စာရေးသူ – မင်းသုဝဏ်
စာအုပ်အမည် – ဖိုးသူတော်ဦးမင်း၏ သဘာဝပြက္ခဒိန်နှင့်အခြားစာများ
အမျိုးအစား – စာပေ
ခေတ်ကာလကွာခြားလာမှုတွေကြောင့် ရှေးက မြန်မာမှုကိုလျစ်လျူမပြုမိအောင် သူတော်ဦးမင်းရဲ့ဆယ့်နှစ်ရာသီဘွဲ့တွေကို ရှင်းလင်းဖြေဆိုထားတာဖြစ်ပါတယ်။
ဒီစာအုပ်မှာ အဓိကအားဖြင့် သူတော်ဦးမင်းရဲ့ဆယ်နှစ်ရာသီဘွဲ့လေးဆစ်ကဗျာ အဖွင့်တွေအပြင် သူတော်ဦးမင်းရဲ့ ကဗျာ နဲ့စပ်ဆိုင်တဲ့ ဆောင်းပါးတွေ၊ ရှင်ဥက္ကံသမာလာ၊ မုံရွေးဆရာတော် စသူတို့ရဲ့ စာပေ အမြင်နဲ့စပ်ဆိုင်တဲ့ ဆောင်ပါးတွေ၊ ရှောက် ရွာ၊ ယောင်ကြီးဗွေ၊ စစ္ဆေ၊ စဉ်းလဲ စတဲ့ ဝေါဟာရဆောင်းပါးတွေ၊ မြန်မာ့ယဉ် ကျေးမှုနှင့် မြန်မာ့ပညာ၊ အဘိဓာန်အလှရှာပုံ တော်၊ လှံ စတဲ့ ယဉ်ကျေးမှုဆောင်ပါးတွေကိုလည်း ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဆရာတိုက်စိုးက `အဖြေစာ၊ အဖွင့်စာမည်သည် ကျောင်းစော်နံတတ်၏။ ပျင်းရိဖွယ်ရာဖြစ်တတ်၏။ မင်းသုဝဏ်၏စာမှာမူ ဖတ်လည်း ဖတ်ပျော်၊ ဖတ်ရင်းလည်း ဗဟုသုတအမှတ်မထင် ဝင်မည့်စာမျိုးပင်ဖြစ်မည်ဟု ထင်မိပါသတည်း` လို့ မှတ် ချက်ပေးထားပါတယ်။
စိတ်ကူးချိုချိုက တန်ဖိုး ၂၃၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူ – ရော်နီငြိမ်း
စာအုပ်အမည် – ဗွီအိုအေ တပ်မှူးတပ်သားပြောစကား
အမျိုးအစား – နိုင်ငံရေး
ဗီအိုအေရဲ့ တပ်မှူးတပ်သားပြောစကားအစီအစဉ်မှာ ဖြေကြားခဲ့တဲ့ တပ်မတော်အငြိမ်းစားအရာရှိကြီးများရဲ့ မြန်မာနိုင်ငံ အရေးဖြေကြားချက်တွေကို စုစည်းထုတ်ဝေလိုက်တာဖြစ်ပါတယ်။
ဒီစာအုပ်မှာ ခေါင်းဆောင်များအကြား အာဏာ လွန်ဆွဲ မှုတွေအကြောင်း၊ ဗိုလ်ချုပ်ကြီးစောမောင်ဖြုတ်ချခဲ့စဉ်က အဖြစ် အ ပျက်တွေ၊ နိုင်ငံရေးကြောင့် နှိပ်စက်ခံရသူများရဲ့ အဖြစ် အပျက်တွေ၊ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် မြန်မာနိုင်ငံရေးရာများ နဲ့ နိုင်ငံရေးနောက်ကွယ်က ဖြစ်ရပ်တွေ၊ လွတ်လပ်ရေး ရခါနီးအချိန်ကစတင်ခဲ့တဲ့ ရခိုင်ပြည်နယ်က ဘင်္ဂါလီအရေး စတာတွေ အပြင် အခြားမြန်မာ့နိုင်ငံရေး သုံးသပ်ချက်တွေကို လည်း ဖတ်ရှုရမှာပါ။
အဖြူရောင်စာပေက တန်ဖိုး ၃၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူ – မောင်ကိုကို (အမရပူရ)
စာအုပ်အမည် – ပေါက်ပေါက်မြောက်မြောက်
အမျိုးအစား – အတ္ထုပ္ပတ္တိ
ပေါက်ပေါက်မြောက်မြောက်စာအုပ်မှာ ပါတဲ့ လူ ပုဂ္ဂိုလ်တွေကို ပေါက်မြောက် အောင်မြင်တဲ့လူတွေလို့ ယုံကြည်ကြောင်း ဆရာ မောင်ကိုကို(အမရပူရ)က ဆိုပါတယ်။
ဒီစာအုပ်မှာ ဆရာမကြီးခင်ဆွေဦး၊ မောင်စွမ်းရည်၊ မြန်မာမှုဒီဇိုင်းသုတေသီ ဦးအေးမြင့်၊ အောင်ချိမ့်၊ ကိုနေဝင်း၊ ဒေါက်တာ အင်ဒရူးကောင်း၊ စန္ဒရားတင်ဝင်းလှိုင်၊ ကိုရဲလွင်၊ ဒါရိုက်တာကြည်စိုးထွန်း၊ လိုဂိုစာလုံး တင်ထွဏ်း၊ ဘေ့စ်ဂစ်တာသမား ဇာ လျန်း၊ ဒါရိုက်တာ ညီညီထွန်းလွင်၊ ဒေါက်တာ ကျော်မင်းထွန်း၊ ပန်းချီမျိုး သန့်အောင်၊ ကြူးနစ်၊ မန္တလေးသိန်းဇော်၊ ကို ရွေး၊ တူးတူး၊ ဒါရိုက်တာဝိုင်း၊ ကိုရွှေထူး (ပြည်)၊ မောင်မောင်ဖောင်တိန်၊ ဝေလ၊ ပန်းသာ ဦးသန်းညွန့်၊ ဓာတ်ပုံသတင်းထောက် အောင်ထွန်းဝင်း စတဲ့နယ်ပယ်အသီးသီးက ထင်ရှားသူတွေရဲ့ ရုပ်ပုံလွှာကို ဖတ်ရှုရမှာဖြစ်ပါတယ်။
The Key စာအုပ်တိုက်က တန်ဖိုး ၅၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူ – ကလောင်စုံ
စာအုပ်အမည် – အိမ် အက်ဆေးများ
အမျိုးအစား – အက်ဆေး
လူတိုင်းလူတိုင်းဟာ အိမ်ဆိုတဲ့အရာနဲ့ တနည်းမဟုတ် တနည်း ပတ်သက်နေကြရပါတယ်။ ဆရာတိုက်စိုးက အက်ဆေးဆို တာ ရင်ဖွင့်စာလို့ ဆိုခဲ့ဘူးပါတယ်။
ဒီစာအုပ်မှာ အိမ်နဲ့ပတ်သက်ပြီး ဆရာဦးတင်ဦး(ကျူရှင်)၊ သင့်နော်၊ နောင်ကျော်၊ မောင်ခိုင်လတ်၊ ကြူးနှစ်၊ မိချမ်းဝေ၊ နီ ဟိန်းမော်၊ ဆူးငှက်၊ ကိုလေးမြတ်၊ ဇော်တင်၊ ကြည်နိုင်၊ သွေး(စစ်ကိုင်း)၊ နိုင်စွမ်း၊ တူးတူးသာ၊ အေးငြိမ်းစံ၊ မှိုင်း(ဆေး-၂)၊ လင်းနိုင်ဦး၊ ခိုင်မျိုး၊ ပန်ဒိုရာ၊ လင်းစန်၊ နိုင်သစ်နီ၊ ရဲသျှမ်း၊ မောင်ကျော်သာ (ပဲခူး)၊ ရဲရင့်နိုင်(အင်းဝ)၊ Aမွန်၊ ဒီနိုဗို အပါအ ဝင် စာရေးဆရာ၊ ကဗျာဆရာ ၆၀ ကျော်တို့ရဲ့ ရင်ဖွင့်စာတွေကို ဖတ်ရှုရမှာပါ။ HOME & SERVICES ဂျာနယ်မှာ ဖော်ပြ ခဲ့တဲ့ အိမ်အက်ဆေးတွေကို စုစည်းထားတာဖြစ်ပါတယ်။
လင်းသစ်ရောင်စဉ်စာအုပ်တိုက်က တန်ဖိုး ၅၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။