Lifestyle

ပုံစံအသစ်နဲ့ ဂျက်စတင်ဘီဘာရဲ့ ဖက်ရှင်

Want create site? Find Free WordPress Themes and plugins.

နှုတ်ခမ်းနီမလေးများရဲ့အသည်းကျော် အဆိုတော် ဂျက်စတင်ဘီဘာဟာ သူရဲ့သီချင်း၊ ရုပ်ရည်တင်မကဘဲ ဝတ်စားဆင်ယင်ပုံနဲ့ ပတ်သက်ပြီးတော့လည်း လူအများရဲ့စိတ်ဝင်တစား အသိအမှတ်ပြုခြင်းခံရသူပါ။

အခုတခါမှာလည်း သူ ဝတ်ဆင်နေကြပုံစံများနဲ့ ကွဲထွက်နေတဲ့ ဖက်ရှင်စတိုင်တမျိုးနဲ့ နယူးယောက်မြို့ လမ်းမထက်မှာ ပေါ်ထွက်လာခဲ့ပါတယ်။

ရွှေဝါရောင် ခေါင်းစွပ်အနွေးထည်၊ အားကစားဖိနပ်၊ ဘီဘာတံဆိပ် ခြေအိတ်ရှည်နဲ့ ကောင်းဘွိုင်ဦးထုပ်တို့ကို ဝတ်ဆင်ကာ သတင်းထောက်များရှေ့မှာ ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။

အဆိုပါပုံများဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ တက်လာပြီးနောက် အမျိုးမျိုးသော ထင်မြင်ယူဆချက်များ ဝေဖန်သံများနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

အခုလို အားကစားဖိနပ်နဲ့ ကောင်းဘွိုင်ဦးထုပ်ကို ယှဉ်တွဲဝတ်ဆင်ခဲ့တဲ့ ဂျက်စတင်ဘီဘာရဲ့ အတွေးအခေါ်ကို အံ့သြမိပါတယ်ဆိုပြီး တွစ်တာအသုံးပြုသူတဦးမှလည်း ရေးသားထားတာကို တွေ့ရပါတယ်။

သားရေဖိနပ်ရှည်၊ ဘောင်းဘီရှည်တို့နဲ့သာ တွဲဖက်ဝတ်ဆင်ရလေ့ရှိတဲ့ ကောင်းဘွိုင်ဦးထုပ်ကို ဘောင်းဘီတို၊ ခြေအိတ်ရှည်၊ အားကစားဖိနပ်တို့နဲ့ ဝတ်ဆင်ခဲ့တဲ့ ဂျက်စတင်ဘီဘာဟာ ကောင်းဘွိုင် ဖက်ရှင်ချစ်သူများအတွက်တော့ ဒေါသထွက်စရာဖြစ်ခဲ့ပေမယ့် သူ့ရဲ့အမာခံပရိသတ်တွေအတွက်တော့ ယခု ဖက်ရှင်ဟာတမျိုးအမြင်ဆန်းနေစေမှာပါ။

Ref:time

ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading