အဆိုတော် ထက်ယံက In My Life လို့ အမည်ပေးထားတဲ့ တကိုယ်တော် ဖျော်ဖြေပွဲကို မန္တလေးမြို့တွင် ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
“ကျနော်ပွဲလေးလုပ်ဖို့ စီစဉ်နေပါတယ်။ ထက်ယံလို့ဖြစ်လာအောင် ဆိုခဲ့တဲ့သီချင်းတွေ ကျနော်နဲ့ဆိုခဲ့တဲ့သူတွေရော တပေါင်းတစည်းတည်း မှတ်တမ်းတင်နိုင်မယ့် အခွေလေးတခွေထွက်ဖို့အတွက် လုပ်တာပါ။ No more Cry ကစပြီး အခုနောက်ဆုံးထွက်ခဲ့တဲ့ သီချင်းအထိ နားဆင်နိုင်ပါလိမ့်မယ်။ အဆိုတော်အသစ် ဖြစ်တဲ့အတိုင်း ကျနော့်ရဲ့ ပါဖောမန့်အသစ်တွေလည်း ပြင်ဆင်နေပါတယ်”လို့ ထက်ယံက ပြောပါတယ်။
ဒီ တကိုယ်တော်ဖျော်ဖြေပွဲကိုတော့ ဇွန်လ ၉ ရက်နေ့တွင် မန္တလေး ဒိုင်းမွန်းပလာဇာတွင် ပြုလုပ်သွားမယ်လို့ သိရပါတယ်။
တကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်တာနဲ့ ပတ်သက်ပြီးတော့ ထက်ယံက “ကျနော်ကို စောင့်ကြည့်နေတဲ့သူတွေအတွက် အတတ်နိုင်ဆုံးကြိုးစားနေပါတယ်။ ကျနော်က နာမည်ကြီးနေလို့ ဒီပွဲကြီးကို လုပ်နိုင်ပြီမို့လို့ မဟုတ်ပါဘူး။ ကံ အကြောင်းသင့်ပြီး ဒီအခွေကို ကျနော် MTV သာ ရိုက်မယ်ဆို အချိန်တွေက အကောင်းဆုံးဖြစ်မလားဆိုတာကတော့ ကျနော်လုပ်နိုင်သလောက်အကောင်းဆုံး ဘယ်သူနဲ့မှမတူတဲ့ ပုံစံမျိုးကို တော်တော်ကြီးကို ကြာသွားမှာဖြစ်တဲ့အတွက် ဒီပွဲကိုလုပ်လိုက်မယ်ဆိုရင် ကျနော်ရုပ်ရော သီချင်းတွေရော ကြည့်လို့ရမှာပါ”လို့ ပြောပါတယ်။
In My Life လို့ အမည်ပေးထားတဲ့ ထက်ယံရဲ့ တကိုယ်တော်ဖျော်ဖြေပွဲမှာတော့ သီချင်းအပုဒ်ရေ ၂၅ မှ ၃၀ အထိ သီဆိုသွားမှာဖြစ်ပြီး ထက်ယံနဲ့အတူ သူငယ်ချင်းများဖြစ်ကြတဲ့ X-Box ၊ LilZ ၊ မောင်သီဟ၊ အိုအေစစ်၊ YZ၊ ရဲလေး၊ ဂျောက်ဂျက်၊ J-Me ၊ပြုံးမြသွယ်တို့က ပါဝင်အားဖြည့်သီဆိုပေးသွားမယ်လို့ သိရပါတယ်။။