
စာရေးသူ – ဆင်ဖြူကျွန်းအောင်သိန်း
စာအုပ်အမည် – မြန်မာ့ထိုးကွင်းမင်ကြောင်ဓလေ့
အမျိုးအစား – ယဉ်ကျေးမှု
စာပေအထောက်အထားတွေအရ မြန်မာတွေဟာ ထိုးကွင်းမင်ကြောင်ကို ပျူခေတ်ကတည်း ထိုးခဲ့ကြပါပြီ။ ရှေးမြန်မာတွေ က ပေါင်လုံးပြည့်အောင် မင်ကြောင်ထိုးလေ့မရှိပါဘူး။ ဘိုးတော်ဘုရားလက်ထက် ထောင်မင်းကြီးရဲ့သား မောင်ကံက စပြီး ခါးကနေဒူးအထိ ပေါင်နှစ်ဖက်လုံးပြည့်အောင် ထိုးခဲ့တယ်လို့ဆိုပါတယ်။
ဒီစာအုပ်မှာ ၁။ ဆေးမင်ကြောင်ဓလေ့ ၂။ မြန်မာနှင့် ထိုးကွင်းမင်ကြောင် ၃။ ထိုးကွင်းမင်ကြောင်ဆေးများ ၄။ ထိုးကွင်းမင် ကြောင်အမျိုးမျိုး ၅။ ထိုးကွင်းမင်ကြောင်ထိုးနှံပုံ ၆။ သိပ္ပံခေတ်ထိုးကွင်းမင်ကြောင်စတဲ့ အခန်း ၆ ခန်းကို ရုပ်ပုံများနဲ့အတူ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဆရာဆင်ဖြူကျွန်းအောင်သိန်းက ဒီစာအုပ်ကို ပြုစုနိုင်ဖို့ လူပုဂ္ဂိုလ်ပေါင်း ၅၆ ယောက်၊ စာအုပ် ပေါင်း ၄၀ နဲ့ ပေစာမှတ်တမ်း ၅ ခုတို့ကို အထောက်အထားယူခဲ့ရပါတယ်။
စိတ်ကူးချိုချိုစာပေက တန်ဖိုး ၁၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

စာရေးသူ – မောင်မောင်စိုး
စာအုပ်အမည် – ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့်
တိုင်းရင်းသားအရေး တိုင်းရင်းသားအတွေး
အမျိုးအစား – နိုင်ငံရေး
ရှမ်းပြည်နယ်နိုင်ငံရေးလှုပ်ရှားမှုများ၊ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့အခြေအနေကို ဆရာမောင်မောင်စိုးက လေ့လာသုံးသပ်ထားတာဖြစ်ပါတယ်။
ဒီစာအုပ်မှာ အပိုင်း ၂ ပိုင်းပါဝင်ပြီး တိုင်းရင်းသားအရေးနှင့် မြန်မာပြည်၏လက်တွေ့ အခြေအနေ၊ ခွဲထွက်လိုက ခွဲထွက် ပိုင်ခွင့်ရှိသည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ခွဲထွက်ခွင့် ပေါင်းစည်းခွင့်၊ ဆွေး နွေးငြင်းခုံခြင်းယဉ်ကျေးမှု၊ ငြိမ်း ချမ်းရေးလမ်းခုလတ်က စစ်ပွဲများ၊ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့် လက်နက်ကိုင် တပ်ဖွဲ့ပြဿနာ၊ ဖက်ဒရယ်နှင့် ဗဟိုဦးစီးစနစ်ကြားက ပြည်နယ်ဝန်ကြီးချုပ်၊ အမျိုးသားရင်ကြားစေ့ရေး ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး တိုင်းရင်း သားအတွေး၊ ပင်လုံစာချုပ် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ခွဲထွက်နိုင်သောအခွင့်အရေး၊ ငြိမ်းချမ်းရေးအခင်းအကျင်း သစ်များ စတာတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။
Ethnic Studies Center က တန်ဖိုး ၂၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

စာရေးသူ – ဇော်တင်
စာအုပ်အမည် – မြန်မာပြည်က ROCK သူပုန်များ
အမျိုးအစား – ဂီတ
မဆလခေတ်ရဲ့အာဏာအရှိဆုံး ပုဂ္ဂိုလ်ကြီးက ဂစ်တာသံ၊ ဒရမ်သံတွေကို နားငြီးလို့ဆိုပြီး အင်လျားလိတ်ဟိုတယ်မှာ တီး ခတ်နေတဲ့ဂီတဝိုင်းကို ဖျက်ဆီးခဲ့ဘူးပါတယ်။ ဒီစာအုပ်မှာ စတီရီယိုဂီတအပေါ် ရူးသွပ်စွာနဲ့ လမ်းဖောက်ခဲ့ကြတဲ့ တေးရေး၊ တေးဆို၊ အတီးပညာရှင်တွေရဲ့ ဘဝဖြတ်သန်းမှုတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။
မင်းမင်းလတ်ဟာ ခေတ်ဆိုးကို ရိုက်ချိုးပြီး Global ကို ဖွင့်ခဲ့သူ၊ Music နဲ့အာဏာရှင်တံခါးကို ရိုက်ချိုးခဲ့သူ၊ တံခါးပိတ်ထား တဲ့နိုင်ငံမှာ မင်းမင်းလတ်ရဲ့အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်းသီချင်းဟာ တနိုင်ငံလုံး လူငယ်တွေ ပါးစပ်ဖျားမှာ ဝက်ဝက် ကွဲ အောင်မြင်ခဲ့တယ်လို့ ဆရာဇော်တင်က ဆိုပါတယ်။
ကျော်မွှေးစာပေက တန်ဖိုး ၂၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

စာရေးသူ – ဝင်းငြိမ်း
စာအုပ်အမည် – ကူးတို့ရှင်နှစ်ဦး
အမျိုးအစား – စာပေ
ဆရာဝင်းငြိမ်းက ပေဖူးလွှာ မဂ္ဂဇင်းရဲ့နှစ်ပတ်လည် အထူးအစီအစဉ်အနေနဲ့ ဆရာနှစ်ယောက်စလုံးကို တစ်ပြိုင်တည်း တွေ့ ဆုံမေးမြန်းခဲ့ပါတယ်။ ဒီစာအုပ်မှာ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ရဲ့စာပေလောကထဲ စတင်ဝင်ရောက်ခဲ့ပုံ၊ ကလောင် အ မည်များရွေးချယ်ရသည့်အကြောင်း၊ ကဗျာရေးရာမှာ အကြောင်းအရာနဲ့ ကာရန် ဘယ်အရာက အဓိက ကျသလဲ ဆရာများ ရဲ့အမြင်၊ ကဗျာ့ရည်ရွယ်ချက်၊ ကဗျာ့တာဝန်၊ ကဗျာရေးချင်သူများအတွက် အကြံပြုချက်၊ အချစ်ကဗျာများအပေါ် ဆရာများ ရဲ့အမြင်၊ ကာရန်မဲ့ကဗျာအပေါ် ဆရာများရဲ့အမြင်၊ ကဗျာဝေဖန်ရေး၊ မဂ္ဂဇင်းကဗျာများအပေါ် ဆရာများရဲ့အမြင် စတာတွေ ကို ဖတ်ရှုရမှာပါ။
ပိတောက်ရနံ့ စာအုပ်တိုက်က တန်ဖိုး ၁၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။