အခုနှစ်တွေမှာ iPhone အသစ်နဲ့ ပတ်သတ်ပြီး နည်းပညာပိုင်း လေ့လာ စမ်းသပ်ချက် ပုံစံအချို့ကို YouTube ပေါ်မှာ ကြည့်နိုင်လာသလို အဆိုပါ လေ့လာချက်တွေ အရတော့ အားရစရာပါပဲ။ ဒါပေမယ့် အခုလို စမ်းသပ်ချက်တွေ ကြည့်ရရုံနဲ့တင် အားရစရာ ကောင်းနေတဲ့ iPhone 8 အနေနဲ့ အခုနှစ်အတွက် အကောင်းဆုံး မိတ်ဆက်မှု လုပ်ဆောင် လာနိုင်မယ့် ဖုန်းမော်ဒယ်သစ် တခု မဟုတ်သေးပါဘူး။
အခြား စိတ်ဝင်စားစရာ ကောင်းတဲ့ Samsung Galaxy S8 နဲ့ OnePlus 5 လို မော်ဒယ်တွေ ရှိနေပါသေးတယ်။ ဒါ့အပြင် အခု ပြောမယ့် Google ရဲ့ မော်ဒယ် Pixel 2 မှာလည်း ဒီဇိုင်းပိုင်း ဖန်တီးမှုကိုတင် နိုင်ငံတကာကနေ လေ့လာ စောင့်ကြည့်နေသူတွေ အများအပြား ရှိလာနေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ YouTube မှာ လေ့လာချက် ဗီဒီယိုတွေ တင်ပြနေသူ Concept Creator ကနေ Galaxy S8 နဲ့ Pixel 2 တွေရဲ့ ပြသမျက်နှာပြင် စနစ် နှစ်ခုကို နှိုင်းယှဉ်ပြီး လေ့လာချက် ဗီဒီယို တခု တင်ပြလာတာ တွေ့ရပါတယ်။
ဒီလို ပြသ မျက်နှာပြင်ပိုင်း လေ့လာချက်မှာ သဘောကျစရာ ဖြစ်လာတဲ့ အချက်ကတော့ Pixel 2 အနေနဲ့ ပိုမို ကောင်းမွန်တဲ့ ကြည်လင်ပြတ်သားမှုကို ပြသလာနိုင်ခြင်းပဲ ဖြစ်ပါတယ်။ Google အနေနဲ့ကတော့ သူ့ရဲ့ မော်ဒယ် Pixel 2 ကို ပြီးခဲ့တဲ့ လတွေ အတွင်း ကတည်းက မိတ်ဆက်ထားခဲ့ပေမယ့် ထုတ်လုပ် ဖြန့်ချိမှု အပိုင်းမှာတော့ အခုထိအောင် အားနည်းပြီး ဈေးကွက်ထဲ ရောက်မလာသေး တာပါ။
ဈေးနှုန်းပိုင်း တင်ပြထားမှုမှာတော့ မော်ဒယ် အနေနဲ့ အဆင့်မြင့်ဖုန်း တခုဆိုတာ သိသာစေပါတယ်။ ဒီဇိုင်းပိုင်းမှာတော့ ရှေ့ထွက် မော်ဒယ်တွေနဲ့ပဲ ဆင်တူမယ့် ရုပ်ထွက်မျိုး ဖြစ်လာနိုင်ပြီး နောက်ဆုံး မိတ်ဆက်ထားခဲ့တဲ့ Pixel 2 မော်ဒယ် အတိုင်း အခြား သိသာတဲ့ ပြင်ဆင် ဖန်တီးချက်မျိုး လုပ်ဆောင်လာဖို့ မရှိတာ တွေ့ရပါတယ်။
ကင်မရာပိုင်း ဖန်တီး ထည့်သွင်းမှု အပိုင်းမှာ မော်ဒယ်သစ် အနေနဲ့ Dual-Cam စနစ် ပါလာနိုင်ပြီး ရှေ့ဘက်ရော နောက်ဘက် ကင်မရာ စနစ် နှစ်ခုလုံးပါ Dual ပုံစံ ဖြစ်လာနိုင်လို့ ဖုန်းမှာ ကင်မရာ ၄ လုံးထိအောင် ပါလာဖို့ ရှိနေတာပါ။ ရှေ့ထွက် Pixel မော်ဒယ်မှာ အောင်မြင်ခဲ့တဲ့ ကင်မရာ စွမ်းဆောင်ရည်အတိုင်း ဆက်ထိန်းထားဖို့ ရှိနေပြီး လက်ရှိ ဖုန်းကုမ္ပဏီ အများစုက Lens နှစ်ခု ပါရှိတဲ့ Dual ပုံစံ ကင်မရာ စနစ်ကို ရှေ့ဘက် ဒါမှမဟုတ် နောက်ဘက်မှာ ထည့်သွင်း နေကြပြီး Google ကတော့ ရှေ့ဘက်ရော နောက်ဘက်မှာပါ ထည့်သွင်း ဖန်တီးလာဖို့ ရှိနေတာပါ။
နောက်ပြီး မော်ဒယ်သစ် အနေနဲ့ Full-Screen ဆိုတဲ့ မျက်နှာပြင်ပြည့် ပြသစနစ် ထည့်သွင်း ဖန်တီးလာဖို့ ရှိနေတာပါ။ ဒီလို မျက်နှာပြင်ပြည့် စနစ်နဲ့ ဆိုရင်တော့ အခုနှစ်ထဲမှာ မိတ်ဆက်ရောင်းချမယ့် မော်ဒယ်တွေထဲမှာ အကောင်းဆုံး မှတ်တိုင်သစ် စိုက်ထူလာနိုင်ဖို့ ရှိနေတာပါ။ ပြသမျက်နှာပြင် စနစ်ကတော့ OLED အမျိုးအစား ဖြစ်နိုင်သလို လက်ရှိ Galaxy S8 ထက်လည်း ရုပ်ထွက် ပိုကောင်းတယ် လို့ မြင်နေရတဲ့ အနေအထားမှာ မကြာခင် မျက်နှာပြင်ပြည့် အနေအထားနဲ့ ဗီဒီယိုတွေလည်း ကြည့်နိုင်လာတော့မှာ ဖြစ်ပါတယ်။ ။
Ref: www.bgr.com