Lifestyle

အာရှရဲ့အဆန်းကြယ်ဆုံးစာရင်းမှာ ပါရှိလာတဲ့ ပုဂံ

Want create site? Find Free WordPress Themes and plugins.

ရှေးခေတ်လက်ရာတွေကြောင့် ဖြစ်ဖြစ်၊ သဘာဝပတ်ဝန်းကျင် အနေအထားတွေကြောင့်ပဲ ဖြစ်ဖြစ်၊ သွားရောက် လည်ပတ်ဖို့ အကောင်းဆုံး အာရှတိုက်ရဲ့အဆန်းကြယ်ဆုံးစာရင်းမှာ မြန်မာနိုင်ငံရဲ့ပထမဆုံးမြို့တော် ပုဂံ ပါဝင်လာသလို အခြား သွားရောက် လေ့လာလည်ပတ်ဖို့ အကောင်းဆုံးနေရာ ၁၀ ခု ကို ရှာဖွေတင်ပြလိုက်ပါတယ်။

(၁) Kashgar (တရုတ်)

ပိုးလမ်မကြီး အနီးမှာရှိပြီး ရှေးခေတ် အိုအေစစ် မြို့ဟောင်းတည်ရှိခဲ့တဲ့ နေရာပါ။ ကျေးလက်လမ်းမတွေ၊ လှည်းတွေ၊ ရှေး ခေတ်ဆန်ဆန် နေထိုင်ပုံ ဓလေ့စရိုက်တွေကို လေ့လာ မြင်တွေ့နိုင်မယ့် အကောင်းဆုံးနေရာပါ။

အခုချိန်ထိအောင် အဆိုပါ အရပ်ဒေသက ဈေးကို လှည်းတွေနဲ့အသုံးပြု လာရောက် ရောင်းချနေဆဲ ဖြစ်ပြီး ဒေသထွက် ကျောက်မျက်တွေကနေ ပိုးထည်၊ အသား၊ ငါးတွေထိအောင် ရနိုင်တဲ့ ဈေးလည်း ရှိပါတယ်။

(၂) Siem Reap / Angkor Wat (ကမ္ဘောဒီးယား)

ကမ္ဘာ့အံ့ဖွယ်စာရင်းမှာ နံပါတ် (၈) ချိတ်တဲ့ ဘုရားကျောင်းပါ။ နိုင်ငံခြားသားအများဆုံး ဝင်ထွက်ရာ နေရာတနေရာပါ။ အ ထူးသဖြင့်တော့ အဆိုပါ ဘုရားကျောင်းကနေ နေထွက် အရုဏ်တက်ကို စောင့်ကြည့်ကြပါတယ်။

Ta Prohm နဲ့ Bayon ဘုရားကျောင်းဆောင်တွေလို ထူးခြားမှုတွေ၊ လက်ရာကောင်းတွေရှိတဲ့နေရာတွေကို လူအများ ပိုမို စိတ်ဝင်စားတာ တွေ့ရပါတယ်။

(၃) Sapa (ဗီယက်နမ်)

နိုင်ငံရဲ့မြောက်ပိုင်းမှာ ရှိတဲ့ တောင်စောင်းတွေကို လှေခါးထစ်လယ်ကွက်တွေအဖြစ် ဖန်တီးစိုက်ပျိုးထားတဲ့ လယ်မြေတွေနဲ့ အမြဲစိမ်းစိုနေတဲ့ ရှုခင်းက ဆွဲဆောင်မှု ရှိစေတာပါ။ မြေပြန့်နည်းပါးတဲ့ ဗီယက်နမ်တွေဟာ အခုလို တောင်စောင်းတွေမှာ လယ်စိုက်လေ့ရှိပြီး မျက်စိရှေ့က တောင်တန်းတိုင်းမှာ လယ်ကွင်းတွေ မြင်နေရမယ့်နေရာပဲ ဖြစ်ပါတယ်။

(၄) Hunza Valley (ပါကစ္စတန်)

ကာရာကိုရမ်တောင်တန်းရဲ့တခုတည်းသော အိုအေစစ်တောင်ကြားပါ။ ဟွန်ဇာမြစ်က တောင်ကြားရဲ့အလယ်ကနေ ဖြတ် သန်းစီးဆင်းနေတယ်။

တောင်က အမြင့်ကနေ အောက်ဘက်ရောက်လာတိုင်း မီးခိုးပြာရောင် ဖြစ်လာတယ်။ သဲဆန်တဲ့ မြေပြင်နဲ့အတူ ကျေးလက် ရွာတွေ ရှိတယ်၊ ဒေသခံဓလေ့တွေကိုလည်း အကောင်းဆုံး လေ့လာနိုင်မှာပါ။ သဘာဝတရားရဲ့အရသာစစ်စစ်ကို လိုချင်သူ တွေအတွက် အကောင်းဆုံးပါပဲ။

(၅) Varanasi (အိန္ဒိယ)

အိန္ဒိယမှာ ရှိတဲ့ သက်တမ်းအရင့်ဆုံး ရှေးမြို့တော်တခုပါ။ ဒီမြို့မှာ နေထိုင်သူ လူဦးရေ ၁.၂သန်းကျော် ရှိပါတယ်။ ဟိန္ဒူ ရိုးရာ မီးနင်းပွဲ၊ ရေချိုးပွဲလုပ်တဲ့ နေရာ ၁၀၀ ကျော် ရှိပါတယ်။ ဟိန္ဒူ၊ ဂျိမ်းနဲ့ ဗုဒ္ဓဘာသာတွေရဲ့ သမိုင်းဝင်ဘုရားကျောင်းပေါင်း ၂၀၀ ကျော် ရှိနေပါတယ်။ Vishwanath, Durga, Tulsi Manas, New Vishwanath, Bharat Mata နဲ့ Annapurna ဘုရားကျောင်းတွေက နာမည်ကြီးပါတယ်။

(၆) Guilin-Yangshuo (တရုတ်)

ကမ္ဘာလှည့်ခရီးသွားတွေ အတွက်ကတော့ နိဗ္ဗာန်ပါပဲ။ တနေရာတည်းမှာ မဟုတ်ပေမယ့် စားသောက်ဆိုင်၊ ဟိုတယ်၊ ဘားနဲ့ အပန်းဖြေစခန်းတွေကတော့ နေရာအနှံ့ ရှိနေပါတယ်။ လုံးဝန်းပြီး မတ်စောက်တဲ့တောင်တွေ အများအပြား ရှိနေမှု၊ ရေ ပြင်နဲ့ ထူးခြားတဲ့ ပတ်ဝန်းကျင်ကို ခံစားနိုင်လို့ သဘောကျစရာပါ။

Li အမည်ရှိ မြစ်က ဖြတ်သန်းစီးဆင်းနေပါတယ်။ မနက်ခင်း ပတ်ဝန်းကျင်ကို အများဆုံး သဘောကျ ကြည့်ရှုကြသလို စက် ဘီးနဲ့လည်း နေရာအနှံ့ သွားလာနိုင်ပါတယ်။

(၇) Bagan (မြန်မာ)

ကီလိုမီတာ စတုရန်း ၄၀အတွင်းမှာ ထောင်ပေါင်းများစွာသော စေတီတွေ၊ ဘုရားကျောင်းတွေ ရှိပါတယ်။ အဲဒီထဲက ၂၀၀၀ လောက်က မူလအတိုင်း မွမ်းမံထိန်းသိမ်းထားပါတယ်။ ငလျင်ကြောင့် ပျက်စီး အက်ကွဲနေတဲ့စေတီတွေ မြင်နိုင်မယ်၊ နေ့စဉ် ဝတ်ပြုနေတဲ့ ရဟန်းတော်တွေ တွေ့နိုင်တယ်၊ မနက်ခင်းပိုင်း ထွက်လည်တာ အကောင်းဆုံးဖြစ်ပြီး အားလုံးက ပကတိ တိတ် ဆိတ်နေတဲ့ သဘာဝအရသာကို ပေးစွမ်းပါလိမ့်မယ်။

(၈) Lhasa (တိဗက်)

အာရှရဲ့အဆန်းကြယ်ဆုံး နေရာတခုပါ။ အခုချိန်ထိအောင် မူရင်း ဒေသခံတွေရဲ့ရိုးရာအတိုင်း အများဆုံး နေထိုင်နေဆဲ ဖြစ် ပါတယ်။ အရုဏ်တက်အချိန်မှာ နယ်အတွင်းက ဘုရားကျောင်းတွေကို လိုက်ပြီး လေ့လာဖို့ အကောင်းဆုံးပါ။ တိဗက်ဘုန်း တော်ကြီးတွေရဲ့တရားသံတွေ နားထဲ ပြည့်နေစေမှာ အမှန်ပါ။

(၉) Luang Prabang (လာအို)

အင်ဒိုချိုင်းနားပင်လယ်ကွေ့ရဲ့အသည်းနှလုံးလို့ ဆိုနိုင်မယ့်နေရာပါ။ မနက်ခင်းရှုခင်းတွေဟာ ဆွဲဆောင်မှု အကောင်းဆုံးနဲ့ ကမ္ဘာလှည့်တွေ သဘောအကျဆုံး ဖြစ်ပါတယ်။ ထောင်နဲ့ချီတဲ့ ရဟန်းတော်တွေ အစဉ်လိုက် အာရုံဆွမ်းခံထွက်ချိန်ဟာ ဆွဲ ဆောင်မှု ဖြစ်စေပါတယ်။

(၁၀) Bhaktapur (နီပေါ)

ထူးခြားချက်အနေနဲ့ အခုနယ်ပယ်အတွင်း ကားမောင်းဝင်ခွင့် မပေးထားပါဘူး။ အုတ်နီခဲတွေနဲ့လမ်းတွေကို ခင်းထားတယ်၊ ရှေးခေတ် လူနေမှုဓလေ့စရိုက်အတိုင်း နေထိုင်မှု များကြတယ်။ ကျနော်ထင်တာ မမှားဘူးဆိုရင်တော့ ရာစုနှစ်ပေါင်းများစွာ ကြာအောင် အခုနေရာမှာ နာရီဟာ ရပ်တန့်နေတယ် ထင်ပါတယ်။

Ref: www.wonderslist.com

Did you find apk for android? You can find new Free Android Games and apps.
Loading