Entertainment

ကာလအတော်ကြာပြီးမှ သီချင်းအသစ်ထွက်လာတဲ့ ဆယ်လီနာဂိုးမက်ဇ်

Want create site? Find Free WordPress Themes and plugins.

အမေရိကန် သရုပ်ဆောင်နဲ့အဆိုတော် ဆယ်လီနာဂိုးမက်ဇ် (Selena Gomez)ဟာ မြန်မာပရိသတ်တွေ ရင်းနှီးပြီးသား အဆိုတော် သရုပ်ဆောင်တဦးပါ။

သူ့ရဲ့Love you like a love song, Perfect, The Heart Wants What It Wants အစရှိတဲ့ သီချင်းများဟာ မြန်မာပရိသတ်တွေ တော်တော်များများ ကြိုက်နှစ်သက်ကြတဲ့ သီချင်းတွေပါ။ အခုတခါလည်း ဆယ်လီနာဂိုးမက်ဇ်ရဲ့ပရိသတ်များအတွက် သတင်းကောင်းပါ။

အချိန်ကာလ အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ရတဲ့ ဆယ်လီနာဂိုးမက်ဇ် ရဲ့တေးချစ်ပရိသတ်များ အတွက် ဆယ်လီနာဟာ သူ့ရဲ့“Bad Liar” လို့ အမည်ရတဲ့ သီချင်းအသစ်တပုဒ်ကို မေလ ၁၈ ရက်နေ့ညနေမှာ သူ့ကိုချစ်တဲ့ပရိသတ်များအတွက် အွန်လိုင်းမီဒီယာတွေကတဆင့် ချပြခဲ့ပါတယ်။

အသံဖိုင်အနေနဲ့သာ စတင်ဖြန့်ချိခဲ့ပေမယ့် သံစဉ် ငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့ အစချီထားတဲ့ သူ့ရဲ့သီချင်းအသစ်ဟာ ပရိသတ်အကြိုက် တွေ့ကြဦးမှာပါ။ ဒါ့အပြင် အဆွေးသီချင်းဖြစ်တဲ့အတွက် အလွမ်းဓာတ်ခံရှိတဲ့သူတွေ ပိုပြီး ကြိုက်နှစ်သက်ကြမှာပါ။

“ချစ်သူနဲ့လမ်းခွဲခဲ့ပေမယ့် ချစ်သူနဲ့ပတ်သက်ခဲ့သမျှအရာအားလုံးကတော့ စိတ်အာရုံမှာ ထင်ဟပ်နေတယ်။ ပေါ်လာသမျှ ခံစားချက်ကို ဂရုမစိုက်ပေမယ့် သူ့ကိုယ်သူလိမ်နေသလိုမျိူးဖြစ်နေတယ်” ဆိုတဲ့အကြောင်း ကို ရေးဖွဲ့သီဆိုထားတာပါ။

ဆယ်လီနာအပါအဝင် တေးရေးဆရာ ၄ ယောက် ပါဝင်ရေးသားထားတဲ့ ဒီသီချင်းဟာ သူကြုံတွေ့နေရတဲ့ လတ်တလော ဖြစ်ရပ်လား ဒါမှမဟုတ် စိတ်ကူးယဉ်ရေးဖွဲ့ခြင်းလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

ဒါ့အပြင် အဆိုပါသီချင်းမှာ ပါဝင်တဲ့ဓာတ်ပုံကြောင့်လည်း လူပြောများနေကြပါတယ်။

ဆယ်လီနာဟာ အဲဒီဓာတ်ပုံမှာ Fall Risk စာတမ်းပါ ကျန်းမာရေးသတိပေးလက်ပတ်ကို ဝတ်ဆင်ပြီး ရိုက်ကူးထားတာကြောင့် သူ့ရဲ့ပရိသတ်များက သူဟာဆေးရုံကနေဆင်းပြီး ရိုက်ကွင်းဆီသို့ တိုက်ရိုက် လာခဲ့ခြင်းဖြစ်တယ်လို့ လူမူကွန်ယက်မီဒီယာတခုဖြစ်တဲ့ အင်စတာဂရမ်မှာ အပြောများနေကြပါတယ်။

သူ့ရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ Netflix ရုပ်သံကနေ တင်ဆက်တဲ့ 13 Reasons Why ဆိုတဲ့ ဇာတ်လမ်းတွဲရဲ့ထုတ်လုပ်သူအဖြစ် တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။
Ref : teenvogue

ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading