စာရေးသူ – ဇော်ဂျီစာရေးသူ – ဇော်ဂျီ
စာအုပ်အမည် – ဇော်ဂျီ ကဗျာပေါင်းချုပ်
အမျိုးအစား – ကဗျာ
ကဗျာစာဆို စာပေပညာရှင် ဆရာကြီးဇော်ဂျီရဲ့ ၁၉၄၂ ခုနှစ်ကနေ ၁၉၈၇ ခုနှစ်အတွင်း ရေးဖွဲ့ခဲ့တဲ့ ကဗျာတွေကို စုစည်း ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ဒီစာအုပ်မှာ ရှေ့ပြေးကဗျာစု၊ ပိတောက်ရွှေဝါကဗျာစု၊ ဗေဒါလမ်းကဗျာစု၊ ညီသစ်ဆင်းကဗျာစုများ၊ ရှေးခေတ်ပုဂံကဗျာစု နှင့်အခြားကဗျာများ စတဲ့ကဗျာစာအုပ်တွေမှာ ပါဝင်တဲ့ ကဗျာပေါင်း ၂၁၆ ပုဒ်ကို ဖတ်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ ပြည် ထောင်စုစိတ်ဓာတ်နှင့် ပတ်သက်၍ ဆရာကြီးက “များလှမြေပြန့်၊ တောင်အနှံ့တည့်၊ ဖွံ့ဖွံ့ဖြိုးဖြိုး၊ ဆိုးတူကောင်းဖက် လက် တွဲကြင်ချစ်၊ လုံ့လသစ်သော်၊ ခေတ်သစ် စိတ်သစ်၊ ပြည်ထောင်စုသစ်သည် ဖြစ်မည်နိမိတ် ဖတ်သည်သို့” လို့ ဖွဲ့ဆိုခဲ့ပါ တယ်။
စာပေလောကစာအုပ်တိုက်မှ မူလထုတ်ဝေစဉ်က အမှာစာနဲ့အတူ ဆရာကြီးဇော်ဂျီရဲ့ စာပေနဲ့ဘဝဖြတ်သန်းမှုမှတ်တမ်းကို လည်း ဖတ်ရှုရမှာဖြစ်ပါတယ်။
စိတ်ကူးချိုချိုစာပေက တန်ဖိုး ၄၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – မောင်ကိုကို (အမရပူရ)
စာအုပ်အမည် – အောင်ဆန်းစုကြည် ခံစားမှု
အမျိုးအစား – နိုင်ငံရေး
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၂ နှစ်မြောက်မွေးနေ့အတွက် ရည်ရွယ်ပြီး ပြုစုခဲ့တဲ့စာအုပ်ဖြစ် ပါတယ်။ Letters from Burma နဲ့ Freedom from Fear စာအုပ်တွေကို အဓိက အခြေခံပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ Profile ကို ရေးသားထားတာဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည် မွေးဖွားခဲ့တဲ့ ၁၉.၆.၁၉၄၅ ခုနှစ်ကနေ အကျယ်ချုပ်က လွတ်မြောက်တဲ့ ၁၃.၁၁.၂၀၁၀ ခုနှစ်အ ထိကို ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေးခရီးကြမ်းအတွေ့အကြုံတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။
“ကျွန်တော် ရဲ့ Profile ရေးဟန်ဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ Profile ကို ရေးဖွဲ့ကြည့်ခြင်းဖြစ်ပါတယ်။ တနည်းဆိုသော သူမ၏စိတ်ခံစားချက်နှင့် အတွေး အ ခေါ်ကို ချဉ်းကပ်ကြည့်ခြင်းလည်းဖြစ်ပါသည်” လို့ ဆရာမောင်ကိုကိုက ဆိုပါတယ်။
စာပေခရီးသွားများ စာအုပ်တိုက်က တန်ဖိုး ၂၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – မြင့်သန်း
စာအုပ်အမည် – နယ်ဘက်ကျေးဘက်မှ ဝတ္ထုများ
အမျိုးအစား – ဝတ္ထုတို
ဆရာမြင့်သန်းဟာ နိုင်ငံရပ်ခြားမှာ နေပေမယ့် ငယ်စဉ်က ဘုန်းတော်ကြီးကျောင်းတွေမှာ မွေ့လျော်ခဲ့သူဖြစ်လို့ မြန်မာ့ ဓလေ့၊ မြန်မာ့ယဉ်ကျေးမှုတွေကို ပိုင်နိုင်သူဖြစ်ပါတယ်။ ဆရာရဲ့နယ်ဘက်ကျေးဘက်မှဝတ္ထုများမှာ ဝတ္ထုတိုပေါင်း ၃၃ ပုဒ်ပါ ဝင်ပါတယ်။ ဆရာမြင့်သန်းဟာ နယ်ဘက်ကျေးဘက်တွေမှာ ရေခဲမမြင်ဖူးသူတွေ၊ မြင့်မိုရ်တောင်နဲ့စစ်ကိုင်းတောင်ရိုးကို သိပ်လှမ်းပုံ မရဘူးလို့ တွေးကြည့်နေသူတွေနဲ့ ဆုံခဲ့ဖူးပါတယ်။`နယ်ဘက်ကျေးဘက်ဝတ္ထုများဖြစ်သဖြင့် အလုံးစုံသော အမြင်တို့မှာ တောအမြင်၊ တောအတွေး ဖြစ်ရမည်ဟု မကန့် သတ်နိုင်ပါ။ အကြောင်းရင်းမှာ ကျွန်တော်က စကားလုံးများဖြင့် ရွာတည်ခြင်း၊ ကျောင်းဆောက်ခြင်းသာ ဖြစ်သောကြောင့် ဖြစ်၏။`လို့ ဆရာမြင့်သန်းကဆိုပါတယ်။
ဆရာမြဝင်း (ဒဿန)၊ ဆရာကိုတာတို့ရဲ့ အမှာစာတွေကိုလည်း ဖတ်ရှုရမှာဖြစ်ပါ တယ်။
နှစ်ကာလများစာပေက တန်ဖိုး ၄၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – နေဝင်းမြင့်
စာအုပ်အမည် – ပလ္လင်အငြိမ့်၊ ခုတင်အငြိမ့်၊ စင်အငြိမ့်
အမျိုးအစား – ယဉ်ကျေးမှု
ဆရာနေဝင်းမြင့်က မန္တလေးအငြိမ့် လူရွှင်တော်ကြီးတွေနဲ့အချိန်ယူတွေ့ဆုံပြီး ရေးသားခဲ့တဲ့စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဦးတိမ်ညို(အရှင်စန္ဒိမာ)၊ ဦးကျော်ကြား၊ ဦးကျောက်နီ၊ ဦးချစ်စရာ၊ ဦးသပြေဂျာအေး၊ ဦးတက်စံ၊ ဦးတက်တိုး(မန္တလေး)၊ ဦး ထင်ပေါ်၊ ဦးဒီပါ၊ ဦးပေါစံ (မြို့တော်)၊ ဦးပေါစိန်၊ ဦးမိတ်ဆက်၊ ဦးမြတ်သာ၊ ဦးရန်အောင်၊ ဦးသိန်းဆု (မြို့တော်)နဲ့ ဦးသာဓု စတဲ့ လူရွှင်တော်ကြီး ၁၆ ဦးတို့ရဲ့ အကြောင်းကို ဖတ်ရှုရမှာပါ။ဆရာနေဝင်းမြင့်က `တချို့က သည်စာအုပ်ရေးသားနေတုန်းမှာ လူရွှင်တော်ကြီးတွေရဲ့အကြောင်းဆိုတော့ ရယ်စရာ ကောင်း မှာပဲလို့ ပြောကြတယ်။ ကြိုတင်အစီရင်ခံချင်တာကတော့ ရယ်စရာ မကောင်းလှပါဘူး။ ကျွန်တော်က လူရွှင်တော်ကြီးတွေရဲ့ ဘဝခဲခြစ်ကြမ်းကြမ်း သရုပ်ဖော်ဝတ္ထုတွေနဲ့တောင် တူသေးတယ်လို့ အောက်မေ့မိပါတယ်`လို့ ဆိုပါတယ်။
ဆရာမကြီး လူထု ဒေါ်အမာ၊ ဆရာမောင်မြတ်မှိုင်း (လမင်းတရာ)တို့ရဲ့ အမှာစာတွေကိုလည်း ဖတ်ရှုရမှာပါ။
ဓူဝံစာပေက တန်ဖိုး ၃၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။