ကမ္ဘာတစ်ဝှမ်းမှ ဆယ်ကျော်သက်မလေးတွေရဲ့အသည်းစွဲ ဗြိတိန်လူငယ် တေးဂီတအဖွဲ့တဖွဲ့ဖြစ်ပြီး What makes you Beautiful, One Thing ဆိုတဲ့ တေးသီချင်းများနဲ့ ပွဲထွက်လာခဲ့တဲ့ One Direction အဖွဲ့ဟာ အခုဆိုရင် အောင်မြင်မှုမှတ်တိုင်များကို တည်ဆောက်လာနိုင်ခဲ့ပါပြီ။
လတ်တလောမှာတော့ ဖျော်ဖြေရေးပွဲတွေ သီချင်းအသစ်တွေမလုပ်ဘဲ အနည်းငယ် ခြေလှမ်းကျဲနေတဲ့ သူတို့အဖွဲ့ဟာ အယ်လ်ဘမ်သစ်တခုကို ဖြန့်ချိခဲ့ပါတယ်။
ထူးခြားတာက တဖွဲ့လုံးအနေနဲ့မဟုတ်ဘဲ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဟယ်ရီစတိုင်လ်ရဲ့ တကိုယ်တော် အယ်လ်ဘမ်ဘဲဖြစ်ပါတယ်။
အယ်လ်ဘမ်ထဲမှာ “Two Ghosts” ဆိုတဲ့ သီချင်းဟာ ဟယ်ရီစတိုင်လ် အတွက်ပြောစရာဖြစ်နေပါတယ်။ အဲဒီသီချင်းသစ်ဟာ ဟယ်ရီစတိုင်လ်ရဲ့ချစ်သူဟောင်း အဆိုတော် တေလာဆွစ်နဲ့ သူ့တို့ရဲ့အချစ်ရေးကို အကြမ်းဖျဉ်းဖော်ပြထားတယ်လို့ သုံးသပ်ထားကြပါတယ်။
Ref: teenvogue
ငြိမ်းချစ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။