Lifestyle

တိုင်းပြည်ရဲ့လိုအပ်ချက်တွေကို မီးမောင်းထိုးပြမယ့် “သရာစောထိ” ရုပ်ရှင်ရိုက်ကူးမည်

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ်အထိမ်းအမှတ်အဖြစ် “သရာစောထိ” အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို မေလကုန်ပိုင်းတွင် ဒါရိုက်တာတဦးလည်းဖြစ် ဝါရင့်သရုပ်ဆောင်လည်းဖြစ်တဲ့ ဦးအောင်လွင်က ရိုက်ကူးမယ်လို့ သိရပါတယ်။

“ကျနော်က ဇာတ်လမ်းဇာတ်ညွှန်းတာဝန်ယူထားပါတယ်။ တောင်ငူ သံတောင်ကြီးကိုသွားပြီးတော့ ဇာတ်ညွှန်းရေးထားတာပါ။ ဆင်ဆာလည်းတင်ထားပြီးပြီ။ တိုင်းပြည်မှာ ဘာကအရေးကြီးတာလဲ။ အဓိကမီးမောင်းထိုးပြချင်တာကတော့ ပညာရေးပေါ့။ ပညာရေးကအရေးကြီးတယ်။

တိုင်းပြည်ပြန်လည်တည်ဆောက်ရေးမှာ အရေးကြီးဆုံးက ပညာရေးပါ။ တခြားကိစ္စတွေလည်း ပါတာပေါ့” လို့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်း/ဇာတ်ညွှန်းရေးသားသူ မောင်သူရ (ခေါ်) ဦးဇာဂနာက ပြောပါတယ်။

“သရာစောထိ” ရုပ်ရှင် ဇာတ်ညွှန်းရေးသားသူ မောင်သူရ(ခေါ်)ဇာဂနာ

ဒီ သရာစောထိ ရုပ်ရှင်ဇာတ်ကားကို မီးသီးက စီစဉ်ပြီး ဇာတ်လမ်း/ဇာတ်ညွှန်း မောင်သူရက ရေးသားထားကာ ဒါရိုက်တာ ဦးအောင်လွင်က တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပါတယ်။ သရုပ်ဆောင်များအဖြစ် ထွန်းထွန်း၊ယုသန္တာတင်၊ နေဆန်း၊ ယဉ်လက် တို့က အဓိကပါဝင်သရုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

သရာစောထိရုပ်ရှင်ကို တောင်ငူဘက်တွင် သွားရောက်ရိုက်ကူးမှာဖြစ်ပြီး ဒီမိုကရေစီ ရက်သတ္တပတ်ဖျော်ဖြေရေး ပွဲတော်အတွက် ရိုက်ကူးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီ ဇာတ်ကားနဲ့ပတ်သက်ပြီး ဒါရိုက်တာ ဦးအောင်လွင်က “တိုင်းပြည်မှာ ဆရာမတွေများတယ်။ ဆရာတွေ နည်းနေတဲ့အတွက် ကျောင်းဆရာနဲ့ပတ်သက်တဲ့ ဇာတ်ကားလေးရိုက်ပါလို့ အကြံပြုတဲ့အတွက် စဉ်းစားမိပါတယ်။ တိုင်းပြည်မှာ ဘယ်နှစ်တန်းအောင်မှ ဘာရာထူးရှိမှ အုပ်ချုပ်နိုင်မှာ မဟုတ်ဘဲနဲ့ သူ့တိုင်းပြည်အပေါ် စေတနာ အနစ်နာခံမှုနဲ့ မေတ္တာရှိရင်ထူထောင်လို့ရပါတယ် ဆိုတာပြချင်တာပါ” လို့ ပြောပါတယ်။

“သရာစောထိ” ရုပ်ရှင် ဒါရိုက်တာ အောင်လွင်
Did you find apk for android? You can find new Free Android Games and apps.
Loading