Lifestyle

ချစ်သူနဲ့လမ်းခွဲလိုက်တဲ့ လီယိုနာဒို ဒီကာပရီရို

ကမ္ဘာကျော် ဟောလီးဝုဒ်မင်းသား လီယိုနာဒို ဒီကာပရီရို (Leonardo DiCaprio) ဟာ တိုက်တန်းနစ် (Titanic)၊ ရိုမီယို ဂျူးလိယက်(Romeo and Juliet)၊ The Greate Gatsby၊ Catch Me If You Can အစရှိတဲ့ဇာတ်ကားတွေနဲ့ မြန်မာ ပရိသတ်တွေကို အာရုံဖမ်းစားနိုင်ခဲ့တဲ့ မင်းသားတလက်ပဲ ဖြစ်ပါတယ်။

သူဟာ ဆုတံဆိပ်ပေါင်းများစွာရရှိထားရုံသာမက The Revenant ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့လည်း ၂၀၁၆ မှာ အော်စကာဆုကို ရရှိခဲ့တာပါ။

အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီယိုနာဒိုဒီကာပရီရိုနဲ့ အသက်၂၅ နှစ်အရွယ် ဒိန်းမတ်နိုင်ငံသူ တက်သစ်စ မော်ဒယ် နီနာအက်ဒယ် တို့ဟာ တနှစ်နီးပါးကြာအောင်တွဲလာခဲ့ပေမယ့် ယခုအချိန်မှာတော့ သူတို့နှစ်ဦးဟာ လမ်းခွဲ ခဲ့ကြပါတယ်။

သူတို့နှစ်ဦးကို ပြီးခဲ့တဲ့ အင်္ဂါနေ့က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဖွင့်လှစ်ထားတဲ့ ဆူရှီဆိုင်လေးတဆိုင်မှာ ဆူရှီ အတူစားရင်း ချိန်းတွေ့ခဲ့ကြတာကို မြင်ရတာဟာ နောက်ဆုံးအနေနဲ့ပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ အခင်အမင်မပျက်ဘဲ သူငယ်ချင်း၊ မိတ်ဆွေအနေနဲ့တော့ ကျန်ရှိနေပါသေးတယ်။

သူတို့တွေရဲ့ ပတ်သက်မှုတွေ၊ အမှတ်တရဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာတွေမှာ အကျယ်တဝင့် ချပြလေ့မရှိတဲ့ သူတို့နှစ်ဦးဟာ နီနာအက်ဒယ် ပြုလုပ်တဲ့ အသက် ၂၅ နှစ်ပြည့် မွေးနေ့ပွဲမှာ ပထမဆုံးတွေ့ဆုံခဲ့ကြတာပါ။ အခုတော့ သူတို့နှစ်ဦးရဲ့ပတ်သက်မှုဟာ ပြီးဆုံးသွားခဲ့ပါပြီ။

ဒီလို နှစ်ဦးနှစ်ဘက် ပြေပြေလည်လည်လမ်းခွဲခဲ့တဲ့ အခိုက်အတန့်အပြီးမှာ လီယိုနာဒိုဟာ သူ့ရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး တစ်ယောက်တည်းပဲ နေတော့မလား၊ နောက်ထပ် အသစ်ထပ်ရှာဦးမလားဆိုတာ သူ့ရဲ့ပရိသတ်တွေအတွက်တော့ စိတ်ဝင်တစား စောင့်ကြည့်ရဦးမှာပါ။

Ref:harpersbazaar

ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Loading