ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းပေါ်က Sule Square ပထမထပ်မှာ ဖွင့်လှစ်ထားတဲ့ “ရှမ်းရိုးရာ” စားသောက်ဆိုင်မှ သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိတဲ့ ရှမ်းအစားအစာများကို တစုတစည်းတည်းနဲ့ Set Menu ပုံစံ၊ ဟင်းလျာ မီနူး ၅ ခုကို မိတ်ဆက်လိုက်ပါပြီ။
အသစ် မိတ်ဆက်ခဲ့တဲ့ ရှမ်းရိုးရာ အစားအစာ မီနူးတွေကတော့ “ရှမ်းရိုးရာ Set A, B” ၊ “ရှမ်းခေါက်ဆွဲ Set” နဲ့ “Eastern Shan Set Menu”, “Northern Shan Set Menu” တို့ပဲ ဖြစ်ပါတယ်။
“ရှမ်းရိုးရာ Set A” မှာ ပါဝင်တဲ့ ရှမ်းအစားအစာတွေက ရှမ်းခေါက်ဆွဲ၊ တိုဖူးကြော်၊ တိုဖူးခြောက်ကြော် (သို့မဟုတ်) ကြက်သွန်ပေါင်းကြော်၊ မှိုဆီထမင်း၊ ကန်စွန်းရွက်ကြော်နဲ့ ရှမ်းအချိုပွဲတို့ဖြစ်ပြီး ဈေးနှုန်းက ၉၅၀၀ ကျပ်ပါ။
“ရှမ်းရိုးရာ Set B” မှာတော့ တိုဖူးခြောက်ကြော် (သို့မဟုတ်) ကြက်သွန်ပေါင်းကြော်၊ မုန်ညှင်းစော၊ တိုဖူးကြော်၊ ဝက်ပေါင်းကြာညို့(သို့) ငါးကိုက်လံကြော်၊ တောင်သူဟင်း၊ ခရမ်းသီးထောင်း၊ ထမင်းနဲ့ ရှမ်းအချိုပွဲတို့ ပါဝင်ပြီး ဈေးနှုန်းက ၁၁၀၀၀ ကျပ် ကျသင့်ပါတယ်။
“ရှမ်းခေါက်ဆွဲ Set” ကတော့ ရှမ်းခေါက်ဆွဲ၊ တိုဖူးကြော်၊ ထမင်းကြော်၊ တ့ိုဖူးခြောက်ကြော် (သို့မဟုတ်) ကြက်သွန်ပေါင်းကြော်၊ ကြွက်နားရွက်မှိုမျစ်ချဉ်ကြော် နဲ့ ရှမ်းအချိုပွဲတို့ ပါဝင်ပြီး ဈေးနှုန်းက ၈၅၀၀ ကျပ်ပါ။
“Eastern Shan Set Menu” မှာ တိုဖူးခြောက်ကြော် (သို့မဟုတ်) ကြက်သွန်ပေါင်းကြော်၊ ဂဏန်းပျော့ကြော်၊ ပုစွန်ပဲကော့၊ ၁၂ ပန်းနား အာလူးကြော်၊ ကြက်ပဲကြာဇံ အော်စွန်းသုပ်၊ ရှမ်းသီးရွက်စုံကြော်၊ မုန်ညှင်း၊ ထမင်း၊ ရှမ်းအချိုပွဲတို့ ပါဝင်ပြီး ကျပ် ၁ သောင်းခွဲ ကျသင့်ပါတယ်။
“Northern Shan Set Menu” မှာတော့ တိုဖူးခြောက်ကြော် (သို့မဟုတ်) ကြက်သွန်ပေါင်းကြော်၊ ကြက်ဥစပါယ်ရှယ်၊ ဝက်အသားပေါင်း၊ ပဲကော့၊ အာလူးကြာစွပ်၊ ငါးခူ မန်ကျည်းဆော့စ်၊ ဖက်တီးတော့၊ တိုဖူးသုပ်၊ ထမင်း၊ ရှမ်းအချိုပွဲတို့ ပါဝင်ကာ ဈေးနှုန်း ကျပ် ၁ သောင်းခွဲ ကျသင့်တယ်လို့ သိရပါတယ်။
ရှမ်းအစားအစာနှစ်သက်သူများ၊ ရှမ်းခေါက်ဆွဲ၊ ရှမ်းထမင်းဟင်း ကောင်းကောင်းစားချင်သူများ အတွက် ရှမ်းအစားအစာ စုံစုံလင်လင် ရောင်းချပေးနေတဲ့ “ရှမ်းရိုးရာ စားသောက်ဆိုင်” အသစ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
လိပ်စာ – “ရှမ်းရိုးရာ စားသောက်ဆိုင် – Sule Square”
အမှတ် (၂၂၁)၊ အခန်း (၂၁၅-၂၁၈)၊ Sule- Square Shopping Centre၊ ဆူးလေဘုရားလမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့။