စာရေးသူ – သန်းထွန်း (မော်လမြိုင်)
စာအုပ်အမည် – မြန်မာနိုင်ငံသမိုင်းစဉ်ထဲက အတ္ထုပ္ပတ္တိအဘိဓာန်
အမျိုးအစား – နိုင်ငံရေးအတ္ထုပ္ပတ္တိ
၁၉၂၀ ဒိုင်အာခီခေတ်ကနေ ၁၉၈၈ ခုနှစ်အထိ မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့ကြတဲ့ သမ္မတ၊ ဒုသမ္မတ၊ ဝန်ကြီးချုပ်၊ ပြည်ထောင် စုဝန်ကြီးတွေရဲ့ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်ပါတယ်။ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး တာဝန်တွေကို ထမ်းဆောင်ခဲ့ကြတဲ့ နိုင်ငံ့အကြီးအကဲ ၂၀၈ ဦးတို့ရဲ့ အတ္ထုပ္ပတ္တိအကျဉ်းကို ရှားပါးဓာတ်ပုံတွေနဲ့အတူ နာမည်အက္ခရာစဉ် အလိုက် ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
နောက်ဆက်တွဲအနေနဲ့ ခေတ်အဆက်ဆက် သမ္မတများ၊ ဒုသမ္မတများ၊ ဝန်ကြီးချုပ်များနဲ့ ဝန်ကြီးများစာရင်းကိုလည်း ဇယားများနဲ့ အတူဖော်ပြပေးထားပါတယ်။ ဆရာသန်းထွန်း (မော်လမြိုင်)က အတ္ထုပ္ပတ္တိတခုစီမှာ သမိုင်းဆိုင်ရာ အချက် အလက်တွေ ပါရှိလို့ အတ္ထုပ္ပတ္တိတွေကို စုပေါင်းဆက်စပ်လိုက်ရင် သမိုင်းအမည်တပ်နိုင်တဲ့အဆင့်ကို ရောက်မယ်လို့ ဆို ပါတယ်။
စိတ်ကူးချိုချိုက တန်ဖိုး ၆၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူ – မောင်ဝင်းဝါ
စာအုပ်အမည် – မြန်မာ့ယဉ်ကျေးမှု နိဒါန်း
အမျိုးအစား – ယဉ်ကျေးမှု
ရေးစရာတွေများပြားလှတဲ့ ယဉ်ကျေးမှုစာပေအတွက် ကွက်လပ်ဖြည့်လိုက်တဲ့စာအုပ်ဖြစ်ပါတယ်။ အခန်းပေါင်း ၇ ခန်းပါဝင တဲ့ ဒီစာအုပ်မှာ ဗုဒ္ဓဂါယာ၊ ရှိခိုးခြင်းအစဉ်အလာ၊ ဆိုင်းဝိုင်း၊ ရှေးအကျဆုံးပျူခေတ် ဇာတ်သဘင်၊ ရှေးခေတ်ပုဂံ၏ဇာတ်သ ဘင် အနုပညာ၊ နိပါတ်ခင်း၊ အပျိုတော်အက၊ သူငယ်တော်ဇာတ်ကြီးနိဒါန်း၊ မြန်မာ့ဇာတ်သဘင်၊ မြန်မာရာမာယဏ၊ ရုပ် သေး၊ သံချိုရုပ်၊ နှုတ်မှုအစဉ်အလာ လက်တန်းကဗျာများ၊ မြေအိုးလုပ်ငန်း၊ ရှေးအကျဆုံးမြေအိုးမီးဖုတ်ယဉ်ကျေးမှုအစ၊ ဦး ဟန်တင်၊ သူလို မြန်မာပန်းပုဆရာ၊ သရုပ်ပြ အမွှန်းတင်ဦးတင်ယု (သို့) ခေတ်အဆက်ဆက်မြန်မာ့ ရုပ်ရှင်ဒါရိုက်တာ တစ် ဦးရဲ့ရုပ်ပုံလွှာ စတဲ့သုတေသနစာတမ်းငယ်တွေကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ဖတ်ရှုရမှာဖြစ်ပါတယ်။
Net.Litt.Publications က တန်ဖိုး ၂၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – ကြည်ဝင်းစိန်
စာအုပ်အမည် – ကျွန်တော်နှင့်စစ်ဗိုလ်ချုပ်ကြီးများ
အမျိုးအစား – နိုင်ငံရေး
ဆရာကြည်ဝင်းစိန်ဟာ ဂျပန်နိုင်ငံက ဥပဒေဘွဲ့တွေရယူခဲ့ပြီး တော်လှန်ရေးကောင်စီဝင် ဗိုလ်ချုပ်၊ ဗိုလ်မှူးကြီးတွေနဲ့ နိုင်ငံ အရေးကိစ္စတွေကို လက်တွဲဆောင်ရွက်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးစောမောင်ကလည်း အာဏာသိမ်းလို့ တလမပြည့်ခင်မှာပဲ ဂျပန်နိုင်ငံရဲ့အကူအညီရရှိစေရေးအတွက် ဗိုလ်ချုပ်အောင်ကြီး၊ ဗိုလ်မှူးကြီးခင်ညိုတို့ကတဆင့် ဆရာကြည်ဝင်းစိန်ကို ဆက်သွယ်ခဲ့ပါတယ်။
အခန်းပေါင်း ၁၄ ခန်းပါဝင်တဲ့ ဒီစာအုပ်မှာ ဆရာကြည်ဝင်းစိန်ရဲ့ဘဝမှတ်တမ်းနဲ့အတူ ဗိုလ်ချုပ်အောင်ကြီး၊ ဗိုလ်မှူးကြီး ခင်ညိုနဲ့ ဗိုလ်ချုပ်ကြီးစောမောင်တို့က ၎င်းတို့ကွယ်လွန်ပြီးမှ ရေးသားထုတ်ဝေဖို့မှာကြားခဲ့တဲ့ လျှို့ဝှက်အချက်အလက် တွေကို ဖတ်ရှုမှာဖြစ်ပါတယ်။
NLD အစိုးရလက်ထက်မှာ မြန်မာပြည်သူပြည်သားတွေ ဒီမိုကရေစီအသီးအပွင့်တွေကို ခံစားနိုင်ကြပါစေလို့လည်း ဆု တောင်းထားပါတယ်။
မိုးကျော်စာပေက တန်ဖိုး ၃၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – နီဟိန်းမော်
စာအုပ်အမည် – လေသေနတ်နဲ့ ဆင်ဖမ်းမယ့်လူ
အမျိုးအစား – ဝတ္ထုတို
ဆရာနီဟိန်းမော်က သူဖြတ်သန်းနေတဲ့ခေတ်ကို ဝတ္ထုတိုတွေနဲ့ ပုံဆောင်ပြလိုက်တာဖြစ်ပါတယ်။ ဒီစာအုပ်မှာ နာမည် အ သစ်နဲ့လူ၊ လေသေနတ်နဲ့ ဆင်ဖမ်းမယ့်လူ၊ ကမ္ဘာပြားသွားမှန်း မသိတဲ့လူ၊ ဂျူးလိယက်ဆီဇာကို မုန်းတဲ့လူ၊ အသား တံ ဆိပ်မပါတဲ့လူ၊ ရောဂါသစ်နဲ့လူ၊ ဂမ္ဘီရဆော့ဖ်ဝဲ၊ အဘွားလေးတို့အမျိုး၊ နက္ခတ်နဲ့ခြေတဲ့ ယတြာ၊ နရစ္စတယ်ပူစီနံရတု၊ ဘဦး ဖတ်ရမယ့်စာမျက်နှာ၊ ထိုးမြဲလက်မှတ်၊ ဇာတိစိတ်ဖြင့် ကခုန်ကြသူများ၊ ဝင်..ထွက်..ဝင်…ထွက်၊ ဓာတ်ပုံတစ္ဆေ၊ မျက်ရည် မျက်လှည့်၊ ကမ်းဖျက်တဲ့ စုန်ရေ၊ ကြွက်ထောင်တဲ့ကြွက်၊ အစိတ်လွန်အလွမ်း၊ ကျွန်တော်သည် စာကလေးတစ်ကောင် ဖြစ် သည်၊ လောကီသူပေမို့၊ ကောလာဟလနက္ခတ်၊ ဂလိုဘယ်ကရောင်း၊ သွေးကွဲည၊ စံလွဲ၊ တန်ဖိုးဖြတ်သီအိုရီ၊ လူနာအမှတ် ၁၀၉၊ ၁၁၀၊ ချစ်လို့ရယ်တဲ့ခင်မင် ယဉ်ရှာရော့သလား၊ ညီမလေးသောက်တဲ့ လက်ဖက်ရည်စတဲ့ ဝတ္ထုတို ၂၉ ပုဒ် ကို ဖတ် ရှုရမှာဖြစ်ပါတယ်။
ဆရာမောင်ရင့်မာ(ကျောင်းကုန်း)က အမှာစာမှာ နီဟိန်းမော်ဝတ္ထုတိုများသည် သရော်ငွေ့ငွေ့သမ်းနေတတ်ပါသည်။ အပြင်းစားသရော်ချက်များလည်း ပါရှိပါသည် လို့ဆိုပါတယ်။
လင်းသစ်ရောင်စဉ်စာပေက တန်ဖိုး ၂၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။