Lifestyle

အဆုတ်ကင်ဆာ ဖြစ်စေတဲ့ အမွှေးတိုင်နဲ့ ခြင်ဆေးခွေ အန္တရာယ်

Want create site? Find Free WordPress Themes and plugins.

ဘာသာရေး ဝတ်ပြု ဆုတောင်းရာမှာ အမွှေးတိုင်ထွန်းလို့ပဲ ဖြစ်ဖြစ်၊ ခြင်အန္တရာယ် ကင်းဝေးဖို့ ခြင်ဆေးခွေ ထွန်းတာပဲ ဖြစ်ဖြစ် ကိုယ့်ဝန်းကျင်မှာ မြင်တွေ့နေကျ ဖြစ်စဉ်တွေမို့ မထူးခြားလှဘူး ထင်ရပေမယ့် သင့်ရဲ့ ကျန်းမာရေးကို အလွန် ဆိုးဝါးစွာ ထိခိုက်စေတယ် ဆိုတာတော့ သတိ မပြုမိကြပါ။ ဒါကြောင့် သင့်ဝန်းကျင်က အမွှေးတိုင်နဲ့ ခြင်ဆေးခွေ အန္တရာယ်အကြောင်း ပြောပြပါမယ်။

အမှုမဲ့ အမှတ်မဲ့ မနေကြပါနဲ့

အမွှေးတိုင်တွေ၊ ခြင်ဆေးခွေတွေက ထွက်လာတဲ့ မီးခိုးနံ့ အမွှေးနံ့ထဲမှာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ပန်းနာရောဂါ၊ ကင်ဆာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ ချောင်းဆိုတာတွေ၊ ခေါင်းကိုက်တာတွေ ဖြစ်စေတဲ့ ဟိုက်ဒရိုကာဗွန်တွေ ပါဝင်နေတယ် လို့ သုတေသီတွေက အတည်ပြုထားပါတယ်။ သင့်ကျန်းမာရေးကို ဘယ်လို ထိခိုက်စေသလဲ ဆိုတာ ပြောပြပါတယ်။

ချောင်းဆိုးခြင်းနဲ့ နာချေ နှာမွှန်ခြင်း

သုတေသီပညာရှင်တွေရဲ့ မှတ်တမ်းတွေ အရ အမွှေးတိုင်နဲ့ ခြင်ဆေးခွေတွေ ထွက်လာတဲ့ မီးခိုးငွေ့ထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပါဝင်နေပြီး အဲဒီဓာတ်ငွေ့က အသက်ရှူလမ်းကြောင်းကနေ သင့်ရဲ့ အဆုတ်ထဲကို ရောက်ရှိသွားတဲ့ အခါ အဆုတ်မှာ ရှိတဲ့ သွေးကြောမျှင်ဆဲတွေကို ရောင်ကိုင်းဖောင်းမို့စေပြီး အသက်ရှူလုပ်ငန်းကို ထိခိုက်စေပါတယ်။

ပန်းနာရင်ကျပ်

အမွှေးတိုင်နဲ့ ခြင်ဆေးခွေက ထွက်လာတဲ့ မီးခိုးငွေ့ထဲမှာ ဆာလ်ဖာဒိုင်အောက်ဆိုဒ် နဲ့ ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့တွေ ပါဝင်နေပြီး အဲဒီ ဓာတ်ငွေ့တွေက ရေခိုးရေငွေ့နဲ့ ပေါင်းစပ်ပြီး ဆာလဖျူရစ်အက်စစ်နဲ့ ကာဗွန်နစ်အက်စစ် အဖြစ် ပြောင်းလဲသွားပြီး၊ အသက်ရှူ လမ်းကြောင်း ဆိုင်ရာနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေ၊ ပန်းနာရင်ကျပ် ရောဂါတွေ ဖြစ်စေပါတယ်။

အရေပြားရောဂါ၊ မျက်စေ့ယားယံ ရောင်ရမ်းခြင်း

အမွှေးတိုင်နဲ့ ခြင်ဆေးခွေက ထွက်လာတဲ့ ပြာမှုန့်တွေကလည်း အရေပြား ယားယံစေခြင်း၊ ဓာတ်မတည့် ဖြစ်စေခြင်းနှင့် မျက်စေ့ယားယံခြင်းနဲ့ ရောင်ရမ်းခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေမှာ ပိုပြီး အဖြစ်များပါတယ်။ ပြီးတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကင်ဆာနဲ့ အဆုတ်ကင်ဆာလည်း ဖြစ်စေပါတယ်။

အဆိပ်အတောက်တွေ ခန္ဓာကိုယ်အတွင်း စုပုံလာနိုင်ခြင်း

အမွှေးတိုင်နဲ့ ခြင်ဆေးခွေက ထွက်လာတဲ့ မီးခိုးငွေ့ထဲမှာ ခဲ၊ သံနဲ့ မဂ္ဂနီဆီယမ် ဓာတ်တွေ ပါဝင်နေပြီး အဲဒီ ဓာတ်တွေက သင့်ခန္ဓာကိုယ်ထဲကို အသက်ရှူလမ်းကြောင်းမှ တဆင့် ဝင်ရောက်လာကာ အဆိပ်အတောက်တွေ အဖြစ် ခန္ဓာကိုယ် တွင်းမှာ တွယ်ကပ်နေနိုင်ပါတယ်။ အဲဒီ အဆိပ်အတောက်တွေ များပြားလာတဲ့အခါ သင့်ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့ အပြင် အသက်သေဆုံးတဲ့ အထိ ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ အမွှေးတိုင်နဲ့ ခြင်ဆေးခွေတွေကို တာရှည်သုံးစွဲမယ် ဆိုရင် သင့် နှလုံးကို ထိခိုက်ပြီး လေဖြတ်တာမျိုး၊ အဆုတ်ကင်ဆာ မှသည် အသက်ဆုံးသည် အထိ ဖြစ်သွားနိုင်ပါ တယ်။

အမွှေးတိုင်နဲ့ ခြင်ဆေးခွေ ထွန်းညှိတာ ရှောင်ရှားကြပါ

အမွေးတိုင်နဲ့ ခြင်ဆေးခွေ ထွန်းညှိလို့ ထွက်ပေါ်လာတဲ့ မီးခိုးထဲမှာ ကာဗွန်မိုနောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက် တွေ က အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ အပြင် ပတ်ဝန်းကျင် လေထုကိုပါ ညစ်ညမ်းစေပါတယ်။ ခြင်ဆေးခွေ တခွေဟာ စီးကရက် အလိပ် ၁၀၀ သောက်တာနဲ့ ညီမျှတယ်လို့လည်း ဆိုပါတယ်။

မသန့်ရှင်းတဲ့ လေကို ရှူရှိုက်နေရတဲ့ အတွက် ၂၀၁၂ ခုနှစ်က တကမ္ဘာလုံး အတိုင်းအတာနဲ့ လူဦးရေ ၆ ဒသမ သန်း ခန့်၊ တနည်းအားဖြင့် ကမ္ဘာ့ သေဆုံးသူ အားလုံးရဲ့ ၁၁ ဒသမ ၆ ရာခိုင်နှုန်း သေဆုံးခဲ့ရတယ် လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ညွှန်း – www.onlymyhealth.com & www.eyesonmalaria.com

Did you find apk for android? You can find new Free Android Games and apps.
Loading