AirAsia Runway Ready Designer Search ဒေသဆိုင်ရာ ဖက်ရှင်ဒီဇိုင်နာပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ မေလ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ Rose Garden ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
အဆိုပါပြိုင်ပွဲမှာ ဆုရတဲ့ လူငယ် ဒီဇိုင်နာ ၂ ဦးက မယဉ်သူဇာအောင်နဲ့ ကိုဒေးဗစ်ဖူးတို့ဖြစ်ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှာ ပြုလုပ်မယ့် AirAsia Runway Ready Designer Search 2017 Grand Final ပွဲကြီးမှာ အာဆီယံနိုင်ငံများမှ လူငယ်ဒီဇိုင်နာများနဲ့ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။
“ဖက်ရှင်လောကမှာ အလားအလာရှိတဲ့ အရည်အချင်းရှိတဲ့သူတွေ အများကြီးရှိပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြု ရွေးချယ်ခံရတဲ့ Winners တွေအတွက်လည်း အရမ်းဝမ်းသာပါတယ်။ ရွေးချယ်ထားတဲ့ Finalist ၂ ယောက်ကလည်း စင်မြင့်တွေမှာ သူတို့လက်ရာတွေကို ပြသဖို့ မျှော်လင့်နေပါတယ်။ တသက်မှာ တခါသာရနိုင်မယ့် အတွေ့အကြုံကို ဒီပြိုင်ပွဲကနေ ရရှိမှာဖြစ်ပြီး KL Fashion Week 2017 Runway မှာ အကောင်းဆုံး စွမ်းဆောင်လာနိုင်ပါစေလို့ ကျနော်တို့ ဆုတောင်းပါတယ်” လို့ AirAsiaရဲ့ မြန်မာနိုင်ငံ Station Manager ဦးဝေလင်းအောင်က ပြောပါတယ်။
AirAsia Runway Ready Designer Search 2017 ပြိုင်ပွဲကို အာဆီယံ ၁၀ နိုင်ငံလုံးမှာ လှည့်လည်ကျင်းပနေတာဖြစ်ပြီး အောင်မြင်ချင်တဲ့ ဒီဇိုင်နာများကို ဒေသဆိုင်ရာအဆင့်အထိ တက်လှမ်းနိုင်အောင် အခွင့်အလမ်းများပေးပြီး ဒီဇိုင်နာများရဲ့ ဖန်တီးမှုလက်ရာများကိုပါ KL Fashion Week Ready to Wear ပညာရှင်အဆင့် ဖက်ရှင်လျှောက်လမ်းမှာ ပြသနိုင်မှာ ဖြစ်ပါတယ်။
ဒေသဆိုင်ရာ Auditions ပွဲများကို အာဆီယံနိုင်ငံများရဲ့ အဓိက မြို့တော်တွေမှာ ဆက်လက် ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံတနိုင်ငံစီမှ Finalist ၂ ယောက်ကို ရွေးချယ်ပြီး မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှာ ကျင်းပမယ့် The Grand Final ပွဲမှာ အမြင့်ဆုံးဆုအတွက် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။
Grand Final ပွဲမှာ ဆုအနေနဲ့ AirAsia BIG Points ၁၅၀,၀၀၀၊ FashionValet မှ ချီးမြှင့်မယ့် မြန်မာငွေကျပ် ၇၉,၀၀,၀၀၀ ခန့် တန်ဖိုးရှိ Capsule Collection ထုတ်လုပ်နိုင်ရန် ရန်ပုံငွေနဲ့ fashionvalet.com မှာ ရောင်းချခွင့်၊ AirAsia ရဲ့ Inflight magazine ဖြစ်တဲ့ “Travel3Sixty Magazine” မှာ စာမျက်နှာ ၆ မျက်နှာ ထည့်သွင်းခွင့်၊ AirAsia ရဲ့ ခရီးစဉ်တခုနဲ့ ဆုရ ဒီဇိုင်နာများရဲ့ လက်ရာတီထွင်မှု Collection ကို KL Fashion Week RTW 2018 မှာ ပြသနိုင်ခွင့် စတဲ့ အခွင့်အရေးများ ရရှိမယ်လို့ သိရပါတယ်။
AirAsia လေကြောင်းလိုင်းဟာ ကမ္ဘာတဝန်းက မြို့ပေါင်း ၁၂၀ ကျော်ကို ပြေးဆွဲနေတဲ့ အာရှရဲ့ အကြီးဆုံး စရိတ်သက်သာ လေကြောင်းလိုင်းတခု ဖြစ်ပါတယ်။