L'Oreal အလှကုန်ရဲ့မျက်နှာသစ်မော်ဒယ်ဖြစ်လာသူ Maleficent ဇာတ်ကား မင်းသမီး Elle
Maleficent ဇာတ်ကားမှာ Sleeping Beauty အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးလေး Elle Fanning က ငယ်စဉ်ကတည်းက Twilight ဇာတ်ကားထဲတွင် ဇာတ်ရံအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အမဖြစ်သူ Dakota Fanning နဲ့အတူ ကလေးသရုပ်ဆောင်လုပ်ခဲ့တာပါ။
အသက် ၁၉ နှစ်အရွယ် Elle က အခုဆို L’Oreal အလှကုန်တွေရဲ့ သံတမန်တဦး ဖြစ်လာပါပြီ။ ဒါကြောင့် အလှအပရေးရာပိုင်းနဲ့ပတ်သက်လို့ L’Oreal နဲ့ နှစ်၂ဝကြာ လက်တွဲထားတဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ Elle ကို ပွဲထုတ်မှာပါ။
သူ့ရဲ့ Instagram မှာလည်း L’Oreal ရဲ့ ကြေငြာဗီဒီယိုလေးအတိုလေးကို တင်ထားပြီး အဲဒီ ဗီဒီယိုထဲမှာ သူအရမ်းကိုပျော်ရွှင်နေကာ ယုံကြည်မှုအပြည့်လည်းရှိနေပါတယ်။ သူ့ရဲ့ဆန္ဒတစ်ခုဖြစ်တဲ့ ပဲရစ်မြို့မှာ ရိုက်ကူးရတဲ့အတွက် အရမ်းကိုဝမ်းသာနေပြီး နန်းတော်တစ်ခုမှာရိုက်ကူးထားတာပါလို့လည်း ဆိုပါတယ်။
သူ ငယ်ငယ်လေးကတည်းက အဖွားဖြစ်သူက L’Oreal Paris တံဆိပ် နှုတ်ခမ်းနီကို သုံးစွဲခဲ့တဲ့အတွက် သူနဲ့ရင်းနှီးနေပြီသားလို့ ဆိုပါတယ်။ အဆိုပါ နှုတ်ခမ်းနီရဲ့ အနံ့ကို အခုချိန်ထိ မှတ်မိနေပါသေးတယ်လို့လည်း ဖွင့်ဟပြောဆိုထားပါတယ်။
Elle ဟာ L’Oreal ရဲ့ အသက် အငယ်ဆုံး မျက်နှာပိုင်ရှင်တွေထဲက တယောက်ဖြစ်ပြီး သူ့ရဲ့သဘာဝဆန်ဆန်အလှတွေ ကြောင့် ရွေးချယ်ခံခဲ့ရတာပါ။ အောင်မြင်တဲ့ မင်းသမီးတယောက်အနေနဲ့ L’Oreal ရဲ့မျိုးဆက်သစ်ဖြစ်ပြီး မိတ်ကပ်ပညာရှင်တွေ ကြိုက်နှစ်သက်တဲ့ မျက်နှာပိုင်ရှင်လေးလည်းဖြစ်တယ်လို့ L’Oreal မှ တာဝန်ရှိသူ အကြီးအကဲ တဦးက ဆိုပါတယ်။
Ref : elle/people.com
သုန္ဒြီ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။