ကြက်သွန်နီဟာ ကျနော်တို့ မြန်မာတွေ အစားများတဲ့ အသီးအနှံတခုပါပဲ။ ဒါပေမယ့် မဖြစ်မနေတော့ မစားကြ ပါဘူး။ အထူးသဖြင့်တော့ ကျေးလက်မှာ ကြက်သွန်နီ ပိုသုံးတာ တွေ့ရပေမယ့် မြို့ပြမှာတော့ ဆိုင်မှာ ရောင်းချတဲ့အစားအ စာတွေမှာ ကြက်သွန်နီ အသုံးပြုပေမယ့် အိမ်တိုင်းမှာ ဟင်းချက်ပစ္စည်းအဖြစ် အသုံးမပြုတာ တွေ့ရပါတယ်။
တချို့က ခရမ်းချဉ်သီးတခုပဲ အသုံးပြုလာကြလို့ပါ။ ဘာပဲဖြစ်ဖြစ်၊ ကြက်သွန်နီ စားပေးပါ၊ သင့်ရဲ့ကျန်းမာရေးအတွက် ကောင်းကျိုးလေးတွေ ပြောပြပါမယ်။ မှတ်ထားပေးပါ၊ စားသုံးပေးပါ။
ကြက်သွန်နီမှာ ဗီတာမင် C ကောင်းစွာပါရှိပြီး သူက လူသားတွေရဲ့လှုံ့ဆောင်စနစ်ကို အားကောင်းစေတာ တွေ့ရပါတယ်။ တက်ကြွမှု၊ နိုးကြားမှုကို အားကောင်းစေတယ်လို့ သိရပါတယ်။
နောက်ပြီး ကြက်သွန်နီမှာ ခရိုမီယမ်ဓာတ်လည်း ပါရှိပါတယ်။ သူက သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ပါတယ်။ ဆီး ချို၊ သွေးချိုသမားတွေအတွက် သင့်တော်ကောင်းမွန်တယ်လို့ ဆိုပါတယ်။
ကြက်သွန်နီရဲ့ဓာတ်သဘောဟာ ကူးစက်ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်မှု အားကောင်းစေသလို အပူရှပ်ခြင်း၊ အ ပူ ငုပ်ခြင်းလို အနေအထိုင် မသင့်မှုကြောင့် ရုတ်တရက် ဖြစ်တတ်တဲ့ ရောဂါတွေကို ဖြစ်နိုင်ခြေ နည်းစေတယ်လို့ လေ့လာချက် တွေအရ သိရပါတယ်။
ကြက်သွန်နီကို ချက်စားတဲ့အကျင့် ရှိပါသလား။ ဖြစ်နိုင်ရင် အစိမ်းလိုက် စားပေးရင် ပိုကောင်းပါတယ်။ ကယ်လိုရီအပို တွေကို လောင်ကျွမ်းပျက်စီးစေမှု ရှိစေသလို အစိမ်းလိုက် စားပေးတဲ့ ကြက်သွန်နီဓာတ်ကြောင့် သင့်ရဲ့နှလုံးကို ပိုမို အား ကောင်းစေတယ်လို့ သိရပါတယ်။
အများအပြား စားသုံးပေးခြင်း မဟုတ်ရင်တောင်မှ ကြက်သွန်နီကို ပုံမှန် စားပေးပါ။ ကြွက်သားတွေမှာရှိတဲ့ တစ်ရှူးတွေတင် မဟုတ်ဘဲ တကိုယ်လုံးက တစ်ရှူးတွေကို အားကောင်းစေပါတယ်။ ရလဒ်ကတော့ ကင်ဆာရောဂါ ဖြစ်ပွားနိုင်မှုနှုန်းကို လျော့နည်းစေနိုင်တာပဲ ဖြစ်ပါတယ်။ ကာကွယ်ခြင်း သဘောတခုပါပဲ။
ပျားတုပ်ခံရပါသလား။ အဆိပ်လည်း ပါတယ်၊ နာကျင်နေစေတယ်၊ ပြီးတော့ ပျားရဲ့ဆူးဟာ အရေပြားမှာ စူးကျန်နေ တတ် ပါတယ်။ အချိန်ကြာ နာကျင်မှု ခံစားရစေပါတယ်။ ဖြစ်နိုင်ရင် ကြက်သွန်နီကို လှီးပြီး ပျားတုပ်ခံရတဲ့နေရာကို အုံ ပေးပါ။ အမြန်ဆုံး သက်သာစေပါလိမ့်မယ်။
ကြက်သွန်နီဟာ အစာအိမ်နဲ့ ပတ်သက်တဲ့ရောဂါ ဖြစ်နိုင်ခြေနဲ့ ကူးစက်ခံရနိုင်မှုနှုန်းကို အကောင်းဆုံး လျော့နည်းစေနိုင် ပါ တယ်။
ကြက်သွန်မိတ်လို့ ကျနော်တို့ ခေါ်တဲ့ ကြက်သွန်ဥကနေ မြေပေါ်ကို ထွက်နေတဲ့ အရွက်တွေမှာ ဗီတာမင်A ပြည့်ဝစွာ ပါရှိ ပါ တယ်။ အမြဲတမ်း စားသုံးပေးဖို့ မလိုအပ်ပေမယ့် ဗီတာမင် A ကောင်းကောင်း ရနိုင်တဲ့ အစာဖြစ်လို့ မကြာခဏ စား ပေးပါ။
ကမ္ဘာပေါ်မှာတော့ ကြက်သွန်နီ အမျိုးအစားပေါင်း ၁၁ မျိုး ရှိပြီး အနောက်နိုင်ငံတွေမှာ စိုက်ပျိုးတဲ့ အခွံဝါ ကြက်သွန်နီတွေ က ကျန်းမာရေးအတွက် အကောင်းဆုံးလို့ သိရပါတယ်။
Ref: www.care2.com