Lifestyle

Toyotaရဲ့ ရောင်းအားအကောင်းဆုံး Com SUV မော်ဒယ် RAV-4

ပြည်တွင်းမှာတော့ Toyota က လူကြိုက်အများဆုံး ဖြစ်သလို သူ့ရဲ့ မော်ဒယ် RAV-4 ကို အဓိက ပြိုင်ဘက် Honda CR-V ထက် ပိုကြိုက်ကြပါတယ်။ ၂၀၁၂ခုနှစ်နဲ့ နောက်ပိုင်းမှာတော့ နိုင်ငံတကာဈေးကွက်မှာ CR-Vက RAV-4 ကို အကောင်းဆုံး ပြိုင်ဆိုင်လာနိုင်တာ တွေ့ရပြီး အခုနောက်ပိုင်းမှာ CR-V ကိုတောင် လူပိုကြိုက်နေသလိုပါ။

ဒါပေမယ့် ဈေးကွက် အလှည့်အပြောင်းအရ Toyota ကလည်း CR-Vရဲ့ ကျော်တက်မှုကို အသာတကြည် လက်ခံဖို့တော့ မရှိပါဘူး။ ဒါဆိုရင်တော့ အခုနှစ် RAV-4 မော်ဒယ်ကို ဘယ်လို အကောင်းဆုံး ပြင်ဆင်ပြီး CR-V ကို ပြန်ကျော်တက်နိုင်ဖို့ ဖန်တီးလာပါသလဲ။

လက်ရှိသူနဲ့ တန်းတူအရွယ် မော်ဒယ်တွေထဲမှာတော့ လမ်းပိုင်းကြောင့်ဖြစ်တဲ့ ဆူညံမှု အနည်းဆုံးမော်ဒယ်လို့ သတ်မှတ် ရမှာပါ။ ဒါက အင်ဂျင်ကြောင့်ရော တပ်ဆင်ထားတဲ့ တာယာနဲ့ ဘီးတွေရဲ့ အကောင်းဆုံး အံဝင်အောင် တပ်ဆင်နိုင်မှု ကြောင့်လို့ ဆိုရမှာပါ။

Sport ဆန်တဲ့ ရုပ်ထွက်နဲ့ ပြင်ဆင်လာပေမယ့် မောင်းနှင်မှုအပိုင်းမှာ သွက်လက်မှုထက် ညင်သာမှု ဦးစားပေးပုံစံနဲ့ ဇိမ်ခံ အဖြစ် လူကြိုက်များအောင် ဖန်တီးလာတာတွေ့ရပါတယ်။

နောက်ဘက်ဝန်တင်ခန်းကို ဦးစားပေး ကျယ်ဝန်းအောင် ဖန်တီး ထားတာတွေ့ရပြီး ခရီးသည်ခန်းတွေကတော့ ပုံမှန်ပါပဲ။

လုံခြုံရေးနဲ့ အချက်ပြစနစ်တွေ အားကောင်းလာပြီး အဆင့်မြင့် ဇိမ်ခံမော်ဒယ်တွေမှာ တွေ့ရတဲ့ နည်းပညာမျိုးကို သုံးနိုင် အောင် ဖန်တီးလာတာတွေ့ရပါတယ်။

ဒါပေမယ့် မော်ဒယ်က တန်းတူမော်ဒယ်တွေနဲ့စာရင် အင်ဂျင်ပိုင်းစွမ်းဆောင်ရည် အားနည်းနေသေးသလို ခံစားရပြီး လိုအပ် ချက် ရှိနေသေးသလိုပါ။ ကိုယ်ထည်ကို ကျစ်လစ်သေးငယ်ပြီး မြို့တွင်းသုံးအတွက်ပါ အဆင်ပြေအောင် ဖန်တီးထားပေမယ့် အခုထက် နည်းနည်းပိုပြီး ကြီးမားအောင် ဖန်တီးပြီး အတွင်းခန်း ပိုမို ကျယ်ဝန်းအောင် ဖန်တီးသင့်တယ်လို့ ထင်မိပါတယ်။

ယာဉ်မောင်းအတွက် မောင်းနှင်မှုဆိုင်ရာ အလိုအလျောက် အကူအညီပေးစနစ်တွေ ထပ်ထည့်လာတာ တွေ့ရတယ်၊ လမ်း ကျဉ်းအချက်ပြစနစ်တွေ၊ ဘေးဘက် အာရုံခံစနစ်တွေ၊ အလိုအလျောက် အတင်အချ လုပ်ပေမယ့် ရှေ့မီးကြီးစနစ်တွေ၊ အလိုက်သင့် ချိန်ညှိပေးမယ့် Crusie Control တွေပါ တွေ့ရပါတယ်။

Platimun မော်ဒယ်ခွဲကို အခုနှစ်အတွက် အသစ်ထုတ်လုပ်လာပြီး ဈေးနှုန်းရော နည်းပညာပိုင်းနဲ့ အရည်အသွေးကိုပါ အမြင့် ဆုံး ဖြစ်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။

မော်ဒယ်ခွဲ ရွေးချယ်နိုင်မှု အနေနဲ့ကတော့ LE, XLE, SE, Limited နဲ့ Platimun တွေအဖြစ် ထုတ်လုပ်လာတာပါ။ ရှေ့ဘီး ယက် အနေနဲ့ရော စွမ်းဆောင်ရည် ပိုကောင်းတဲ့ ဘီးစုံယက်စနစ်နဲ့ပါ ရနိုင်ပါတယ်။ အင်ဂျင်စနစ်က ၂.၅ လီတာသုံး ၄လုံးထိုး အင်ဂျင် ဖြစ်ပြီးတော့ ရုန်းအား ၁၇၂ပေါင်-ပေမှာ မြင်းကောင်ရေ ၁၇၆ ကောင်အား ထွက်ရှိမှာပါ။

ဂီယာပိုင်းကတော့ ၆ချက်သုံး Auto အဖြစ် ဖန်တီးထားတာပါ။ အရင်နှစ်က V6 အင်ဂျင်နဲ့ ရနိုင်သေးပေမယ့် အခုနှစ်တော့ ထွက်မလာတော့ပါဘူး။

အင်ဂျင်က မြင်းကောင်ရေ ၁၇၆ ကောင်အား ဖြစ်လို့ စွမ်းဆောင်ရည်က ပုံမှန်လောက်ပါပဲ။ မိုင် ၆၀ နှုန်းကနေ ရပ်တန့်မယ် ဆို ရင်တော့ ပေ ၁၂၅ မှာ ရပ်တန့်မှာ ဖြစ်ပြီးမဆိုးပါဘူး။

ပြည်တွင်းဈေးကွက်မှာ မော်ဒယ်စုံ RAV-4 တွေ ရနိုင်ပြီး အနိမ့်ဆုံး ၂၀၀၅ ခုနှစ် ဝန်းကျင်ကနေ ၂၀၁၂ ခုနှစ်ထုတ်လောက် ထိအောင် အများဆုံးရနိုင်ပါတယ်။

မော်ဒယ်နှစ်အပေါ် မူတည်ပြီးတော့ ကျပ်သိန်း ၃၅၀ ကနေ ၈၀၀ လောက်ထိအောင် ရှိနေပြီး နိုင်ငံတကာဈေးကွက်မှာတော့ နောက်ဆုံးထုတ် ၂၀၁၇ ခုနှစ် မော်ဒယ်မှာ အနိမ့်ဆုံးမော်ဒယ်ခွဲကို ဒေါ်လာ ၂၆၇၀၀ ကနေ အမြင့်ဆုံး ၃၇၂၀၀ ဈေးရှိပြီး Hybrid အနေနဲ့ လိုချင်တယ် ဆိုရင်တော့ ဒေါ်လာ ၃၀၀၀၀နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။

Ref: www.edmunds.com

Loading