Lifestyle

ခြင်ကိုက်ခံရလို့ ယားယံနေတာတွေ အလွယ်တကူ ပျောက်ကင်းဖို့

Want create site? Find Free WordPress Themes and plugins.

မိုးရာသီရောက်ရှိလာပြီ ဆိုတော့ လူတိုင်း အနည်းနဲ့ အများ ခြင်ကိုက်တာကို ခံစားလာရနိုင်ပါတယ်။ ခြင်ကိုက်ခံရတဲ့ အခါ အမြန်ဆုံး သက်သာစေမယ့် နည်းလမ်းလေးတွေကို ပြောပြချင်ပါတယ်။ ဒီနည်းတွေက အိမ်တိုင်းမှာ အလွယ်ရှိမယ့် ပစ္စည်း လေးတွေ သုံးထားတာကြောင့် လွယ်ကူ အဆင်ပြေမှာပါ။

(၁) ဓာတ်မတည့် ရောဂါပျောက်စေတဲ့ လိမ်းဆေးတွေ လိမ်းပေးနိုင်တယ်။ ။ ခြင်ကိုက်ခံရတာ နည်းနည်းပါးပါးဆိုရင် ပြဿနာ သိပ်မရှိပေမယ့် အကောင်ရေ အများအပြား စုကိုက်ခံရရင်တော့ သိပ်မကောင်းတော့ပါဘူး။ ဒီအတွက် ဓာတ်မတည့် ရောဂါ အတွက် သုံးတဲ့ ဘီနာဒရိုင်း (Benadryl) လိုဆေးမျိူး လိမ်းပေးပါ။ သူက ခြင်တကောင် နှစ်ကောင် နည်းနည်း အကိုက်ခံရတာကနေ ခြင်အများကြီး အကိုက်ခံရတဲ့ အနေအထားထိအောင် နာကျင်၊ ယားယံမှုကိုလည်း ကာကွယ် ပေးနိုင်သလို နောက်ထပ် ခြင် မကိုက်အောင်လည်း အနည်းငယ် ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။

(၂) ခြင်ကိုက်ခံရတဲ့ နေရာကို သွားတိုက်ဆေး လိမ်းပေးနိုင်တယ်။ ။ ဒီနည်းလမ်းကတော့ အလွယ်နည်းပါ။ အထက်မှာ ပြောတဲ့ ဓာတ်မတည့် ရောဂါ ပျောက်ဆေးကတော့ လိမ်းထားပြီး နာရီပိုင်း အချိန်ကျော်ကြာအောင် ယားယံမှုကို သက်သာစေ နိုင်ပေမယ့် အခု သွားတိုက်ဆေး လိမ်းပေးခြင်းက လိမ်းထားချိန်မှာပဲ ယားယံခြင်းကို ကာကွယ်ပေးနိုင်တာ ဖြစ်ပြီး သူ့ကို ဆေးကြော သန့်စင်လိုက်ရင်တော့ ခြင်ကိုက်လို့ ယားယံမှု ပြန်လည် ခံစားရပါလိမ့်မယ်။ သွားတိုက်ဆေး လိမ်းထားတာ ခြောက်သွားလဲ ရပါတယ်၊ မဆေးကြောသေးသရွေ့ သွားတိုက်ဆေး လိမ်းထားရင် ယားယံမှု သက်သာစေပါ လိမ့်မယ်။

(၃) ရှားစောင်းလက်ပတ်အရည်ကိုလည်း လိမ်ပေးနိုင်တယ်။ ။ ပြည်တွင်းမှာ အခု ရှားစောင်းလက်ပတ် အရည်ကို အလှအပအတွက် ပိုပြီး သုံးကြပါတယ်။ ဒါပေမယ့် ခြင်ကိုက်ခံရတဲ့ နေရာကို ရှားစောင်းလက်ပတ် အပင်က အရည် လိမ်းပေးရင် ယားယံခြင်းကို သက်သာစေနိုင်သလို ထူးခြားချက် အနေနဲ့ ကတော့ ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်တတ်တဲ့ အနာ၊ ဖု ထွက်ခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ အပင်ကနေ ထွက်တဲ့ အရည်ကိုလည်း အလွယ်ရရင် လိမ်းပေးနိုင်သလို ရှားစောင်းလက်ပတ် အဆီနဲ့ ဖန်တီး ပြုလုပ်ထားတဲ့ အလှဆီလို အဆီတွေကိုလည်း လိမ်းပေးနိုင် ပါတယ်။

(၄) ဆားရေလိမ်းပေးနိုင်တယ်။ ။ သင့် အနေနဲ့ ဘယ်နေရာရောက်ရောက် ဘေးနားမှာ အလွယ်ဆုံး ရှိမယ့် ဆားကို အရည် ဖျော်ပြီး လိမ်းပေးရင်လည်း ခြင်ကိုက်လို့ ဖြစ်လာတဲ့ ယားယံခြင်းကို သက်သာစေနိုင်ပါတယ်။ အရမ်း အပြစ် မဟုတ်ပဲ ဆားကို ရေနဲ့ သင့်အောင် ဖျော်ပြီး ခြင်ကိုက်ခံရတဲ့ နေရာကို လိမ်းပေးပါ။ အစဦးဆုံး လိမ်းခါစမှာ သင့် အနေနဲ့ အနည်းငယ် စပ်ချင်ပေမယ့် မကြာခင်မှာတော့ ယားယံခြင်းရော စပ်ခြင်းပါ ပျောက်သွားပြီး နေလို့ ကောင်းသွားပါလိမ့်မယ်။

Ref: www.lifehacker.com

Did you find apk for android? You can find new Free Android Games and apps.
Loading