One Direction အဖွဲ့ရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ အဆိုတော် ဟယ်ရီစတိုင်လ်ဟာ ပထွေးဖြစ်သူ ရော်ဘင်တွစ် သေဆုံးပြီး တရက်အကြာမှာ သူရဲ့ချစ်သူ Food Blogger တဦးဖြစ်သူ တက်စ်ဝေါ့ဒ် နဲ့ လမ်းခွဲလိုက်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်းဟာ ၁ လသာ ရှိပါသေးတယ်။
အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ ဟယ်ရီနဲ့ သူ့ရဲ့ချစ်သူတို့ လမ်းခွဲလိုက်ကြောင်းကို The Sun သတင်းမီဒီယာ မှာ ဇွန်လ၂၁ ရက်နေ့က အတည်ပြုဖော်ပြခဲ့တာပါ။
သတင်းဖော်ပြချက်မှာ တက်စ်ဟာ သူမရဲ့ ရည်းစားဟောင်းဖြစ်သူကို မမေ့နိုင်တဲ့အတွက် ဟယ်ရီနဲ့ လမ်းခွဲခဲ့ကြောင်းနဲ့ အဲဒီအတွက် ဟယ်ရီကို တောင်းပန်ကြောင်းလည်း ဖော်ပြထားပါတယ်။
One Direction အဖွဲ့ဝင်တဦးဖြစ်တဲ့ ဟယ်ရီနဲ့လမ်းခွဲလိုက်ပြီးနောက် သူမရဲ့ ချစ်သူဟောင်းဆီက ယုံကြည်မှုမရသေးပေမယ့် နဂိုမူလဆက်ဆံရေး ပုံစံရှိနေကြောင်းလည်း ပြောကြားခဲ့ပါတယ်။
လမ်းခွဲမှုနဲ့ပတ်သက်ပြီး ဟယ်ရီဘက်က ပြောကြားခဲ့ခြင်းမရှိခဲ့ပါဘူး။ ဟယ်ရီဟာ သူရဲ့ပထွေးဖြစ်သူ သေဆုံးခဲ့မှုကြောင့် ဝမ်းနည်းပူဆွေးနေရတဲ့ ကာလတွင်းအတွင်းမှာ ယခုလို ချစ်သူနဲ့ လမ်းခွဲခဲ့ရတဲ့အတွက် သူ့ကိုချစ်တဲ့ပရိသတ်များက တက်စ်ဝေါ့ဒ်ကို ပြစ်တင်ဝေဖန်စာများ ပေးပို့ခဲ့ကြောင်းလည်း သတင်းများက ဖော်ပြထားပါတယ်။
ယခုဖြစ်ရပ်များကြောင့် ဟယ်ရီရဲ့ပရိသတ်တွေအတွက်တော့ တကယ့်ကို စိတ်မကောင်းဖြစ်မိကြမှာပါ။
Ref:hollylife
ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။