အသက် ၅၅ နှစ်အရွယ် ဟောလီးဝုဒ်အကျော်အမော် မင်းသားကြီး တွမ်ခရုစ်(Tom Cruise)ကို မြန်မာပရိသတ်တွေအနေနဲ့ Oblivion, The last Samurai, Mission Impossible, Valkyrie အစရှိတဲ့ ဇာတ်ကားတွေမှာ အကျွမ်းတဝင် သိရှိပြီးသားဖြစ်မှာပါ။
သူရဲ့ဇာတ်ကားတွေထဲကမှ ၁၉၈၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Top Gun” လို့ အမည်ရတဲ့ အချစ်အက်ရှင် ဇာတ်ကားဟာ လေတပ်စစ်သူရဲတယောက်ရဲ့အချစ်ဇာတ်လမ်းနဲ့ အက်ရှင်ကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။
သြစတြေးလျ မနက်ခင်းတီဗီအစီအစဉ်မှ တွမ်ခရုစ်ကို ပရိသတ်တွေကြားမှာ အပြောများနေတဲ့ “Top Gun” ဇာတ်ကားအကြောင်းနဲ့ ပတ်သက်ပြီးမေးမြန်းတဲ့အခါ
“ဒါအမှန်ပါဘဲ။ ကျနော် Top Gun ဇာတ်ကားနောက်ဆက်တွဲကို ရိုက်ကူးမှာပါ။ ရိုက်ကူးရေးစတင်မှာက လာမယ့်နှစ်မှာ စတင်ဖို့စီစဉ်ထားပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အဲဒီဇာတ်ကားဟာ ဝေဖန်မူတွေ ရှိခဲ့ပေမယ့် အမြတ်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၃၅၀ မီလျံအထိ ရှိခဲ့ကြောင်း သတင်းက ဖော်ပြထားပါတယ်။ ၁၅ မီလျံဒေါ်လာနဲ့ ရိုက်ကူးခဲ့တဲ့ အဆိုပါဇာတ်ကားဟာ အဲဒီခေတ်အခါက အတော်လေးအောင်မြင်မှု ရရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ဒီပုံမှာ တွေ့မြင်ရတာကတော့ Top Gun ရုပ်ရှင်ဇာတ်ကားထုတ်လုပ်သူ Jerry Bruckheimer နဲ့ မင်းသားကြီး တွမ်ခရုစ်တို့ ဇာတ်ကားဖြန်ချိပြီး ၃၁ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ရိုက်ကူး ထားတာပဲဖြစ်ပါတယ်။
လက်ရှိမှာတော့ “The Mummy” အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထားပြီး ဇွန်လ ၉ ရက်နေ့မှာ စတင်ပြသသွားမယ်လို့ သတင်းအရ ဖော်ပြထားပါတယ်။
Ref:bbc
ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။