၁။ မြို့တော်သန့်ရှင်းလှပဖို့ အားလုံးပူးပေါင်းပါဝင်စို့ (Clean Our City Together) လှုပ်ရှားမှုကို မဟာဗန္ဓုလ ပန်းခြံ၊ မြို့တော်ခန်းမရှေ့တွင် ၁၁.၆.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ လျော့နည်းသွားစေရန် အနုပညာရှင်များ၊ ပရဟိတအဖွဲ့များနှင့် မြို့တော်သန့်ရှင်းလှပ စေလိုသူ ပြည်သူများက ပညာပေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
၂။ ပန်းချီဆရာကြီး ဦးခင်မောင်ရင်ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် KIN MAUNG YIN`s KIN MAUNG YIN ပန်းချီပြပွဲကို ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလ ပန်းခြံလမ်း (ဘားလမ်း) အမှတ် ၃၅၂/၃၆၆၊ အခန်း အမှတ် ၁၀၊ ဒုတိယထပ် ရှိ Peace Gallery တွင် ၁၀.၆.၂၀၁၇ မှ ၁၂.၆.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ဦးခင်မောင်ရင်၏ ပန်းချီကား ၆၀ ကို ၁ ရက် ကား ၂၀ နှုန်းဖြင့် ၃ ရက် ပြသပေးသွားမည် ဖြစ်ကြောင်းသိရသည်။
၃။ ဓာတ်ပုံထိန်လင်း၏ Views for all တကိုယ်တော် ဓာတ်ပုံပြပွဲကို ဗိုလ်တထောင်မြို့နယ်၊ ၄၃ လမ်းရှိ 43 Art Gallary တွင် ၃.၆.၂၀၁၇ မှ ၁၁.၆.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ဓာတ်ပုံပြပွဲတွင် မြန်မာနိုင်ငံ၊ တောင်တန်း-ပြည်မ နေရာအနှံ့အပြားတွင် ရိုက်ကူးခဲ့သော ဓာတ်ပုံလက်ရာများ အပြင် ဂျပန်၊ ကိုရီးယားနိုင်ငံများတွင် ရိုက်ကူးခဲ့သော ဓာတ်ပုံလက်ရာများကိုပါ ကြည့်ရှုခံစားနိုင်မည် ဖြစ်ကြောင်းသိရသည်။
၄။ Graffiti Artist အာကာကျော်၏ LUCKIE AND ME တကိုယ်တော် ပန်းချီပြပွဲကို ကျောက်တံတားမြို့နယ်၊ ၃၈ လမ်း (Strand Hotel အနီး)ရှိ RIVER gallery တွင် ၇.၆.၂၀၁၇ မှ ၁၈.၆.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွား မည် ဖြစ်သည်။ အဆိုပါ ပန်းချီပြပွဲတွင် အရိုင်းလစ်ပန်းချီကား ၁၈ ကားပြသသွားမည် ဖြစ်ကြောင်းသိရသည်။
၅။ K Pop နှင့် အမေရိကန် အဆိုရှင်များ ပါဝင်မည့် Under Dawg ဂီတဖျော်ဖြေပွဲကို သင်္ဃကျွန်းမြို့နယ်ရှိ Thuwannabhumi Event Park တွင် ၁၂.၆.၂၀၁၇ ရက်နေ့ ညနေ ၄ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကို ၀၉-၂၆၀၇၀၂၇၀၀၊ ၀၉-၂၆၀၇၀၂၈၀၀၊ ၀၉-၄၅၄၅၄၅၄၆၁၊ ၀၉-၄၅၄၅၄၅၄၆၂ တို့ကို ဆက်သွယ် မှာယူနိုင်ကြောင်း သိရသည်။
၆။ မြန်မာ အပြည်ပြည်ဆိုင်ရာ ပညာရေး ပြပွဲ 2017 (International Education Fair Myanmar 2017) ကို ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းတွင် ၉.၆.၂၀၁၇ မှ ၁၁.၆.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပညာသင်ဆုနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများ၊ သက်ဆိုင်ရာ ပညာရှင်များ၏ ပညာရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
၇။ လူငယ် ဂီတပညာရှင်များပါဝင်သော လူငယ်များရဲ့ အသံ (Voice of the Youth) ဂီတ ဖျော်ဖြေပွဲကို ပြည်သူ့ရင်ပြင်တွင် ၈.၆.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီတွင် စတင်ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်ကြေးအခမဲ့ ဖြစ်ပြီး လူငယ်များကြား လူ့အခွင့်အရေး၊ တန်းတူညီမျှမှု၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုများကို အသိပညာ ပေးရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
၈။ နာမည်ကြီး Engineering Company များနှင့် မိတ်ဆက်ပေးမည့် Jobnet.com.mm ၏ 2017 Engineering Career Conference ကို ကမ္ဘာအေး ဘုရားလမ်းရှိ Sedona Hotel တွင် ၁၁.၆.၂၀၁၇ ရက်နေ့ မနက် ၉ နာရီတွင် စတင်ပြုလုပ်သွားမည် ဖြစ်သည်။ အလုပ်အကိုင်နှင့်ပတ်သက်သည့် ဟောပြောပွဲများ ပါဝင်မည် ဖြစ်ပြီး ထိပ်တန်းကုမ္ပဏီကြီးများမှ လစ်လပ်နေရာ များစွာခေါ်ယူသွားမည် ဖြစ်သည့်အတွက် အလုပ် လျှောက်ထားနိုင်ရန် လိုအပ်သည့် အထောက်အထား အချက်အလက်များ ယူလာနိုင်ကြောင်းသိရသည်။
၉။ World Lethwei Championship (WLC 2 ) ပြိင်ပွဲကြီးကို သုဝဏ္ဏ မိုးလုံလေလုံကွင်းတွင် ၁၀.၆.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါလက်ဝှေ့ပြိုင်ပွဲကြီးကို SkyNet DTH ရုပ်သံ ၊ Sports 4 Channel မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပြီး ကိုယ်တိုင်သွားရောက်ကြည့်ရှုလိုသူ များသည် လက်မှတ်များကို ဖုန်းနံပါတ် ၀၉-၄၅၁၀၁၀၇၈၉၊ ၀၉-၉၆၅၀၁၀၇၈၉ တို့တွင် ဆက်သွယ်မှာယူနိုင် ကြောင်းသိရသည်။
၁၀။ ပန်းချီမြင့်စိုး၏ Give Peace a Chance ပန်းချီပြပွဲကို ယောမင်းကြီးလမ်းရှိ နဝဒေးသာလာ ပန်းချီပြခန်းတွင် ၃.၆.၂၀၁၇ မှ ၉.၆.၂၀၁၇ ရက်နေ့အထိ ပြသသွားမည် ဖြစ်သည်။ ပြပွဲတွင် ငြိမ်းချမ်းရေးဆိုင်ရာ ပန်းချီကားများ နှင့် အင်စတော်လေးရှင်း လက်ရာအချို့ ပြသွားမည် ဖြစ်ပြီး ပန်းချီကားရောင်းရငွေ၏ ၅၀ ရာခိုင်နှုန်းကို ကချင် ပြည်နယ် စစ်ဘေးရှောင်ဒုက္ခသည် စခန်းများအား လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။ ။