Lifestyle

Wonder Woman သရုပ်ဆောင် မင်းသမီးရဲ့ ဘဝ တစိတ်တဒေသ

Want create site? Find Free WordPress Themes and plugins.

လတ်တလော ရန်ကုန်မြို့မှာ ရုံတင်ပြသနေတဲ့ Wonder Woman ရုပ်ရှင်ဇာတ်ကားထဲက သရုပ်ဆောင် မင်းသမီး ဂယ်ဂဒေါ့ (Gal Gadot)ကို သိကြလိမ့်မယ်ထင်ပါတယ်။

သူ့ရဲ့လှပတဲ့ ခန္တာကိုယ်၊အရပ်အမောင်းနဲ့ ရုပ်ရည်တို့ကြောင့် ယောကျာ်းလေး ပရိသတ်တွေ အသည်းစွဲ ကြိုက်နှစ်သက်နေကြတဲ့ ဂယ်ဂဒေါ့ ရဲ့ လက်ရှိဖြတ်သန်းနေထိုင်နေတဲ့ ဘဝအကြောင်း တချို့ကို ပြောပြချင်ပါတယ်။

သူမဟာ အစ္စရေးလူမျိုးဖြစ်ပြီး ၂၀၀၄ ခုနှစ် သူ့အသက် ၁၈ နှစ်အရွယ်မှာ အစ္စရေးအလှမယ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဂယ်ဂေဒေါ့ဟာ ယခုလက်ရှိမှာ မာယာနဲ့အယ်မာဆိုတဲ့ သမီးလေးနှစ်ယောက်ရဲ့ မိခင်တဦးလည်း ဖြစ်ပါတယ်။

သမီးအငယ်လေးကို မတ်လမှာမွေးဖွားခဲ့ပြီး သူမအနေနဲ့ သမီးနှစ်ယောက်ရှိတဲ့အတွက် အပျော်ရွှင်ဆုံးပါပဲလို့ ပြောဆိုခဲ့ဖူး ပါတယ်။

ဂယ်ဂဒေါ့ဟာ ၃ လ အရွယ်သမီးလေးနဲ့ အစောကြီးနိုးလာတဲ့ ၅ နှစ်အရွယ် သမီးလေးတို့ကြောင့် အိပ်ရေးပျက်နေကြောင်း၊ ခြံထဲမှာ လေကောင်းလေသန့်ရအောင် ထိုင်ပြီး ကော်ဖီသောက်ရကြောင်းနဲ့ သမီးအကြီးဖြစ်သူနဲ့ The Cat in The Hat ဇာတ်ကားကြည့်နေရကြောင်း သူ့ရဲ့ မိတ်ကပ်မလိမ်းထားတဲ့ အနီးကပ်မျက်နှာနဲ့တကွ အင်စတာဂရမ်မှာ ရေးသား ဖော်ပြခဲ့ပါတယ်။

သူရဲ့ မိတ်ကပ်မလိမ်းထားတဲ့ မျက်နှာကြောင့် အဆိုပါ ပုံဟာလည်း လူမှုကွန်ရက်စာမျက်နှာများမှာ အတော်လေး ပျံ့နှံ့လာခဲ့ပါတယ်။

သူမရဲ့အမျိုးသား ဒတ်(ချ်)လူမျိုး စီးပွားရေးသမားတဦးဖြစ်တဲ့ ဂျရွန်ဗာဆနို (Jaron Versano) နဲ့ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်မှာ လက်ထပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်ထိတိုင် Tel Aviv မြို့မှာ အဆင့်မြင်ဟိုတယ်တစ်လုံး ပိုင်ဆိုင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ဒေါ်လာ ၂၆ သန်းနဲ့ အဆိုပါဟိုတယ်ကို ပြန်ရောင်းခဲ့ကြပါတယ်။

သူမအသက်၂၀ အရွယ်မှာ အစ္စရေးကာကွယ်ရေးဦးစီးဌာနမှာ နှစ်နှစ်ကြာ စစ်မှုထမ်းခဲ့ပြီး အဲဒီလိုစစ်မှုထမ်းခဲ့တဲ့အတွက် Fast & Furious ဇာတ်ကားမှာ Gisele အဖြစ်သရုပ်ဆောင်တာ ပီပြင်ခဲ့တယ်လို့ ထင်ကြေးပေးခြင်းခံခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Batman vs Superman: Dawn of Justice ဇာတ်ကားမှာလည်း Wonder Woman အဖြစ် စတင်သရုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် ဂယ်ဂဒေါ့ဟာ Gucci မှ ဝါးနဲ့ထုတ်လုပ်ထားတဲ့ရေမွှေး (Bamboo perfume) ရဲ့ ပင်တိုင် မော်ဒယ်တယောက်လည်း ဖြစ်ပါတယ်။

Ref: eonline/Wikipedia

သုန္ဒြီ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading