Entertainment

“ချစ်လို့” ပါဆိုပြီးပြောလာတဲ့ အိုင်းရင်းဇင်မာမြင့်

Want create site? Find Free WordPress Themes and plugins.

တေးသံရှင် အိုင်းရင်းဇင်မာမြင့်ရဲ့ ၂ နှစ်ကျော်ကြာ ပြုလုပ်ခဲ့တဲ့ “ချစ်လို့” ဆိုတဲ့ ဒုတိယမြောက်တကိုယ်တော်တေးစီးရီး DVD ကာရာအိုကေဟာ ဇွန်လ ၁ ရက်နေ့မှာ ထွက်ရှိလာတော့မယ်လို့ သိရပါတယ်။

“ဒီ အခွေလေးကတော့ ၂ နှစ်နဲ့ ၅ လကြာပါတယ်။ ဒီခေါင်းစဉ်လေးကတော့ အိုင်းရင်းရဲ့ပရိသတ်ကို ချစ်လို့ဆိုတဲ့ စိတ်ဆန္ဒကြောင့် ချစ်လို့ ဆိုတဲ့ နာမည်ပေးဖြစ်တာပါ။ ဒီခွေထဲမှာ ဒီနာမည်ကို ဘယ်သူကမှ မရေးပေးထားပါဘူး။ အိုင်ရင်းက ပေးထားတာပါ”လို့ အိုင်းရင်းဇင်မာမြင့်က ပြောပါတယ်။

အဆိုပါ တေးစီးရီးကို The Sun Music Production က တနိုင်ငံလုံးကို ဖြန့်ချိမှာဖြစ်ပြီး ဇွန်လ ၆ ရက်နေ့တွင် ရန်ကုန်မြို့ Junction City တွင် ပရိုမိုးရှင်းပြုလုပ်မည်ဖြစ်ကာ တေးသီချင်းများနဲ့ ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

“ချစ်လို့” တကိုယ်တော်တေးစီးရီး ဒီဗီဒီ ကာရာအိုကေ မိတ်ဆက်ပွဲမြင်ကွင်း(ဓာတ်ပုံ – ယုဖြူဟန်/ဧရာဝတီ)

တေးရေးဆရာများအဖြစ် မြင့်မိုးအောင်၊ရွှေဂျော်ဂျော်၊ စံပီး၊ စောဝင်းလွင်၊ ဖိုးတု၊ ကောင်းကောင်း၊ လီယိုဘိုဘို၊ ဂျေဂျူး၊ ဂျူနို၊ ဂန်ဒီး၊ သြနေသိမ် တို့က ရေးသားထားပြီး ဒါရိုက်တွေကတော့ မောင်ဇော်သစ်၊ ဇော်ကိုကို၊ ဖရက်ဒီ၊ ခင်လှိုင်(ဉာဏ်ကြီးရှင်)၊ ဆန်းထွဋ္ဋ်၊ အိမ်ဇော်အောင်၊ မောင်ရွှေ၊ ကျော်သူမင်းနိုင်တို့ ပါဝင်ထားပါတယ်။

မကြာသေးတဲ့ ရက်ပိုင်းက ၈ နှစ်တာတွဲခဲ့တဲ့ ချစ်သူနဲ့ကွဲကွာသွားပြီးနောက် အခွေထွက်လာတဲ့အပေါ်မှာ အိုင်ရင်းဇင်မာမြင့်က “အခွေကို မထွက်သေးဖို့ လုပ်ထားပေမယ့် ပရိသတ်ပေးတဲ့ အားတွေက အရမ်းများတဲ့အတွက် အခွေထွက်မှရမယ် ဆိုပြီးတော့ ထိုင်နေရင်းကနေ ပြန်လည်ရုန်းထလာခဲ့တာပါ။ လက်ရှိခံစားချက်ကတော့ နောက်တခွေထွက်ရင်ပါမယ် ထင်တယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး သူက “အခုတော့ အိုင်းရင်းက လုံးဝတည်ငြိမ်တဲ့ အခြေအနေမျိုးဖြစ်နေပါပြီ။ လောလောဆယ် ၁ နှစ် ၂ နှစ်မှာ အချစ်ကို ရှာဖြစ်မှာမဟုတ်ပါဘူး။ နောက်တခါအချစ်ကို အပြည့်အဝယုံမလားမယုံမလားတော့ မသိဘူး။ ဖုန်းပိတ်ထားရင် ပြဿနာတက်မှာအသေအချာပဲ။ ကိုယ်ရွေးတာ မှားခဲ့ပြီးပြီဆိုတော့ ထပ်မမှားချင်တော့ပါဘူး” လို့ပြောပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading