• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ပြည်သူ့ရဟန်း၊ ရဟန်းရေးတဲ့ ကဗျာ

by K ငြိမ်းချမ်း
3 June 2017
in Lifestyle
A A
ကဗျာသည် စာအုပ်မျက်နှာဖုံး

ကဗျာသည် စာအုပ်မျက်နှာဖုံး

17.1k
VIEWS
Share on FacebookShare on Twitter

ကဗျာဆရာ- မင်းဆက်
စာအုပ်အမည်- ကဗျာသည်
အမျိုးအစား- ကဗျာ
ထုတ်ဝေသည့်ကာလ- ၂၀၁၇၊ မေလ
ထုတ်ဝေသည့်တိုက်- နတ်မောက်
တန်ဖိုး- ၁၅၀၀ ကျပ်

မြန်မာနိုင်ငံမှာ ရွှေဝါရောင်သံဃာ့အရေးအခင်းကြီး ဖြစ်ခဲ့တာ ၁၁ နှစ်ကျော်ရှိခဲ့ပါပြီ။ ပခုက္ကူမြို့က စခဲ့တဲ့ သံဃာတွေ အကြမ်းဖက်ခံရတာက အစပြုလို့ ရန်ကုန်၊ မန္တလေး အခြားမြို့ကြီးတွေမှာ သံဃာ့အရေးတော်ပုံလို့တောင် တင်စားရ တဲ့ ရွှေဝါရောင်အရေးအခင်းတခုဖြစ်ပါတယ်။

RelatedPosts

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

20 July 2025
199
ဖားကန့်မြို့

ဖားကန့်မြို့

20 July 2025
227
ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

19 July 2025
374

အဲဒီမှာ ပါဝင်တဲ့သံဃာတော်တွေကို ဘယ်လို ဖြိုခွဲနှိမ်နင်း ထောင်သွင်းအကျဉ်းချခဲ့တယ်ဆိုတာလည်း အားလုံးသိပြီး ဖြစ် ပါတယ်။ ယခု စာအုပ်ကို ရေးသားသူ မင်းဆက် ကလောင် အမည်ရှိ ဦးဇင်းက အထက်ဗမာပြည် မန္တလေးအခြေစိုက် ရွှေ ဝါရောင်အရေးအခင်းကို မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်း ဦးဆောင်ပါဝင်လှုပ်ရှားခဲ့တဲ့ ရဟန်းတပါးလည်း ဖြစ်ပါတယ်။

ဝါသနာပါရာ ကဗျာစာပေနဲ့ ကလောင်တန်ကို ကိုင်စွဲကာ မဂ္ဂဇင်း၊ ဂျာနယ်များမှာ ရေးသားရင်း မန္တလေး ရွှေဝါရောင် သံ ဃာ့အရေးအခင်းမှာ ပါဝင်ခဲ့မှုကြောင့် အဓမ္မ လူဝတ်လဲ ထောင်ချခံခဲ့ရပါတယ်။ ထောင်က လွတ်မြောက်လာပြီး ရဟန်းဘ၀ ပြန်သီတင်းသုံးသော်လည်း သီတင်းသုံးဖို့ ကျောင်းကိစ္စကအစ ခက်ခဲ ဒုက္ခရောက်ခဲ့တယ်လို့ သိရပါတယ်။

ထောက်လှမ်းရေးများရဲ့စဉ်ဆက်မပြတ် စောင့်ကြည့်ခံရသူတဦးဖြစ်တာကြောင့် ရွှေဝါရောင်ဖြစ်ပြီး ထောင်ချခံရ၊ ထောင်မှ လွတ်မြောက်ပြီးတိုင်အောင် သီတင်းသုံးရာကျောင်းမှာ ဆက်လက်နေထိုင်လို့ မရခဲ့တာဖြစ်ပါတယ်။

စစ်အာဏာရှင်တို့ကပ်လှူတဲ့ ဆွမ်း၊ ကွမ်း၊ ခဲဖွယ်အပြင် အဲဒီအချိန်က ဇိမ်ခံကား၊ ကြီးမားတဲ့ကျောင်းတော်တွေကို လက်ခံ ပြီး စစ်အာဏာရှင်အလိုကျ ကခဲ့ရတဲ့သံဃာ မဟုတ်လို့ ရဟန်းအတု၊ သံဃာအတုလို့တောင် စွပ်စွဲခံရပါတယ်။ ဒီနေ့ဒီအ ချိန်မှာတော့ ဘယ်ရဟန်းက ဗုဒ္ဓဘာသာကို ဖျက်ဆီးပြီး သာသနာဖျက်ဆိုတာ ထင်ရှားလို့လာပါတော့တယ်။

ယခု ကဗျာသည်ကဗျာစာအုပ်က ရဟန်း ကဗျာဆရာမင်းဆက်ရဲ့ဒုတိယမြောက် တကိုယ်တော် ကဗျာစာအုပ်ဖြစ်ပါတယ်။ ကဗျာအပုဒ် ၄၀ ပါဝင်ပါတယ်။

စာအုပ်ပါကဗျာတွေရဲ့ထူးခြားချက်တခုကတော့ စစ်အာဏာရှင်ကို ခုခံတော်လှန်ခဲ့ပြီး လျှောက်ခဲ့တဲ့လမ်းဟာ နောင်တ၊ မှား ယွင်းမှုစတာတွေကို ကဗျာများမှာ မတွေ့ရဘဲ ဒါ ငါတို့ လုပ်ခဲ့တာကွဆိုတဲ့ မတော်ဂုဏ်ဖော်မှုများလည်း မတွေ့ရတာပါဘဲ။

ပါဝင်တဲ့ကဗျာများကတော့ အမေ၊ တန်ဖိုး၊ ငါတို့များ၊ အောက်မေ့ဖွယ် အခမ်းအနား၊ ဆုတောင်းစာ၊ မိုးရွာနေတယ်၊ ခေမာ၊ ဘဝဟာ၊ နေရောင်ခြည်မှာ၊ အသက်နဲ့အမျှ၊ မြစ်၊ နန်းတော်ရာ၊ တစ်ချိန်က ငါတို့နိုင်ငံ၊ ပြန်လာမယ်လို့ ပြောခဲ့တယ်၊ လခြမ်း ကွေး၊ အနန္တ၊ နှလုံးသားကုန်းမြင့်၊ ရက်ထပ်နှစ်၊ ကဗျာသည်၊ မမေ့ဘူး၊ ချစ်တဲ့သူတွေ၊ နေအေးဆဲခဏ၊ အဆုံးမစွန်သော၊ ဈေး၊ ဆိုတဲ့သစ္စာ၊ သမုဒ္ဒရာကို ဒီရွှေ့ခဲ့၊ မနေ့ည၊ လကွယ်ည၊ ဝိညာဉ်၊ ကြယ်ကြွေတို့ရဲ့အောက်၊ မတွေးရဲဘူး၊ ကိုယ်တိုင် ရေး အတ္တုပ္ပတ္တိ၊ အထူးတလည်နှစ်၊ နေ့တစ်နေ့၊ ဘဝကဗျာ၊ ချစ်သူကဗျာ၊ သူငယ်ချင်း ကဗျာ၊ ဧည့်ခန်း၊ လိုက်ခဲ့မယ်၊ မေ့ဖို့ ခက်ပါတယ် တို့ ဖြစ်ပါတယ်။

စာအုပ်မှာ ပါဝင်တဲ့ကဗျာအပုဒ်ရေဟာ မနည်းလွန်းမများလွန်းတဲ့ ပမာဏဖြစ်ပါတယ်။ ကဗျာတွေဟာလည်း ကဗျာဆရာကို ကိုယ်စားပြုထားတယ်လို့ ယူဆရပါတယ်။ စာအုပ်မှာ ပါဝင်တဲ့ “တစ်ချိန်က ငါတို့နိုင်ငံ”မှာ ခုလို ဖတ်ရပါတယ်။

ခေါင်းပေါ် သွန်းလောင်းသော ရေစက်ကို သစ္စာတရားပါလို့
မြေသားတွေနဲ့အတူ ခံယူပြီး ပန်းစည်းလေးနဲ့ဘဝကို
ထွေးပိုက်ထားတယ်
တစ်ချိန်က ငါတို့နိုင်ငံ။
ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည်ကို ဖွဲ့နွဲ့ပြီး အဲဒီနိုင်ငံဟာ ပြည်တွင်းစစ်နဲ့ အာဏာရှင်စနစ်ကြောင့် ဖွတ်ဖွတ်ကြေသော်ငြား ပန်း စည်းကို ကိုင်စွဲထားပါသေးသတဲ့။ ဘာတွေများ အောင်ပွဲခံဖို့ပါလိမ့်။
မပျော်ရွှင်လို့ မနေချင်လို့ မဟုတ်ပေမယ့်
စွန့်ခွာခံရတဲ့နှစ်တစ်နှစ်မှာ မျက်ရည်ချွေတဲ့
အဖြစ်အပျက်များမှာ အောင်သပြေ မြေခပေါ့။
ကဗျာက မပြီးသေးသော်လည်း အောင်သပြေ မြေခံရတဲ့ အကြောင်းအရင်းကတော့ ရှိမှာပေါ့လေ။ တွေ့ပါပြီ။
စစ်ပွဲတွေ ကျောက်သားမှာ ရေးထိုးတော့ အက္ခရာမှာ
သွေးစတွေနဲ့လား၊ ရန်သူတစ်ယောက်ကြောင့် ကြွေလွင့်
ရမယ်ဆိုလည်း ရန်သူတစ်ယောက်ရဲ့ရင်ပြင်ဟာ
ခြောက်သွေ့နေခဲ့လား၊ နန်းရင်ပြင်ဟာ ပြန်မလာသူကို
စောင့်မျှော်ရင်း စစ်နဲ့ငြိမ်းချမ်းရေးမှာ သွေးအန်ရင်း
အဓိကတရားခံကတော့ စစ်ပွဲတွေပါပဲ။ ကဗျာထဲမှာ ပြန်မလာသူအတွက် ရှင်ကျန်နေသူမှာလည်း စစ်နဲ့ငြိမ်းချမ်းရေးမှာ ကျန်းမာရေး ယိုယွင်းစပြုလာနေပါတယ်။ စစ်ပွဲတွေကို ဘယ်သူတွေ ဖန်တီးနေပါသလဲ။ ဒါကတော့ ကဗျာဖတ်ရင်း ဆင် ခြေရာကြီးကြီးကို ထပ်ဆင့်ခြေရာခံမိတာပါပဲ။ ကဗျာဆရာကတော့ အဆုံးထိ ပြောမသွားပါဘူး။
တကယ့်အလင်းနှစ်ပါပဲ
လနေကြယ်တာရာတို့ရဲ့အလင်းရောင်းမှာ
နေပြည်တော်ဟာ ရုပ်ကြွင်းတစ်ခုဖြစ်ခဲ့တယ် ။ ။

လ၊ ကြယ်တာရာ တို့တင်မကဘဲ နေမင်းကြီးပါ နေ့ခင်းဘက်က ကူးလာဟန်ရှိပြီး စုပေါင်းအလင်းရောင်နဲ့ မီးမောင်းထိုး ပြ လိုက်တာကတော့ နေပြည်တော်ဆိုတဲ့ အသက်မရှိတဲ့ ရုပ်ကြွင်းတခုဆိုတာပါပဲ။ ဘယ်အချိန် ဘယ်ကာလမှာ မြင်ရမယ် ဆို တာတော့ ကဗျာထဲမှာ မတွေ့ရပါဘူး။ ရုပ်ကြွင်းကြီး မြင်ရဖို့ကတော့ မျှော်လင့် ပူးပေါင်းကြရုံသာ။

ကဗျာတွေဖတ်ရင်း ကဗျာဆရာရဲ့ရပ်တည်ချက် စိတ်သဘောထားကိုတွေ့ရတဲ့ ကဗျာတပုဒ်ကိုလည်း ပြောချင်ပါသေး တယ်။ အထူးတလည်နှစ် ဆိုတဲ့ကဗျာဖြစ်ပါတယ်။ ကဗျာက စာကြောင်းရေတိုတောင်းသော်လည်း ဒီကဗျာမှာပဲ ရှည် လျားလာမယ့် သမိုင်းကြောင်းဆီ ဦးတည်နေလို့ဖြစ်ပါတယ်။

အနာဂတ်ဆိုတာ
အရေးကြီးတယ်
ရှင်သန်မှုမှာ
အဓိပ္ပာယ်ရှိရမယ်
ထိုင်နေလည်း ထူးခြားမလာတဲ့ ဘဝမှာ
အသက်သေကြေ ဘာအရေးလဲ
သွေးထွက်သံယို ဘာအရေးလဲ
ဆိုရမယ့် အရေးကို
အရေးကြီးလို့ အရေးဆိုတတ်ဖို့တော့ လိုတယ်
ဘာအရေးလဲ
လာမမေးနဲ့။ ။

ကဗျာမှာ ထပ်မံရှင်းလင်း စကားကြောင်းဖို့မရှိအောင် အဓိပ္ပာယ်၊ လမ်းကြောင်းတို့ကို မြင်နေရပါတယ်။ ကိုယ့်အခွင့်အရေး၊ ကိုယ့်ရပိုင်ခွင့်များအတွက် ကိုယ်ကိုယ်တိုင် အရေးဆိုရုံကလွဲ အခြားလမ်းမရှိဆိုတာ မြင်ခဲ့ရလိုက်ပါတယ်။ ကိုယ်အော်မှ ကိုယ်ရမယ့် ကိုယ့်အခွင့်အရေး။ ဒါတောင် သေချာသလားဆိုတော့။

ယခု ကဗျာဆရာ မင်းဆက်ရဲ့ကဗျာသည် စာအုပ်မှာ ကဗျာချစ်သူများ၊ ဝါသနာရှင်များ စူးစမ်းလိုစိတ်နဲ့ဖြစ်စေ အနုပညာတ ရပ်အနေနဲ့ လေ့လာလိုသည်ဖြစ်စေ ဖတ်ရှုသင့်တဲ့ ကဗျာစာအုပ်တအုပ်ဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်။

Your Thoughts …
Tags: စာအုပ်
K ငြိမ်းချမ်း

K ငြိမ်းချမ်း

​Copy Editor

Similar Picks:

ကချင် ဖြစ်တည်ခြင်းနှင့် ဖြစ်လာခြင်း (ဗမာပြည်နယ်ခြား ကမ္ဘာများမှ နယ်မြေဖြတ်ကျော် သမိုင်းများ) စာအုပ်မျက်နှာ ဖုံး

ကချင်တို့၏အစ ကချင်တို့၏တည်ရှိရာ

by K ငြိမ်းချမ်း
29 October 2017
29.2k

ကချင်လူမျိုးတို့စတင်ရာကနေ ယနေ့မျက်မှောက် ကချင်ပြည်နယ်အကြောင်းထိ စုစည်းရေးသားထားတဲ့ ယခုစာ အုပ်ကို အိန္ဒိယလူမျိုး အမျိုးသမီးစာရေးဆရာ Mandy Sadan က ရေးသားခဲ့ပြီး Oxford university press မှာ ရိုက်နှိပ် ကာ The British...

ရန်ကုန်သမိုင်း စာအုပ်မျက်နှာဖုံး

ရန်ကုန်သမိုင်း သမိုင်းထဲက ရန်ကုန်

by K ငြိမ်းချမ်း
11 June 2017
28.7k

“အထင်ကရအဖြစ် ဒဂုံမြို့၏ ရပ်တည်မှုသမိုင်းကို လေ့လာသော် လွန်ခဲ့သည့် နှစ်ပေါင်း၂၀၀ ခန့်က မွန်လူမျိုးတို့ မြို့တည်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ ၁၈ ရာစုအလယ်တွင် ရွှေတိဂုံဘုရားသည် ဘာသာရေးအရ အချက် အချာ ဖြစ်လာပြီး ဒဂုံမြို့သည် စည်ကားစပြုလေသည်”...

အိမ် အက်ဆေးပေါင်းချုပ်စာအုပ်

အိမ်ဆိုတဲ့အဓိပ္ပာယ် အိမ်မျှော်လင့်ချက်

by K ငြိမ်းချမ်း
20 August 2017
24.4k

ရန်ကုန်မှာ နေစရာအိမ်ဆိုတာ လွန်စွာ ခက်ခဲကြောင်း ရန်ကုန်ကို ဖြတ်သန်းဖူးသူတွေ သိကြပါတယ်။ မြေဆို ရင် ပန်းအိုးထဲကမြေတောင် တန်ဖိုးမြင့်နေချိန် နေဖို့တိုက်ခန်းတခန်း၊ အိမ်တလုံးဆိုတာ ရန်ကုန်မှာ မဟာအိပ်မက်ကြီး

ကျွန်တော်နှင့် ဗိုလ်ချုပ်များ စာအုပ်မျက်နှာဖုံး

ဗိုလ်ချုပ်နေဝင်း မွှေခဲ့တဲ့ BURMA TRADE LIMITED (London, UK) အကြောင်း

by K ငြိမ်းချမ်း
24 June 2017
33.6k

Burma Trade London UK ဟာ မြန်မာ့ဆိုရှယ်လစ်စီးပွားရေးလမ်းစဉ်ချမှတ်သူကြီး ဦးနေဝင်းရဲ့အောက်မှာ စုံးစုံးမြုပ်သွား ရပါတော့တယ်။

ထင်းရှူးပင်ငယ် ပုံပမာ

ထင်းရှူးပင်ငယ် ပုံပမာ

by မောင်ဖေသန်း
20 April 2024
354

အကိုင်း အခက်ကလေးများသည် ဥယျာဉ်မှူးတို့ ဖြတ်ထားသည့် အတိုင်း မနေတော့ဘဲ ရှည်ထွက် လာကြသည့် အလျောက် လှသည်ဟူ၍ ဥယျာဉ်မှူးတို့ ဖန်တီးထားသည့် ပုံသဏ္ဌာန်များသည် ပီသခြင်း မရှိတော့ပါ။

မြန်မာနိုင်ငံရဲ့ အလှတရားများအကြောင်း ပါဝင်တဲ့ “The Best of Myanmar”

မြန်မာနိုင်ငံရဲ့ အလှတရားများအကြောင်း ပါဝင်တဲ့ “The Best of Myanmar”

by သီဟတိုး
29 December 2017
4.6k

Chapter တွေထဲမှာ မြန်မာနိုင်ငံရဲ့ ပွဲတော်တွေဖြစ်တဲ့ ၁၂ လရာသီပွဲတော်တွေကို စိတ်ဝင်တစား ဖြစ်အောင် ရေးသားထားတာတွေလည်း ပါဝင်တယ်လို့ Mr.Jaffee Yee က ဆိုပါတယ်။

Next Post
ဖမ်းဆီးခံရသည့် အမျိုးသမီး ၃ဦး / MGR-online

လူသတ်မှုဖြင့် မြန်မာဘက်ခြမ်း တိမ်းရှောင်လာသည့် ထိုင်း အမျိုးသမီး ၃ဦး ဖမ်းမိ

Game ကစားဖို့ အကောင်းဆုံး Logitech ရဲ့ Mouse မော်ဒယ်များ

Game ကစားဖို့ အကောင်းဆုံး Logitech ရဲ့ Mouse မော်ဒယ်များ

No Result
View All Result

Recommended

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

2 days ago
5.2k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
5k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate