ကိုရီးယားနာမည်ကြီး အမျိုးသား အဆိုတော်အဖွဲ့ Big Bang အဖွဲ့ရဲ့ အဖွဲ့ဝင်တဦးဖြစ်သူ T.O.P က အထိန်းအကွပ်မရှိ ဆေးခြောက်သုံးစွဲမှုဖြင့် ဖမ်းဆီခံခဲ့ရတယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ကိုရီးယားနိုင်ငံ ဗဟိုအစိုးရရှေ့နေရုံးရဲ့ပြောဆိုချက်အရ ၂၉ နှစ်အရွယ် T.O.P က ပြီးခဲ့တဲ့နှစ် အောက်တိုဘာက ဆိုးလ်မြို့ရှိ သူ့နေအိမ်မှာ အဆိုတော်အမျိုးသမီးတဦးနဲ့ လေးကြိမ်ဆေးခြောက်သုံးစွဲခဲ့ကြောင်း သံသယရှိတယ်လို့ ဆိုပါတယ်။
T.O.P က သူ့အနေနဲ့ ဥပဒေနဲ့ဆန့်ကျင်တဲ့အလုပ်မျိုးတခါမှမလုပ်ပါဘူးလို့ အစ ပထမပိုင်းက ငြင်းဆိုခဲ့ပေမယ့် ရဲတွေစစ်ဆေးပြီးနောက်ပိုင်းမှာ တောင်းပန်စာရေးခဲ့ရတယ်လို့ Korea Herald က ဖော်ပြထားပါတယ်။
T.O.P ရဲ့ အေဂျင်စီဖြစ်တဲ့ YG Entertainment က သူဟာ စစ်မှုမထမ်းခင်ကတည်းက ဆေးခြောက်သုံးစွဲခဲ့ပါတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားရဲ့ဥပဒေအရ ဆေးခြောက်သုံးစွဲမှုကို ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ကိုရီးယားဝမ်ငွေ သန်း ၅၀ ဒဏ်ကြေးပေးဆောင်ရမှာပါ။
Big Bang အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူ G-Dragon ကလည်း ပရိသတ်တွေကို T.O.P ကိုယ်စား တောင်းပန်ခဲ့တယ်လို့ Daily Sports ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဇွန်လ ၃ ရက်နေ့က ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Big Bang အဖွဲ့ရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲမှာ T.O.P ကလွဲပြီး အခြားအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
ပွဲစစချင်းမှာ G-Dragon က ပရိသတ်တွေကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့အတွက်တောင်းပန်ခဲ့ပါတယ်။ နောက်ထပ်ဒာခုလိုကိစ္စမျိုးမရှိစေရပါဘူးလို့လည်း ကတိပေးခဲ့ကာ ဆက်လက်ပြီး သူတို့အဖွဲ့ကို အားပေးပါဦးလို့လည်း တောင်းဆိုခဲ့ပါတယ်။
Ref: soompi/channelnewasia/straitstimes
သုန္ဒြီ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။