စာရေးသူ – စပီကာ – နောင်
စာအုပ်အမည် – ကယ်ရီကေးချား ကဗျာ
အမျိုးအစား – အနုပညာ
ကာတွန်း စပီကာ-ကနောင်ရေးဆွဲတဲ့ နိုင်ငံရေး၊ စာပေ၊ ယဉ်ကျေးမှုအနုပညာ၊ လူမှုရေးနယ်ပယ်က ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ ရဲ့ကယ်ရီကေးချားရုပ်ပုံများနဲ့ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။
ဒီစာအုပ်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ မင်းသုဝဏ်၊ သမ္မတဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်၊ တင်မိုး၊ ဒဂုန် တာ ရာ၊ မောင်သာရ၊ အောင်သင်း၊ လူထုစိန်ဝင်း၊ ရွှေတလေး၊ ဦးဘဂျမ်း၊ ဦးဟိန်စွမ်း၊ မန်းဂျော်နီ၊ ဖြိုးမင်းသိန်း၊ မင်းကိုနိုင်၊ ကိုရဲ လွင်၊ သန်းမြင့်အောင်၊ မောင်စိမ်းနီ၊ ချစ်ဦးညို၊ နိုင်မြန်မာ၊ မြတ်ခိုင်၊ ဗေလုဝ၊ ပေါ်ဦးသက်၊ အော်ပီကျယ်၊ ဝင်းအောင်၊ စိုး သော်တာ၊ စမ်းစမ်းနွဲ့(သာယာဝတီ)၊ ဘီညို၊ ဖောင်းဖောင်း၊ မြင့်မိုးအောင်၊ စောဘွဲ့မှူး၊ ထူးအိမ်သင်၊ ဝသုန်၊ ဟံသာဝတီ ဦး ဝင်းတင်၊ ညီပုလေး၊ စောဝေ၊ တယောဦးတင်ရီ၊ မောင်ဝံသ၊ အောင်ဝေး၊ စောဖိုးခွား၊ ဇာဂနာ၊ မောင်အောင်ပွင့်၊ ဂျေမောင် မောင် စတဲ့ ပုဂ္ဂိုလ်တွေရဲ့ကယ်ရီကေးချား ရုပ်ပုံတွေပါဝင်ပါတယ်။ ကာတွန်းဝင်းအောင်ရဲ့အမှာစာနဲ့အတူ လူငယ်ကဗျာဆ ရာများရဲ့ခေတ်ပြိုင်ခံစားမှုကဗျာတွေကို ဖတ်ရှုရမှာပါ။
စိတ်ကူးချိုချိုစာပေက တန်ဖိုး ၅၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူ – ကျော်အောင်
စာအုပ်အမည် – လူ့သမိုင်း
အမျိုးအစား – သမိုင်း
လူ့သမိုင်းကို အကျဉ်းရုံးပြုစုတင်ပြနိုင်ဖို့ ကမ္ဘာ့လူ့သမိုင်းကျမ်းတွေ၊ ရှေးဟောင်း မြန်မာ့သမိုင်းသုတေသနပြုချက်တွေနဲ့ ညှိ နှိုင်းပြုစုထားတဲ့စာအုပ်ဖြစ်ပါတယ်။
ဒီစာအုပ်မှာ အခန်း ၁၀ ခန်းပါဝင်ပြီး လူတွေရဲ့တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ ချစ်ခင် လေးစားမြတ်နိုးဖွယ်ရှိမှု၊ လူတွေရဲ့ ရက် စက်ကြမ်းကြုတ် အကြင်နာမဲ့မှု၊ လျှို့ဝှက်ချက်၊ နက်နဲမှု၊ သိပ်သည်းမှု၊ ဉာဏ်များမှု တွေအပြင် လူတွေရဲ့ကိုးကွယ်မှု၊ နေ ထိုင်စားသောက်မှု၊ အာဏာ၊ စစ်များရဲ့အစ စတာတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ `လူ့အကြောင်းကို အကျယ်ချဲ့ရမည် ဆို လျှင်ကား ဆုံးနိုင်အံ့မထင်။ ဤအကျဉ်းရုံးပြဆိုသော လူ့သမိုင်းတွင် လူတို့၏ အောင် မြင်မှုအချို့ကို ဖော်ပြထားပါသည်။ ယင်း တို့ကို သိရှိကာ အားတက်စိတ်ဖြင့် ရှေ့သို့ချီတက် နိုင်ရန်ဖြစ်ပါသတည်း` လို့ ဆရာကျော်အောင်က ဆိုထားပါတယ်။
ရာပြည့်စာအုပ်တိုက်က တန်ဖိုး ၃၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးသူ – ဦးနု
စာအုပ်အမည် – နိုင်ငံရေးမိန့်ခွန်းများပေါင်းချုပ် အမှတ် ၁
အမျိုးအစား – နိုင်ငံရေး
ဒီမိုကရေစီခေတ် ပထမဆုံးနဲ့နောက်ဆုံးဝန်ကြီးချုပ်ဦးနု ၁၉၄၆ မှ ၁၉၆၁ ခုနှစ်အထိ ပြောကြားခဲ့တဲ့ နိုင်ငံရေးမိန့်ခွန်းတွေကို စုစည်းထားတာဖြစ်ပါတယ်။
မိန့်ခွန်းများအပြင် ထိုခေတ်သတင်းစာများမှာ ပါရှိတဲ့ ဦးနုနဲ့ သက်ဆိုင်တဲ့ သတင်းတွေ၊ အင် တာဗျူးတွေနဲ့ နောက်ဆက်တွဲ အဖြစ် ဖဆပလအလုပ်မှုဆောင်အဖွဲ့ကို တင်သွင်း တဲ့ စာတမ်းကိုလည်း ဖော်ပြထားပါတယ်။ ဒီစာအုပ်ရဲ့ ဦးနုပြောကြားခဲ့ သည့် နိုင်ငံရေးမိန့်ခွန်းများ ခေါင်းစဉ်အောက်မှာ နိုင်ငံရေးမိန့်ခွန်းပေါင်း ၅၁ ခု၊ ဦးနုနှင့်ပတ်သက်သည့် သတင်းများ ခေါင်း စဉ်အောက်မှာ ဦးနုနဲ့ပတ်သက်တဲ့သတင်း ၁၅ ပုဒ်၊ ဦးနုနှင့်တွေ့မေးများခေါင်းစဉ်အောက်မှာ အင်တာဗျူး ၁၃ ခုနဲ့ နောက် ဆက်တွဲအဖြစ် ဖဆပလ အလုပ်မှုဆောင်အဖွဲ့သို့ ဝေငှသောစာတမ်းတို့ကို လေ့လာဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
စိတ်ကူးချိုချိုက တန်ဖိုး ၁၀၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။
စာရေးသူ – မောင်အောင်ပွင့်နှင့် အခြား
စာအုပ်အမည် – မြန်မာပုံပြင်စာအုပ်
အမျိုးအစား – ကဗျာ
မြန်မာကဗျာနှင့် ကဗျာဆရာများကို အထူးစိတ်ဝင်စားတဲ့ နယ်သာလန်က Petr Lom နဲ့ Corine တို့ စီစဉ်ထားတဲ့ စာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ်မှာ မောင်အောင်ပွင့်၊ အောင်ချိမ့်၊ သုခမိန်လှိုင်၊ ပန်ဒိုရာ၊ ဇေယျာလင်း၊ ခင်အောင်အေး၊ မယ်ယွေး၊ မောင်ပြည့်မင်း၊ မိုးဝေး၊ မောင်ယုပိုင်၊ မြတ်၊ ဟံလင်း၊ ဆူးရင့်၊ ပိုင်၊ မွန်းသူအိမ်၊ ကျော်သူ၊ စန်းဇော်ထွေး စတဲ့ ခေတ်ပေါ်က ဗျာဆရာ ၁၇ ယောက်ရဲ့ကိုယ်ရေးအကျဉ်းနဲ့ သူ့တို့ရဲ့ကဗျာတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။
Pete Lom က `ယခုစာအုပ်ဟာ လူပေါင်းများစွာရဲ့ မေတ္တာနဲ့လုပ်အားပြုထားမှုတစ်ခုပါ။ မြန်မာပြည်မှာရှိတဲ့ အရေးအပါဆုံး ကဗျာဆရာတွေနဲ့ သူတို့ရဲ့ ကဗျာတွေကို မိတ်ဆက်ပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ကဗျာအကြံပေး မိတ်ဆွေခင်အောင်အေးကို ကျေး ဇူးကြီးစွာ တင်ရှိရပါတယ်` လို့ဆိုပါတယ်။
Zindoc မှ တန်ဖိုး ၂၅၀၀ ကျပ်နဲ့ထုတ်ဝေထားပါတယ်။