Lifestyle

ရှင်သန်နေဆဲ ဦးခင်မောင်ရင်ရဲ့ပန်းချီပြပွဲ

Want create site? Find Free WordPress Themes and plugins.

မြန်မာ့မော်ဒန်ပန်းချီလောကကို ဦးဆောင်ခဲ့သူ ပန်းချီဆရာကြီး ဦးခင်မောင်ရင် ကွယ်လွန်ခဲ့တာ ၃ နှစ်ပြည့်ပြီ ဖြစ်ပေမယ့် သူ့ရဲ့ ပန်းချီလက်ရာတွေက ပန်းချီလောကမှာ ရှင်သန်နေဆဲပါ။ ဦးခင်မောင်ရင်ရဲ့ ဘ၀ ဖြတ်သန်းမှု၊ ဦးခင်မောင်ရင်ရဲ့ ဘဝအမြင်နဲ့ ဦးခင်မောင်ရင်ရဲ့ အနုပညာဖန်တီးမှု အတွေးစိတ်ကူးတွေက ပန်းချီလောကသားများနဲ့ တပည်တွေကြား ရှင်သန်နေတာ ဖြစ်ပါတယ်။မြန်မာ့မော်ဒန်ပန်းချီလောကကို ဦးဆောင်ခဲ့သူ ပန်းချီဆရာကြီး ဦးခင်မောင်ရင် ကွယ်လွန်ခဲ့တာ ၃ နှစ်ပြည့်ပြီ ဖြစ်ပေမယ့် သူ့ရဲ့ ပန်းချီလက်ရာတွေက ပန်းချီလောကမှာ ရှင်သန်နေဆဲပါ။ ဦးခင်မောင်ရင်ရဲ့ ဘ၀ ဖြတ်သန်းမှု၊ ဦးခင်မောင်ရင်ရဲ့ ဘဝအမြင်နဲ့ ဦးခင်မောင်ရင်ရဲ့ အနုပညာဖန်တီးမှု အတွေးစိတ်ကူးတွေက ပန်းချီလောကသားများနဲ့ တပည်တွေကြား ရှင်သန်နေတာ ဖြစ်ပါတယ်။

ဦးခင်မောင်ရင်ဟာ လွတ်လပ်စိတ်နဲ့ ဘဝမှာ နေထိုင် ဖြတ်သန်းသွားခဲ့သလို အနုပညာလက်ရာတွေ ဖန်တီးရေးဆွဲရာမှာလည်း နှောင်တည်းစိတ် မရှိဘဲ လွတ်လပ်ရိုးရှင်းစိတ်နဲ့ ဖန်တီးတယ်လို့ လေ့လာသိရှိရပါတယ်။ အဲဒီအပြင် သူဟာ ဗသုကာ ပညာရှင် တဦး ဖြစ်သလို ရုပ်ရှင်ဒါရိုက် တယောက်လည်း ဖြစ်ပါတယ်။

ဦးခင်မောင်ရင်နဲ့ ခေတ်ပြိုင် စွယ်စုံအနုပညာရှင် ဦးဝင်ဖေက “ခင်မောင်ရင်ဟာ မြန်မာပြည်မှာ ရှားရှားပါးပါး ပေါ်ပေါက်ခဲ့တဲ့ အနုပညာရှင်သည် စာရင်းမှာ ထိပ်တန်းမှာ ရှိနေသူပါ” လို့ ဆိုပါတယ်။ ဦးခင်မောင်ရင်ဟာ သူ့ရဲ့ ဘဝတလျှောက်မှာ အနုပညာ ဖန်တီးမှုမှာ လိုအင်ဆန္ဒနည်းနည်းနဲ့ ပန်းချီကား ထောင်ပေါင်းများစွာကို အလွတ်လပ်ဆုံး ရေးဆွဲခဲ့တယ် လို့လည်း သူက ပြောပါတယ်။

 

ဦးခင်မောင်ရင်၏ ပန်းချီကားတချို့

“အနုပညာဆိုတာ လွတ်လပ်စွာ မိမိဖန်တီးချင်တာကို ဖန်တီးခြင်း ပါပဲ။ မလွတ်လပ်ရင် ဘယ်လိုလုပ် အနုပညာဖြစ်မှာလဲ” လို့လည်း ဦးခင်မောင်ရင်က အနုပညာစံ ဆောင်းပါးမှာ ရေးသားထားပါတယ်။ ဦးခင်မောင်ရင် ဖန်တီးခဲ့တဲ့ ပန်းချီလက်ရာ ၆၀ ကို သူ့ရဲ့ ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အမှတ်တရ ပန်းချီပွဲ အဖြစ် Peace Gallery မှာ ဇွန် ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ၃ ရက်ကြာ ပြသသွားမယ်လို့ စီစဉ်သူ ကိုတင်မောင်လွင်က ပြောပါတယ်။

“ပန်းချီလောက နောက်မျိုးဆက်တွေ ဦးခင်မောင်ရင်ရဲ့ တန်ဖိုးကို သိအောင် ၃ နှစ်ပြည့် အမှတ်တရပေါ့။ ဒါတွေကို ရည်ရွယ်ပြီး လုပ်ဖြစ်တာပါ” လို့ ကိုတင်မောင်လွင်က ပြောပါတယ်။

ခင်မောင်ရင်၊ ဝင်းဖေ၊ ပေါ်ဦးသက် တို့ဟာ ၁၉၆၀ ကျော်ခုနှစ်တွေမှာ မြန်မာ့မော်ဒန်ပန်းချီကို အားပေးမှု နည်းပါးတဲ့ အပြင် ဖိနှိပ်မှုတွေ ရှိနေတဲ့ ကြားက ဖောက်ထွက် ဖန်တီးခဲ့သူ၊ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ခဲ့သူတွေ ဖြစ်ပါတယ်။

ဦးခင်မောင်ရင်နဲ့ ခေတ်ပြိုင်တဦး ဖြစ်တဲ့ စွယ်စုံအနုပညာရှင်ဦးဝင်းဖေက “သူ့တန်ဖိုးက ကျနော်တို့ တိုင်းပြည်အတွက် အမျိုးသားအဆင့်၊ နောက် နိုင်ငံတကာမှာ ဆိုရင်လည်း တစုံတရာသော အဆင့်ရှိတဲ့လူ။ သို့သော် ကံမကောင်းတဲ့ အခါကျတော့ အဲဒါတွေလည်း သူဆောင်ရွက် လှုပ်ရှားခွင့် မရခဲ့ဘူး။ အဲဒီအပေါ်မှာလည်း သူက ကြေကွဲနေတဲ့ လူလည်း မဟုတ်ဘူးဗျ။ သူဟာ တော်တော်စိတ်ချမ်းသာတဲ့လူ။ စိတ်ကို ချမ်းသာ အောင်ထားတတ်တယ်” လို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာတော့ သူ့လို စဉ်းစား တွေးခေါ်တတ်တဲ့ အာခီတက်ခ်က ရှားပါတယ်။ သူ့ရဲ့ အတွေးအခေါ်နဲ့ ပညာရပ်တွေကို အသုံးချဖို့ အချိန်မရလိုက်ဘူးဗျ။ အဲဒါကတော့ ပြည်တွင်းစစ်တို့၊ ပြည်တွင်းအာဏာလုပွဲတို့၊ နိုင်ငံရေး အာဏာလုပွဲတို့နဲ့ ရှုပ်ယှက်ခတ်ပြီးတော့ အဲဒီလိုနဲ့ ပြီးဆုံးသွားရတယ်။ နှမြောစရာကောင်းတယ်” လို့ စွယ်စုံအနုပညာရှင်ဦးဝင်ဖေက ဆက်ပြောပါတယ်။

 

ဦးခင်မောင်ရင်၏ ပန်းချီကားတချို့

ဦးခင်မောင်ရင်နဲ့ ရင်းနှီးတဲ့ စန္ဒားသိန်းမောင်က “စိတ်ထဲမှာတော့ဗျာ ။ ၃ နှစ် ဖြစ်သွားပေမယ့်လို့ ကိုခင်မောင်ရင်ဟာ အမြဲတမ်း ရှိနေတယ်လို့ ထင်နေတယ်” လို့ တမ်းတမ်းတတ ပြောပါတယ်။

အနုပညာ ချစ်မြတ်နိုးသူများရဲ့ ရင်ထဲမှာ ရှင်သန်နေဆဲ အနုပညာရှင်ကြီး တစ်ယောက်ဖြစ်တဲ့ ဦးခင်မောင်ရင်ရဲ့ လက်ရာစုံ ပန်းချီကား ၆၀ ကို တရက် ပန်းချီကား ၂၀ နှုန်းနဲ့ပြသသွားမှာ ဖြစ်ပြီး ညှိနှိုင်းဈေးနှုန်းနဲ့ ရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်။

ဦးခင်မောင်ရင်ကို ဖခင် အင်္ဂလိပ်ကပြား ဖရန့်ဆီဝဲလ်နှင့် မိခင် မြန်မာ ဒေါ်မြသီတို့က ၁၉၃၈ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ဦးခင်မောင်ရင်ရဲ့ အဖိုး ဂျွန်ဆီဝဲလ်ဟာ မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်စဉ်က အင်္ဂလိပ်စစ်နဲ့ ပါလာတဲ့ စစ်တပ် အရာရှိ တဦး ဖြစ်ပါတယ်။ ။

 

Did you find apk for android? You can find new Free Android Games and apps.
Loading