ရဲ့ ထုတ်ပြန်ချက် အရတော့ မော်ဒယ်သစ်က ဒေါ်လာ ၉၉၉ တောင် တန်ဖိုးရှိပါတယ်။ ရိုးရှင်းတဲ့ အသုံးပြုနိုင်မှု၊ ကျောင်းသားတွေ အဆင်ပြေမယ့် လုံခြုံရေးအားကေင်းတဲ့ Windows 10 S စနစ်ပါရှိတဲ့ စွမ်းဆောင်ရည်မြင့် မော်ဒယ်လို့ ဆိုပါတယ်။
Microsoft ကတော့ အခု မော်ဒယ်ကို Google Chrome မော်ဒယ်ကို ဈေးကွက်ပြိုင်ဖို့နဲ့ အသုံးပြု Windows စနစ်ချင်း တူသည့်တိုင်အောင် ပိုမို သာလွန်ကောင်းမွန်စွာ သုံးနိင်တယ် ဆိုတာ ပြဖို့လို့ ဆိုပါတယ်။ အခု Windows S စနစ်နဲ့ Surface မော်ဒယ်ကို ထည့်သွင်း ဖန်တီးထားတာက တွဲဖက် မညီဘူးလို့ မြင်မိကြောင်း Mobile Tech Reviewရဲ့ CEO ဖြစ်သူ Lisa Gade က ပြောပါတယ်။သူ့ အမြင်က အခု Laptop ကို Microsoft ကနေ ဈေးကွက်အောင်မြင်မှု အတွက် ထုတ်လုပ်လာတာလို့ ယူဆနေသူ ပါ။
Window S စနစ်ဟာ အဆင့်မြင့် Laptop မော်ဒယ်မှာ သုံးနိုင်တဲ့ စနစ်တခုပါ။ ဒါပေမယ့် လူသုံးများ Microsoft Office နဲ့ Google Docs တွေ အနေနဲ့ကတော့ Laptop မော်ဒယ်မှာ တပါတည်း ပါရှိမှာ မဟုတ်ပဲ Windows Store ကနေ Download ရယူ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါဟာ မူရင်း Laptopရဲ့ ဈေးနှုန်းလည်း မြင့်မားသည့် တိုင်အောင် နောက်ထပ် ကိုယ် အသုံးပြုမယ့် App ကိုလည်း Down ရပါမယ်။ နောက်ဆုံး တချက် အနေနဲ့က တကယ်လို့ Windows Store မှာ မရှိတဲ့ App ဆိုရင် အခု Windows 10 S စနစ်သုံး မော်ဒယ်နဲ့ သုံးလို့ မရနိုင် တော့ပါဘူး။
Microsoft ရဲ့ မိတ်ဆက်မှုမှာတော့ အခု Surface ကို ၂ ဒသမ ၇ ပေါင်ပဲ လေးတယ်၊ ၇ ဆက်မြောက် မျိုးဆက် အဖြစ် ထုတ်လုပ်ထားတဲ့ Intel Core Processor ကို သုံးထားတယ်၊ ခလုတ်လေးတွေက နှိပ်လို့ သုံးလို့ အလွန်ပဲ နူးညံ့ အဆင်ပြေစေမယ်၊ လက်နဲ့ ပွတ်သုံးရမယ့် Trackpad အရွယ်ကြီးကြီး ထည့်ထားတယ်၊ အသံထွက် စနစ်မှာ Dolby Audio Premium စနစ် ထည့်ထားတယ်၊ အကောင်းဆုံး အသံထွက်ကို နားထောင်နိုင်မယ် လို့ဆိုပါတယ်။
PC World ရဲ့ အုပ်ချုပ်မှု အယ်ဒီတာ Gordon Mah Ung ကတော့ Apple ရဲ့ Laptop မော်ဒယ်တွေကို ယှဉ်ပြိုင်လာခြင်း ဖြစ်တယ်လို့ သုံးသပ်သလို 1TB ပမာဏလောက်ထိအောင် ပါလာတဲ့ မော်ဒယ်ရဲ့ Hard Disk နှုန်းကို မြင့်မားအောင် ထည့်ထားခြင်းက အားသာချက်ဖြစ်အောင် လုပ်ထားတယ် လို့ ပြောပါတယ်။
Manh Ung က “ကျနော်က မော်ဒယ်မှာ ပါတဲ့ Spec တွေ ဈေးနှုန်းတွေကို မကြည့်ပါဘူး၊ App တွေ ရယူ အသုံးပြုရ ပုံက အစ အခြား အချက်အလက် သိမ်းဆည်းနိုင်နှုန်းတွေနဲ့တင် Apple ရဲ့ မော်ဒယ်တွေကို ဈေးကွက် ပြိုင်ဖို့ ထုတ်လုပ်လာတယ် လို့ မြင်မိတယ်” လို့ ပြောပါတယ်။
သူက အခု Microsoft အနေနဲ့ Google Chrome ကို အသာရဖို့ အတွက်ဆိုရင် Chrome ထက် ပိုပြီး ဈေးချိုတဲ့ မော်ဒယ်ကို ထုတ်လုပ်နိုင်မှ ဖြစ်မှာ ပါ၊ ဒါပေမယ့် Chrome တွေက ဒေါ်လာ ၃၀၀ လောက်ပဲ ရှိပါတယ်၊ ဒီတော့ ဈေးနှုန်း အရ Chrome ကို အသာမရနိုင်တဲ့ အနေအထားမှာ Win စနစ်သုံး Laptop တွေထဲက Apple ကို ယှဉ်နိုင်တဲ့ လုံခြုံရေး ဦးစားပေး မော်ဒယ်ကောင်း တခုကို ထုတ်လုပ်လာခြင်းမျိုးလို့ သုံးသပ်ရပါတယ်။
ဒါပေမယ့် တက္ကသိုလ်ကျောင်းသားတွေ စိတ်ကြိုက်ဖြစ်အောင် ဦးစားပေး ဖန်တီးလာတဲ့ အနေအထားမှာ Apple ရဲ့ မော်ဒယ်တွေမှာက iTunes လို စနစ်တွေကို သုံးနိုင်နေတဲ့ အချက်က Apple အသုံးပြုသူတွေနဲ့ အသားကျပြီး ဖြစ်လို့ Microsoft အနေနဲ့ အခု မော်ဒယ်ကို ထုတ်လုပ် ရောင်းချနိုင်ရုံနဲ့တော့ အသာစီး မရနိုင်ပဲ Apple လို သီးခြား နောက်ထပ် ဝန်ဆောင်မှုတွေ ပေးနိုင်မှ အသာရဖို့လည်း ရှိနေတာပါ။
ဒါကြောင့် အခု Windows 10 S အနေနဲ့ Chrome ကိုပဲ အကောင်းဆုံး ကျော်ဖြတ် အသာရမယ့် မော်ဒယ် ဖြစ်လာပါလိမ့်မယ် လို့ Gordon Manh Ung က သုံးသပ်တာပါ။
IDC ရဲ့ လေ့လာစောင့်ကြည့်သူ Linn Huang ကတော့ မော်ဒယ်က hardware ပိုင်း အားကောင်းတယ်၊ ဈေးနှုန်း ဒေါ်လာ ၉၉၉နဲ့ တန်တယ်၊ ဒါပေမယ့် အရင်လို App တွေ ထည့်သွင်း အသုံးပြုနိုင်မှုက အခွေတွေကနေ Install ပုံစံထက် Downlaod-Install ပုံစံ ဖြစ်လာလို့ မိမိလက်ထဲ Surface မော်ဒယ်ကို ဝယ်လိုက်တာနဲ့ ချက်ချင်း အသုံးပြုနိုင်ဖို့ အားနည်းချက် ဖြစ်လာစေသလို အဆိုပါ Windows Store ဟာ နေရာတိုင်းကနေ Down နိုင်ခွင့် မရှိရင် အခု မော်ဒယ်ကို သုံးသူတွေ အတွက် အဆင်မပြေ ဖြစ်လာနိုင်စေ ပါတယ် လို့ ဆိုပါတယ်။
Microsoft ရဲ့ မိတ်ဆက်မှုကလည်း အမေရိကန် ကျောင်းသားတွေ အတွက် အဓိက ရည်ရွယ်လာတာ ဖြစ်တာကြောင့် အမေရိကန်မှာတော့ Surface သုံးရတာ အဆင်ပြေမှာ ပါ။ နောက်ပိုင်း ဈေးကွက် ချဲ့ဖို့တွေ အတွက် အချိန်ရနိုင်ပါသေးတယ်။ လက်ရှိ ကျောင်းသားတွေ အကြားမှာ Win စနစ်နဲ့ ဆိုရင် Chrome တွေက ရေပန်စားနေဆဲ ဖြစ်လို့ အခု Surface က ချက်ချင်းတော့ အောင်မြင် ကျော်တက်သွားနိုင်လိမ့် မထင်မိပါဘူးလို့ သုံးသပ်တာ တွေ့ရပါတယ်။
Endpoint Technology ရဲ့ ဥက္ကဋ္ဌဖြစ်သူ Roger Kay ကတော့ အခု Surface မော်ဒယ်ကို Microsoft အနေနဲ့ ဖန်တီး ထုတ်လုပ်နိုင်တယ် ဆိုတာ ပြလိုက်ရုံ ရောက်ရှိလာတာ ဖြစ်ပြီး ဈေးကွက်ပိုင်း ဖြန့်ကျက်ထားမိပြီးသား အနေအထားမှာ အမြတ်အစွန်လည်း ကျန်ကုမဏီရဲ့ မှတ်တိုင် တခုလည်း စိုက်ပြလိုက်တဲ့ သဘောလို့ သုံးသပ်ပါတယ်။
Microsoft က အဆင့်မြင့် မော်ဒယ် သုံးချင်သူတွေ အတွက် လို့ ဆိုပေမယ့် တကယ်တော့ ဈေးကွက် အောင်မြင်ပြီး တကယ် အဆင့်မြင့်မြင့် မော်ဒယ် သုံးချင်သူတွေ လက်ထဲ ရောက်ဖု့ိထက် ထုတ်လုပ်မှု တခုရဲ့ အစ ဒါမှမဟုတ် ထုတ်လုပ်နိုင်မှု မှတ်တိုင် စိုက်ထူခြင်း ဖြစ်မယ်လို့ သုံးသပ်တာ တွေ့ရပါတယ်။
Ref: www.forbes.com